မမေ့မလျော့ဘဲ ကူညီပေးခဲ့သူကို ကျေးဇူးတင်ပါတယ်လို့ ပြောပါ


ပတ်ဝန်းကျင်မှာကျေးဇူးတင်ပါတယ်လို့ ကြားနေကျစကားတစ်ခွန်းရှိပါတယ်။ ဒါဟာကိုယ်ကို တစ်စုံ တစ်ယောက်ကအကူအညီတစ်ခုခုပေးလိုက်တာကြောင့်ပြန်ပြောတဲ့စကားဖြစ်ပါတယ်။အဲ့လိုပြန်ပြောခြင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုကို ပိုမိုသက်ရောက်စေပါတယ်။ဒီလို အကျိုးရှိစေတဲ့ စကားကို တစ်ချို့သူ တွေက ပြောဆိုဖို့ မေ့လျော့နေတတ်ကြပါတယ်။ ရင်းနှီးမှုအတိုင်းအတာ ပိုမိုရင်းနှီးလာလေ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို ပြောစရာမလိုတော့ဘူး သတ်မှတ်လာလေလို့တောင် ဆိုရမှာဖြစ်ပါတယ်။တကယ်တော့ ပိုရင်းနှီး လာလေ ကျေးဇူးတင်စကားကို ပိုပြောရမှာပဲ ဖြစ်ပါတယ်။ ကိုယ်က တစ်ယောက်ယောက် ကူညီလိုက်လို့ သူဆီ က ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့အခါမျိုးတွေမှာလည်း ကိုယ်အနေနဲ့ သဘောကျနှစ်သက်မှု ရှိတယ်ဆိုတာကို လက်ခံရမှာပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်စကား ပြောဆိုတဲ့အခါမျိုးတွေမှာ ကွာခြားမှုလေးတွေကိုဖော်ပြလိုက် ပါတယ်။ ...

တန်ဖိုးမြှင့်ချင်ရင် တိတ်တိတ်နေပါ


တစ်ခါက လူတစ်ယောက်ဟာ ကြက်တူရွေးတစ်ကောင် မွေးဖို့အတွက် အိမ်မွေးတိရိစာ°°န်ရောင်းတဲ့ ဆိုင်ကိုလာခဲ့ပါတယ်။ ကြက်တူရွေးတွေရောင်းတဲ့နေရာမှာ ကြက်တူရွေး သုံးကောင် ကိုတွေ့ပါတယ်။ သုံးကောင်စလုံးဟာ တစ်မျိုးစီ လှနေကြပြီး ဈေးနှုန်းတွေကလည်း မတူကြပါဘူး။ ...

ဘာတွေဖြစ်ခဲ့လဲ ၊ ဘာတွေလုပ်ဆောင်ရမလဲ ဆုံးဖြတ်ရမယ့် ဒီဇင်ဘာ


နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလကိုရောက်ရှိလာပြီဖြစ်တာကြောင့် အရေးကြီးတဲ့အချိန်ကိုရောက်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။နောက်ဆုံးလဖြစ်တာကြောင့်ပုံမှန်လအလိုက်လုပ်ဆောင်မှုတွေရယ်၊ နှစ်အလိုက်လုပ်ဆောင် မှုတွေရယ်ကို ပြန်လည်ဆန်းစစ်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ လူအများစုဟာ ပိတ်ရက်ရှည်တွေကိုအသုံး ပြုပြီး တစ်နှစ်တာ ပင်ပန်းခဲ့မှုတွေကို ခဏတာအနားယူတဲ့ပုံစံမျိုးနဲ့ ခရီးထွက်တာမျိုး၊ ပျော်ပွဲရွှင်ပွဲတွေ ဖန်တီး လုပ်ဆောင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ကတော့ ဒီအချိန်ဟာ အရေးကြီး ဆုံးအချိန်လို့ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သူရဲ့စွမ်းဆောင်မှုလုပ်ကိုင်နိုင်ရည်၊လုပ်ဆောင်နိုင်ခဲ့မှုတွေကို ပြန်လည် ဆန်းစစ်နေကာ လာမယ့်နှစ်မှာ ပိုမိုတိုးတက်မှုရှိအောင် ဘယ်လိုလုပ်ဆောင်မှုတွေလုပ်ဆောင်ရမလဲဆိုတာကို လေ့လာနေလေ့ရှိတာတွေ့ရပါတယ်။ ...

ပုံပြင်တွေက ပေးခဲ့သော ဘဝအတွက် အကျိုးရှိစေမယ့် သင်ခန်းစာများ


ပုံပြင်ဆိုတာ လူတိုင်းကြိုက်နှစ်သက်တဲ့အရာမျိုးပဲ ဖြစ်ပါတယ်။အသက်ငယ်တုန်းက ပုံပြင်ပေါင်း များစွာ ကိုနားထောင်လာခဲ့ရပေမဲ့ ပုံပြင်တွေရဲ့ဆိုလိုရင်းကိုတော့ တိတိကျကျသိရှိနိုင်ခဲ့သူ နည်းပါလိမ့်မယ်။ ပုံပြော ကောင်းသူပြောတဲ့ပုံပြင်တွေကိုတော့အလွယ်တကူပဲမှတ်မိနေမှာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ပုံပြင်လေး တွေကတော့ အသက်အရွယ်ရလာတဲ့အခါ ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ်ပြီး အမှန်အမှားကိုခွဲခြား သုံးသပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ...

မှန်ကန်တဲ့ ကြိုးစားမှုတွေနဲ့ ကိုယ့်အနာဂတ်ကို ပုံဖော်ကြမယ်


မှန်ကန်တဲ့ဘဝလမ်းကြောင်းပေါ်ကို လူတိုင်းလျှောက်လှမ်းချင်ကြပါတယ်။ ဒါပေမဲ့မှန်ကန်တဲ့ လမ်း ကြောင်းပေါ်ကို လူတိုင်းလျှောက်လှမ်းနိုင်ခြင်းမရှိပါဘူး။ မြက်ပင်ဆိုတာနဲ့ အစိမ်းရောင်ရှိတယ်ဆိုတာကို အများ စုလက်ခံလေ့ရှိတယ်ဆိုပေမဲ့ မြက်ပင်ခြောက်တွေရှိတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒါဟာ အမှတ် တမဲ့ ဆိုပေမဲ့ ကိုယ်မစဉ်းစားမိတဲ့အချက်တွေရှိတယ်ဆိုတာကို ထောက်ပြတာပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခုကို အလျင်အမြန်ချမှတ်တဲ့အခါ လတ်တလောအခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ရင်လွဲချော်မှုတွေရှိတယ် ဆိုတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ...

S – U – C – C – E – S - S (Success)


စာလုံးတစ်လုံးစီကို ပေါင်းစပ်ပြီး စကားလုံး တစ်ခုဖြစ်လာတယ်ဆိုပေမဲ့ စာလုံးတစ်လုံးစီမှာလည်း သူရည်ညွှန်းတဲ့ အကြောင်းအရာတစ်ခုတော့ရှိပါတယ်။ မြန်မာစာလုံး တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ထက် အင်္ဂလိပ် စာလုံးတွေမှာ ပိုမိုတွေ့ရတာများပါတယ်။ အမြဲတမ်းလိုလို ပြောလေ့ရှိနေပြီး လူတိုင်းလိုချင်တဲ့ အောင်မြင်မှု (Success)မှာ ပါဝင်တဲ့ စာလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို သိရှိအောင် ဖော်ပြလိုက်ပါတယ်။ (၁) S = see your goal ...

စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ဆောင်တော့မယ်ဆိုရင် …….


ဘယ်လောက်ကွာဝေးတဲ့ ခရီးပဲ ဖြစ်နေပါစေ၊ ပထမဆုံး စတင်ခြင်းနဲ့သွားရပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံအတိုင်း ဘယ်လိုအကြောင်းအရာ ကိစ္စမျိုးကိုပဲ လုပ်ကိုင်ပါစေ၊ စတင်လုပ် ဆောင်တဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ အလုပ်ရှင်ပဲ ဖြစ်ဖြစ်၊ ဝန်ထမ်းတစ်ဦးပဲ ဖြစ်ဖြစ် ကိုယ်ရဲ့အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်မှသာ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိနေမှာ ဖြစ်ပါတယ်။ ...

NewChallenges ရဲ့ ပထမဆုံး CSR အစီအစဉ်


Newchallenges.com.mm ရဲ့ ပထမဆုံး CSR အစီအစဉ် ...

ကိုယ်ရဲ့စိတ်ကူးတွေကို အထက်လူကြီးသဘောကျနှစ်ခြိုက်ပြီး လုပ်ဆောင်ပေးနိုင်အောင် ပြုလုပ်နိုင်သည့် အချက်များ


လုပ်ငန်းခွင်ထဲမှာ လုပ်ငန်းရှင်မဟုတ်တဲ့ အထက်လူကြီး အများစုဟာ ဦးဆောင်ကောင်းသူတွေဖြစ် တယ်ဆိုရင် သူလက်အောက်က ဝန်ထမ်းတွေရဲ့ စိတ်ကူးတွေကို ယူလေ့ရှိပြီး အကောင်းဆုံးကို ရွေးချယ်ကာ လုပ်ဆောင်လေ့ရှိကြပါတယ်။ဒါဟာ ဘာကြောင့်လဲဆိုရင် အတူတကွလုပ်ကိုင်ခြင်းဆိုတာကို ပြသတာဖြစ်ပြီး တစ်ခါတလေကိုယ်မမြင်လိုက်တဲ့ရှုထောင့်မျိုးကနေအခြားသူမြင်နိုင်တာတွေကိုလစ်ဟာမှုမရှိအောင် လုပ်ဆောင် ကြတာပဲ ဖြစ်ပါတယ်။ ...

လုပ်ငန်းခွင်အတွင်းမှာ မထင်မှတ်ဘဲ မှားပြီးလုပ်ဆောင်လေ့ရှိသည့် အမှားများ


ခဲတံရဲ့နောက်မှာ ခဲဖျက်ပါတယ်ဆိုတာကို ကြည့်ရုံနဲ့ အမှားဆိုတာ ပြုလုပ်မိလေ့ရှိတာကို သတိပြုမိ ကြမှာပဲ ဖြစ်ပါတယ်။ အမှားပြုလုပ်မိခဲ့ရင် အဆင်သင့် ပြင်ဆင်လို့ရအောင်လည်း တစ်ခါတည်း ထည့်သွင်းပေး ထားတာ ဖြစ်ပါတယ်။ လူတစ်ယောက်ဖြစ်လာပြီဆိုရင် အနည်းနဲ့အများတော့ အမှား လုပ်မိမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့မိတဲ့အမှားကို အချိန်မီ ပြန်ပြင်ဆင်နိုင်ဖို့ ကိုယ်တိုင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။အမှားမလုပ်ဖူးတဲ့သူ ဆိုတာ ဘယ်အရာကိုမှ မလုပ်ဖူးဘူးဆိုတာကို သက်သေပြနေတဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။ ...

အသိပညာ ဆိုတာ စွမ်းရည်ခွန်အား


အသိပညာ ဆိုတာ စွမ်းရည်ခွန်အားဆိုပြီး ပြောလေ့ရှိကြပါတယ်။ ပြောင်းလဲတိုးတက်နေတဲ့ခေတ်မှာ အသိပညာရှင်တွေဟာ သိပ္ပံနဲ့နည်းပညာတွေကို ပေါင်းစပ်ပြီး လူသားတွေအကျိုးရှိစေမယ့် အရာတွေကို လုပ်ဆောင်နိုင် လာပြီပဲ ဖြစ်ပါတယ်။ အသိပညာရှိတဲ့လူတွေအတွက် အကောင်းဆုံးပေးတဲ့ ဥပမာကတော့ အခြားသတ္တဝါတွေ နဲ့ ယှဉ်ပြီး ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။ ...

ဆင်းရဲသူတစ်ယောက်မှသည် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင်ခဲ့သူ တစ်ဦး (သို့) အန်ဒရူး ကာနီဂျီ


လူတိုင်းဟာ ပြည့်စုံ ချမ်းသာကြွယ်ဝ ချင်ကြပါတယ်။ ချမ်းသာတဲ့ သူ တွေကို ကြည့်ပြီး ကိုယ်လည်း သူတို့ လိုဆိုရင် ဆိုတဲ့ အတွေးမျိုး တွေးမိ တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကံတရားရဲ့ စောင့်ရှောက်မှု မတူညီတာကြောင့် သူဖြစ်သလိုမျိုး ကိုယ်ဖြစ်ဖို့ဆိုတာ မသေချာပါဘူး။ ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝလို့ ပြည့်စုံတဲ့သူတွေထက်စာရင် ကိုယ့်အားကိုယ်ကိုး ပြီး အောင်မြင်မှု ရရှိလာတဲ့သူတွေကသာ အောင်မြင်ခြင်းရဲ့ အနှစ်သာရကို တကယ်ရရှိခံစားတတ်ကြတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ် က ဆင်းရဲစွာ မွေးဖွားလာတာဟာ သင် အပြစ်မဟုတ်ပါဘူး ၊ သေဆုံးသွားတဲ့အချိန်ထိ ဆင်းရဲ နေသေးတယ် ဆိုရင်တော့ သင့် အပြစ်ဖြစ်သွားပါပြီ လို့ ပြောခဲ့ဖူးပါတယ်။ ...

အောင်မြင်မှုရရှိတဲ့သူတွေ လုပ်ဆောင်လေ့ရှိတဲ့အချက်များ


ဘဝမှာ အောင်မြင်မှုကို လူတိုင်းလိုချင်ကြပါတယ်။အောင်မြင်တဲ့အချိန်မှာ ရရှိတဲ့ ခံစားမှုဟာ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေတိုးပွားစေပြီး ရှေ့ဆက်ရမဲ့လမ်းမှာ အားအင်တွေ ဖြစ်စေတာကြောင့် လူတိုင်းဟာ အောင်မြင်မှုရအောင် ကြိုးစားကြပါတယ်။ အောင်မြင်မှု ဆိုတာ တစ်ခဏလေး ကြိုးစားမှုနဲ့ ရတဲ့အရာ မဟုတ်ပါဘူး။ အရိုးရှင်းဆုံး မြန်မာစကားပုံတစ်ခုနဲ့ နှိုင်းယှဉ်ပြရရင် ခုရေတွင်းတူး ခုရေကြည်သောက် လို့ မရပါဘူး။ အချိန်ကာလ တစ်ခု၊ အတိုင်းအတာ တစ်ခုအထိ ကြိုးစားပြီးမှ အောင်မြင်ခြင်းဆိုတာကို ရရှိတာပဲ ဖြစ်ပါတယ်။ ...

ဦးဆောင်ကောင်းသူ တစ်ယောက် လုပ်လေ့ရှိသည့် ဝန်ထမ်းတွေအပေါ် အပြုအမူများ


လုပ်ငန်းခွင်တစ်ခုမှာ ဦးဆောင်နိုင်တဲ့သူတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ လုပ်ငန်းအောင်မြင်ဖို့ အတွက် အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဦးဆောင်နိုင်သူ ဆိုတာဟာ လုပ်ငန်းကို တည်ထောင်သူ ဖြစ်နိုင်ပေမဲ့ တစ်ခါတလေမှာတော့ လုပ်ငန်းတိုးတက်ဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်သူလည်း ဖြစ်တတ်ပါ တယ်။လုပ်ငန်းခွင်ထဲမှာ ရှိတဲ့သူ အားလုံးဟာ အမျိုးမျိုးသော ကြိုးစားမှုတွေနဲ့ လုပ်ငန်းတိုးတက်ဖို့ ကြိုးစားနေ ကြတာဖြစ်ပေမဲ့ စွမ်းဆောင်ရည် ပိုကောင်းတဲ့သူက အများထက် ပိုမို ထင်ပေါ်တာကိုလည်း တွေ့ရပါတယ်။ ...
×
ALL RIGHTS RESERVED Š 2024 New Challenges
FOLLOW US ON