published at :

            ဘယ်လောက်ကွာဝေးတဲ့ ခရီးပဲ ဖြစ်နေပါစေ၊ ပထမဆုံး စတင်ခြင်းနဲ့သွားရပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံအတိုင်း ဘယ်လိုအကြောင်းအရာ ကိစ္စမျိုးကိုပဲ လုပ်ကိုင်ပါစေ၊ စတင်လုပ် ဆောင်တဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ အလုပ်ရှင်ပဲ ဖြစ်ဖြစ်၊ ဝန်ထမ်းတစ်ဦးပဲ ဖြစ်ဖြစ် ကိုယ်ရဲ့အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်မှသာ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိနေမှာ ဖြစ်ပါတယ်။

            လုပ်ငန်းတစ်ခုကိုစတင်လုပ်ဆောင်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ မိမိလုပ်ကိုင်မယ့် လုပ်ငန်း အတွက် အမည်ပေးရပါတယ်။အဲ့လိုပေးရမှာလည်း မိမိလုပ်ငန်းနဲ့ ဆက်စပ်မှုရှိတဲ့ အမည်ဖြစ်ဖို့ လိုအပ်ပြီး ကြားရတဲ့သူ အဆင်ပြေ မှတ်မိနေစေဖို့လည်းလိုအပ်ပါတယ်။ ကိုယ်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှု ကို မသိသေးခင်အချိန်မှာတောင် ကိုယ်လုပ်ငန်းရဲ့အမည် ကြားတာနဲ့ စိတ်ဝင်စားမှုရှိနိုင်ဖို့ လိုအပ်ပါတယ်။

            လုပ်ငန်းတစ်ခုတည်ထောင်ပြီဆိုရင် အမည်က အရေးကြီးသလို ကိုယ်ရဲ့ အမှတ်တံဆိပ်ကလည်း အရေးပါ,ပါတယ်။ ကိုယ်ရဲ့ အမှတ်တံဆိပ်မှာ ကိုယ်လုပ်ငန်းရဲ့ အကြောင်းကို ပေါ်လွင်အောင်ရေးဆွဲနိုင်မယ် ဆိုရင် အကောင်းဆုံးဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ကိုယ်ရဲ့လုပ်ငန်းက တစ်ခု၊ ကိုယ်ပိုင်အမှတ်တံဆိပ်က တစ်ခု ဖြစ်နေရင်တော့ ကိုယ်ရဲ့လုပ်ငန်းကို အခြားသူတွေ စိတ်ဝင်စားမှု နည်းပါနိုင်ပါတယ်။

            နောက်တစ်ခုကတော့ ကိုယ်ပေးလိုက်တဲ့အမည်က အခြားသူ ၊အခြားလုပ်ငန်းတွေ (လက်ရှိလုပ်နေပြီး အောင်မြင်နေတဲ့လုပ်ငန်း) နဲ့ တူညီနေသလားဆိုတာကို သိရှိရပါမယ်။ အခြား အသုံးပြုထားတဲ့သူ၊လုပ်ငန်း မရှိ ဘူးဆိုရင်တော့ ကိုယ်ရဲ့အမည်ကို မှတ်ပုံတင်ပြုလုပ်ထားခြင်းမျိုးတွေလုပ်ဖို့ လိုအပ်ပါတယ်။ဘာကြောင့် လုပ်ရတာလဲဆိုရင် ကိုယ်ရဲ့လုပ်ငန်း အောင်မြင်လာတဲ့အခါမျိုးကျမှ အခြားသူတစ်ယောက်က ဒီအမည်၊ ဒီအမှတ်တံဆိပ်ဟာ သူတို့အရင်တည်ထောင်ထားတာပါဆိုပြီး မလိုအပ်တဲ့ ပြောဆိုမှုတွေ မခံရအောင် ကြိုတင် လုပ်ဆောင်ထားခြင်းပဲ ဖြစ်ပါတယ်။ 

            ကိုယ်လုပ်ငန်းရဲ့အမည်က ကိုယ်လုပ်ဆောင်မယ့်အမျိုးအစားနဲ့ တိုက်ရိုက်သက်ဆိုင်နေဖို့ လိုအပ်သလို ခေါ်ဆိုရတာ အဆင်ပြေဖို့လည်းလိုအပ်ပါတယ်။ စာလုံးရေ အများကြီးပေးတာထက်စာရင် နှစ်လုံး ၊ အများဆုံး ၃လုံးလောက် ပေးရင် ခေါ်ရတာအဆင်ပြေသလို အခြားသူလည်း ပိုမိုမှတ်မိစေပါတယ်။ နောက်တစ်ခုကတော့ အမည်ပေးတဲ့အခါ ကိုယ်ရဲ့ အမည်ကိုပါ ထည့်သွင်းပြီး ပေးတာမျိုးတွေရှိပေမဲ့ အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါ မယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ ကိုယ်လုပ်ငန်းအကြောင်းထက် ကိုယ်အကြောင်း၊ ကိုယ်ပိုင်ဆိုင်မှု အကြောင်းကို ပိုမိုဖော်ပြနေသလို ဖြစ်နေပါတယ်။ ကိုယ်လုပ်ငန်းအောင်မြင်လာတဲ့အခါ လုပ်ငန်းတိုးချဲဖို့ပဲ ဖြစ်ဖြစ်၊ လက်တွဲလုပ်ဆောင်ဖို့ အကျိုးတူစီးပွားလုပ်လို့တဲ့သူကို ခေါ်ယူတဲ့အခါမျိုးတွေမှာ ခက်ခဲမှု ရှိလာမှာ ဖြစ်ပါတယ်။

        အောင်မြင်မှုရဖို့ လုပ်ဆောင်ရတာ ခက်ခဲတယ်ဆိုပေမဲ့ အောင်မြင်မှုရလာတဲ့အခါဆက်လက်ထိန်းသိမ်း နိုင်ဖို့ ပိုမိုခက်ခဲတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။


နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON