published at :

        ဘဝမှာ အောင်မြင်မှုကို လူတိုင်းလိုချင်ကြပါတယ်။အောင်မြင်တဲ့အချိန်မှာ ရရှိတဲ့ ခံစားမှုဟာ ကိုယ်ကိုယ်ကို ယုံကြည်မှုတွေတိုးပွားစေပြီး ရှေ့ဆက်ရမဲ့လမ်းမှာ အားအင်တွေ ဖြစ်စေတာကြောင့် လူတိုင်းဟာ အောင်မြင်မှုရအောင် ကြိုးစားကြပါတယ်။ အောင်မြင်မှု ဆိုတာ တစ်ခဏလေး ကြိုးစားမှုနဲ့ ရတဲ့အရာ မဟုတ်ပါဘူး။ အရိုးရှင်းဆုံး မြန်မာစကားပုံတစ်ခုနဲ့ နှိုင်းယှဉ်ပြရရင် ခုရေတွင်းတူး ခုရေကြည်သောက် လို့ မရပါဘူး။ အချိန်ကာလ တစ်ခု၊ အတိုင်းအတာ တစ်ခုအထိ ကြိုးစားပြီးမှ အောင်မြင်ခြင်းဆိုတာကို ရရှိတာပဲ ဖြစ်ပါတယ်။

        လူတိုင်းအောင်မြင်မှုကိုလိုချင်ကြပေမဲ့ တစ်ချို့သောသူတွေကသာ အောင်မြင်မှုကို ရရှိကြပြီး တစ်ချို့ကျ အောင်မြင်မှုရဖို့ အတွက် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ အောင်မြင်မှု မရသေးတဲ့သူတွေအတွက် အောင်မြင်တဲ့သူတွေ ဘယ်လိုအချက်တွေကို လုပ်ဆောင်လေ့ရှိတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။ 

        (၁)    မအောင်မြင်တဲ့သူအများစုဟာ ကိုယ်ပိုင် အားလပ်ချိန်တွေမှာ ရုပ်သံကြည့်ရှုမှုတွေကို အသုံးပြုပြီး အချိန်တွေကို ကုန်ဆုံးလေ့ရှိပေမဲ့ အောင်မြင်တဲ့သူအများစုကတော့ အားလပ်ချိန်တွေမှာ အကျိုးရှိစေမယ့် စာအုပ်တွေကို ဖတ်ပြီး လေ့လာမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

        (၂)    မအောင်မြင်တဲ့သူတွေ အခြားသူတစ်ယောက် ပြစ်တင်ဝေဖန်နေတဲ့အချိန်မှာ အောင်မြင်တဲ့သူကတော့ အခြားသူတစ်ယောက်ကို ချီးကျူးမှု ပြုလုပ်ပြီး ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက် ၊တစ်ချိန်မှာ ကိုယ်ရဲ့ အကျိုးစီးပွားအတွက် အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်အောင် လုပ်ဆောင်လေ့ရှိပါတယ်။

        (၃)    အောင်မြင်တဲ့သူတွေဟာ ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ဖို့ အတွက် ယုံကြည်မှုရှိတတ်ပြီး မအောင်မြင်တဲ့ သူတွေကတော့ အပြောင်းအလဲတစ်ခု ဖြစ်သွားမှာကို ကြောက်ရွံလေ့ရှိကြပါတယ်။

        (၄)    မအောင်မြင်တဲ့သူအများစုဟာ သူတစ်ပါးကို မကျေမနပ် ၊မလိုမုန်းတီးနေပေမဲ့ အောင်မြင်တဲ့သူတွေ ကတော့ ခွင့်လွှတ်ပေးခြင်းနဲ့ အနိုင်ယူတတ်ကြလေ့ ရှိပါတယ်။

        (၅)    မအောင်မြင်တဲ့သူအများစုဟာ အရာအားလုံးကို သူတို့သိရှိတယ်လို့ ခံယူထားပေမဲ့ အောင်မြင်တဲ့သူ တွေကတော့ သင်ယူစရာရှိတဲ့အချက်တွေကို အမြဲတမ်း တိတ်တဆိတ် လေ့လာသင်ယူနေဆဲ ဖြစ်ပါတယ်။

        (၆)    ကျဆုံးမှုနဲ့ ရင်ဆိုင်ရခဲ့ရင်တောင် အောင်မြင်တဲ့သူအများစုဟာ ကိုယ်ရဲ့ကျဆုံးမှုအတွက် လက်ခံလေ့ရှိ ပေမဲ့ မအောင်မြင်တဲ့သူအများစုကတော့ သူတစ်ပါးကို အပြစ်တင်လေ့ရှိပါတယ်။

        (၇)    အောင်မြင်တဲ့သူတွေရဲ့ အတွေးမှာ သူတစ်ပါးကို ကျေးဇူးတင်ဖို့ အမြဲရှိနေတတ်ပေမဲ့ မအောင်မြင်တဲ့သူ တွေကတော့ အခြားသူတွေဆီက ဘာများရရှိမလဲဆိုတာကို မျှော်လင့်လေ့ရှိကြပါတယ်။

        (၈)    အောင်မြင်တဲ့သူအများစုဟာ ကိုယ်ရဲ့ ဘဝတိုးတက်ဖို့အတွက် တိကျတဲ့ရည်မှန်းချက်ထားရှိပြီး ကြိုးစား ကြပေမဲ့ မအောင်မြင်တဲ့သူအများစုကတော့ ရှေ့ရေးအတွက် အစီအစဉ်ရေးဆွဲထားခြင်းမရှိဘဲ လတ်တလော အဆင်ပြေစွာ ဖြတ်သန်းနိုင်ဖို့ အတွက်ပဲ ဆောင်ရွက်လေ့ရှိကြပါတယ်။


နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON