published at :

မှန်ကန်တဲ့ဘဝလမ်းကြောင်းပေါ်ကို လူတိုင်းလျှောက်လှမ်းချင်ကြပါတယ်။ ဒါပေမဲ့မှန်ကန်တဲ့ လမ်း ကြောင်းပေါ်ကို လူတိုင်းလျှောက်လှမ်းနိုင်ခြင်းမရှိပါဘူး။ မြက်ပင်ဆိုတာနဲ့ အစိမ်းရောင်ရှိတယ်ဆိုတာကို အများ စုလက်ခံလေ့ရှိတယ်ဆိုပေမဲ့ မြက်ပင်ခြောက်တွေရှိတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ဒါဟာ အမှတ် တမဲ့ ဆိုပေမဲ့ ကိုယ်မစဉ်းစားမိတဲ့အချက်တွေရှိတယ်ဆိုတာကို ထောက်ပြတာပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခုကို အလျင်အမြန်ချမှတ်တဲ့အခါ လတ်တလောအခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ရင်လွဲချော်မှုတွေရှိတယ် ဆိုတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်တဲ့အခါ အခက်အခဲအနည်းအများတော့ ရှိကြပါတယ်။ အချိန်နဲ့ လိုအပ်တဲ့ စွမ်းရည် ပြည့်ဝတဲ့အခါကျမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် ချမှတ်ရ တော့မယ်ဆိုရင် ကိုယ်ကိုယ်ကို ပြန်မေးနိုင်မယ့် မေးခွန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ယနေ့ဈေးကွက်အနေအထားအရ ကိုယ်ဟာ ပြောင်းလဲမှုပြုရမယ့်အရာအတွက် အဆင်သင့်ဖြစ်နေပြီ လားဆိုတာကို သိရပါမယ်။ဥပမာအနေနဲ့ ကုန်ပစ္စည်းသစ်တစ်ခု ထုတ်လုပ်ရောင်းချတော့မယ်ဆိုရင် ဈေးကွက်ထဲမှာ လိုအပ်မှုရှိရဲ့လား။ ကိုယ်ရဲ့ ထုတ်ကုန်ရဲ့ အားသာချက်က ဘာတွေရှိမလဲ။ အားနည်း ချက်က ဘာတွေလဲ ဆိုတာကို သိထားရမှာဖြစ်ပြီး ဝယ်ယူမယ့်သူတွေကရော ကြိုက်နှစ်သက်မှုရှိပါ့ မလားဆိုတာကို ကြိုတင်လေ့လာထားရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို အားလုံး ပြည့်စုံနေမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

(၂) လုပ်ငန်းခွင် ပြင်ပမှာ အလုပ်အကြောင်းကို အရေးကြီးတဲ့အချိန်မဟုတ်ရင် တွေးတောမိတဲ့ ဝန်ထမ်း အရေအတွက် နည်းပါးပါလိမ့်မယ်။ ဒါကလည်း အမှန်တရားတစ်ခုဖြစ်ပြီး ကိုယ်ပိုင်လူနေမှုဘဝ ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုးတက်မှု ကြီးမားစွာပြုလုပ်သူတွေကတော့ အလုပ်အကြောင်းကို သူတို့ရတဲ့အချိန်လေး တွေမှာ စဉ်းစားပြီး ပိုမိုကောင်းမွန်တဲ့ အကြောင်းအရာတွေကို ရှာဖွေလေ့ရှိတာ တွေ့ရပါတယ်။ အလုပ်ချိန်မှာပဲ အလုပ်အကြောင်းကိုစဉ်းစားလုပ်ကိုင်မယ်ဆိုရင် ကိုယ်ဟာလက်အောက်ငယ်သားဝန်ထမ်းဘဝကနေ ဘယ် တော့မှ လွတ်မြောက်တော့မှာ မဟုတ်ဘူးဆိုတာကို သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။

(၃) လက်ရှိအနေအထားကို ပြီးခဲ့တဲ့ ၁၀ နှစ် သို့မဟုတ် အနာဂတ် ၁၀ နှစ်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ အများစုက တော့ ပြီးခဲ့တဲ့ ၁၀ နှစ်ကထက် ပိုမိုကောင်းမွန်တဲ့ အနေအထားကို ပိုင်ဆိုင်ထားကြပါလိမ့်မယ်။ ဒါဟာ ကိုယ်ရဲ့ ကြိုးစားမှုကြောင့်ဆိုတာကို လက်ခံထားရမှာဖြစ်ပြီး နောက် ၁၀ နှစ်မှာရော လက်ရှိအခြေအနေထက် သာလွန် မလားဆိုတာကိုတော့ စဉ်းစားရပါမယ်။ အကောင်းဆုံးသောအရာတွေကို ပိုင်ဆိုင်ချင်တာ လူသဘာဝ ဆိုပေမဲ့ အကောင်းဆုံးသော အရာတွေကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်ရဲ့ ကြိုးစားမှုက အဓိကကျတယ်ဆိုတာကိုတော့ မေ့ထား လို့မရဘူးပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON