published at :

            ဘဝမှာ လုပ်ချင်တဲ့အရာတွေအများကြီးရှိပေမဲ့ လုပ်သင့်တာကိုဦးစားပေးမှသာအဆင်ပြေချောမွေ့တဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ လက် ရှိအောင်မြင်မှုရနေတဲ့သူတွေကလည်း သူရဲ့ကြိုးစားခဲ့ရမှု၊လုပ် ဆောင်ခဲ့ရမှု၊ ဖြတ်သန်းခဲ့ရမှုတွေကို လမ်းညွှန်ပြောပြပေးနေတာကြောင့် အောင်မြင် ချင်တဲ့သူတွေအနေနဲ့ ကိုယ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ကို နမူနာထားပြီး ကြိုးစားလို့ရပါတယ်။ တစ်ဦးတစ်ယောက်ကို နမူနာထားပြီး ကြိုးစားတဲ့အခါ သူနဲ့ပုံစံတူ ကူးချတာမျိုးမဟုတ်ဘဲ မတူကွဲပြားတဲ့နည်းလမ်းတွေနဲ့ ကိုယ်ပိုင်ကြိုးစားပြီး အောင် မြင်မှုရနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်မှုရရှိလိုတဲ့သူတွေ အများစု လုပ်ဆောင်လေ့ရှိတာ တွေကတော့

(၁) လူတွေနဲ့ စကားများများပြောပါတယ်။တစ်နေ့မှာ အနည်းဆုံး ၁၀ယောက်ကို စကားပြောကြည့်ပါ။ အနီး အနားမှာရှိတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ နေ့စဉ်စကားပြောပေးပါ။အလုပ်အကြောင်း မပါဝင်တဲ့ သာမန်စကားပြောဆိုခြင်းမျိုးနဲ့ စကားပြောပါ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ စိတ်နေသဘော မျိုးကို တွေ့မြင်ရမှာဖြစ်ပြီး သူတို့တွေဆီက အရမ်းကြီးမျှော်လင့်ချက်မထားဘဲ ကိုယ်ရဲ့ဘဝအတွက် သင်ခန်းစာ ယူစရာရှိတာကို လေ့လာရမှာပဲဖြစ်ပါတယ်။

(၂) စတင်ပြုံးပြပါ။ အပြုံးဆိုတာ ဘုရားကဖန်ဆင်းပေးထားတဲ့ ငွေကြေးမပေးရသော အဖိုးတန်ဆုံးလက်ဆောင် တစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက် စကားပြော ဆိုခြင်းမပြုသေးခင်အချိန်မှာတောင် ပြုံးပြခြင်းဟာ ရင်းနှီးမှုတစ် ခု ဖြစ်စေပါတယ်။ နေ့ရက်တစ်ရက်စီမှာ မတူညီတဲ့အကြောင်းအရာ ၁၀ခုကိုချရေးကြည့်ပါ။ ပထမ ပိုင်းမှာ ကွဲပြား ခြားနားမှုတွေရှိနိုင်ပေမဲ့နေ့ရက်ကြာလာတဲ့အခါမှာ ကိုယ်စိတ်ထဲမှာတကယ်ရှိနေတဲ့အကြောင်းအရာက ဘယ် အရာလဲဆိုတာကို သိရှိလာ မှာပဲ ဖြစ်ပါတယ်။

(၃) ဘဝဆိုတဲ့ခရီးရှည်ကြီးကိုသွားဖို့အတွက် ပြင်ဆင်မှုပြုလုပ်ပါ။ ကိုယ်ပိုင်ဆိုင်တဲ့ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာ တွေကိုလုပ်နိုင်ဖို့အတွက် ကြိုတင်ပြင် ဆင်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ သက်သောင့်သက်သာဖြစ်နေ တယ်ဆိုရင်တောင် ရည်မှန်းထားတဲ့ပန်းတိုင်ကို မရောက်သေးရင် ကြိုးစားနေရဦးမှာဖြစ်ပါတယ်။ မရှိတာကို ရှိ အောင်လို့ ကြိုးစားရတာ ခက်ခဲတယ်ဆိုလို့ပြောကြပေမဲ့ ရှိပြီးသားကို ဆက်လက်ရှိနေပြီး ပိုမိုတိုးတက်မှုရအောင် လုပ်ဆောင်တာက ပိုခက်ခဲ တယ်ဆိုတာကို သိရှိနားလည်ထားရမှာလည်းဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON