published at :

ပုံပြင်ဆိုတာ လူတိုင်းကြိုက်နှစ်သက်တဲ့အရာမျိုးပဲ ဖြစ်ပါတယ်။အသက်ငယ်တုန်းက ပုံပြင်ပေါင်း များစွာ ကိုနားထောင်လာခဲ့ရပေမဲ့ ပုံပြင်တွေရဲ့ဆိုလိုရင်းကိုတော့ တိတိကျကျသိရှိနိုင်ခဲ့သူ နည်းပါလိမ့်မယ်။ ပုံပြော ကောင်းသူပြောတဲ့ပုံပြင်တွေကိုတော့အလွယ်တကူပဲမှတ်မိနေမှာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ပုံပြင်လေး တွေကတော့ အသက်အရွယ်ရလာတဲ့အခါ ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ်ပြီး အမှန်အမှားကိုခွဲခြား သုံးသပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ပုံပြင်(၁) - တစ်ခါက ပန်းခြံတစ်ခုအတွင်းမှာ လိပ်ကျောခွံတွေကို ခင်းပြီး တံတားငယ်တစ်ခုအဖြစ် တည်ဆောက်ထားပါတယ်။ အဲ့ဒီမှာ သန့်ရှင်းရေးလုပ်တဲ့သူက လိပ်ကျောခွံတွေအားလုံးနီးပါးကို သန့်ရှင်းရေး ပြုလုပ်ပေမဲ့ တံတားနဲ့ အနီးဆုံး ၂ ခုကိုတော့ သန့်ရှင်းရေးမလုပ်ပါဘူး။ဘာကြောင့် မလုပ်တာလဲဆိုတော့ အနီးဆုံးနဲ့ နောက်ဆုံးအရာတွေဆိုတာ အလွယ်တကူ ဖြတ်ကျော်နိုင်လို့ ဆိုပြီး ပြန်ပြောပါတယ်။ အဲ့လိုနေ့စဉ် ရက်ဆက် ဖြတ်ကျော်လာတဲ့အခါ အနီးဆုံး ၂ခုကလွဲရင် ကျန်တဲ့ လိပ်ကျောခွံတွေက အဆင်ပြေစွာဖြတ်ကျော်ဖို့ လွယ်ကူခဲ့ပေမဲ့ အနီးဆုံး ၂ ခုကို ဖြတ်ကျော်တဲ့အခါ သတိထားရတဲ့ အခြေအနေဖြစ်လာပါတယ်။ဒီပုံပြင်ရဲ့ ဆိုလို ရင်းကတော့ ကိုယ့်အနီးအနားမှာရှိတဲ့ အလွယ်တကူလုပ်လို့ရတဲ့အရာတွေကို နေ့စဉ်ပြုလုပ်နေဖို့ လိုအပ်တယ် ဆိုတာကို သိစေခဲ့တာဖြစ်ပါတယ်။

ပုံပြင်(၂) - တစ်ခါက စာသင်ခန်းတစ်ခုအတွင်းမှာ ဆရာလုပ်တဲ့သူက ရေတစ်ဝက်ပဲရှိတဲ့ဖန်ခွက်ကို ကိုင်ပြပြီးကျောင်းသားကျောင်းသူတွေကို ဖန်ခွက်ထဲမှာရေတစ်ဝက်ရှိတာလား၊ ရေတစ်ထက်လျော့နေတာဆိုပြီး မေးပါတယ်။ တစ်ယောက်တစ်ခွန်းပြောကျပေမဲ့ နောက်ဆုံးကျောင်းသားတစ်ယောက်ကတော့ ကိုယ်ခံယူချက်နဲ့ ပဲ သက်ဆိုင်ပါတယ်လို့ ပြောတဲ့အခါ ဆရာဖြစ်တဲ့သူက အဖြေမှန်တယ်လို့ ပြောပြီး နောက်ထပ်မေးခွန်တစ်ခုကို ထပ်မေးပါတယ်။ ဒီဖန်ခွက်ကိုလက်နဲ့ ငါးမိနစ်ကိုင်ထားရင် ဘာဖြစ်မလဲ၊ တစ်နာရီကိုင်ထားရင် ဘာဖြစ်မလဲ၊ နေ့တစ်ဝက်ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲဆိုပြီးပြောပါတယ်။ အဖြေမှန်အတွက် ခက်ခဲမှုရှိနေတဲ့အခါ ဆရာက ဖန်ခွက်ရဲ့အလေးချိန်ဟာ ပြောင်းလဲသွားမှုရှိပါသလားဆိုပြီး အဖြေမှန်ကို ပြောပြခဲ့ပါတယ်။ ဒီပုံပြင်ရဲ့ ဆိုလိုရင်းကတော့ အကြောင်းအရာတစ်ခု ဖြစ်ပျက်တဲ့အခါ ကိုယ်လက်ခံထားတဲ့အတိုင်းအတာပေါ်မှာ မူတည် ပြီး အချိန်ကာလတစ်ခုကြာတဲ့အထိ သက်ရောက်မှု ရှိနိုင်ပါတယ်။ကောင်းတဲ့ အကြောင်းအရာဖြစ်တဲ့အခါမှာ လက်ရှိနေအထားထက် ပိုမိုကောင်းမွန်တဲ့ အခြေအနမျိုးရောက်အောင် ထပ်မံကြိုးစားဖို့ လိုအပ်ပြီး မကောင်းတဲ့ အကြောင်းအရာမျိုးနဲ့ ကြုံတွေ့တယ်ဆိုရင်လည်း အချိန်အကြာကြီး စဉ်းစားတွေးတောနေခြင်းမလုပ်ဘဲ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်လို့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON