published at :

            ပတ်ဝန်းကျင်မှာကျေးဇူးတင်ပါတယ်လို့ ကြားနေကျစကားတစ်ခွန်းရှိပါတယ်။ ဒါဟာကိုယ်ကို တစ်စုံ တစ်ယောက်ကအကူအညီတစ်ခုခုပေးလိုက်တာကြောင့်ပြန်ပြောတဲ့စကားဖြစ်ပါတယ်။အဲ့လိုပြန်ပြောခြင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုကို ပိုမိုသက်ရောက်စေပါတယ်။ဒီလို အကျိုးရှိစေတဲ့ စကားကို တစ်ချို့သူ တွေက ပြောဆိုဖို့ မေ့လျော့နေတတ်ကြပါတယ်။ ရင်းနှီးမှုအတိုင်းအတာ ပိုမိုရင်းနှီးလာလေ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို ပြောစရာမလိုတော့ဘူး သတ်မှတ်လာလေလို့တောင် ဆိုရမှာဖြစ်ပါတယ်။တကယ်တော့ ပိုရင်းနှီး လာလေ ကျေးဇူးတင်စကားကို ပိုပြောရမှာပဲ ဖြစ်ပါတယ်။ ကိုယ်က တစ်ယောက်ယောက် ကူညီလိုက်လို့ သူဆီ က ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့အခါမျိုးတွေမှာလည်း ကိုယ်အနေနဲ့ သဘောကျနှစ်သက်မှု ရှိတယ်ဆိုတာကို လက်ခံရမှာပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်စကား ပြောဆိုတဲ့အခါမျိုးတွေမှာ ကွာခြားမှုလေးတွေကိုဖော်ပြလိုက် ပါတယ်။

            ကျေးဇူးတင်ပါတယ်လို့ ပြောတာဟာ အသစ်တီထွင်ဖန်တီးထားတဲ့စကားမဟုတ်တာကြောင့် အလွယ် တကူပြောဆိုနိုင်ပါတယ်။ဒါပေမဲ့ ပြောဆိုတဲ့အခါမျိုးတွေမှာတော့ အခြေအနေ၊ အချိန်အခါကိုလိုက်ပြီး ပြောဆို ရတာမျိုးတွေတော့ ရှိပါတယ်။ ဂုဏ်ပြုခြင်းခံရမယ့်သူကိုပြောတဲ့အခါမျိုးတွေမှာ သူရှိတဲ့နေရာကိုသွားရောက်ပြီး သူရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ကြောင်း၊ ကိုယ်သာဆိုရင် သူလောက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ မသေချာတာကြောင့် ကျေးဇူးတင်ပါတယ်ဆိုတာကို ပြောဆိုရမှာပဲ ဖြစ်ပါတယ်။

            အထက်လူကြီးတစ်ယောက်အနေနဲ့ မိမိလက်အောက်ကဝန်ထမ်းကို ပြောဆိုရတဲ့အခါမျိုးတွေမှာဆိုရင် တော့ အစည်းအဝေးလုပ်တဲ့အချိန်မျိုးတွေမှာ ပြောဆိုရမှာဖြစ်ပါတယ်။ ဒီလိုပြောဆိုခြင်းဟာ အပြောခံရတဲ့သူကို စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေသလို အခြားသူတွေရဲ့စိတ်မှာလည်း ကိုယ်စွမ်းဆောင်ရည်ကောင်းမွန်တဲ့အခါ အခုလိုမျိုး အများရဲ့အလယ်မှာ ချီးကျုးစကားပြောဆိုခံရမယ်ဆိုတဲ့စိတ်ကို ဖြစ်ပေါ်စေပါတယ်။

            အထက်မှာပြောခဲ့တဲ့အကြောင်းအရာတွေကတော့ အများရဲ့ရှေ့မှာ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမျိုး ဖြစ်ပါတယ်။ဒါပေမဲ့ တစ်ခါတလေမှာ ထုတ်ဖော်ပြောပြလို့မရတဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို ကူညီပေးလို့ ကျေးဇူးတင်စကားပြောဖို့လိုအပ်တဲ့အခါမျိုးတွေမှာဆိုရင်တော့ သီးသန့်တွေ့ဆုံခြင်းမျိုးနဲ့ဖြစ်စေ၊ တယ်လီဖုန်းနဲ့ပြောဆိုခြင်းဖြစ်ဖြစ်၊ အီးမေးလ်ပို့ခြင်း ဖြစ်ဖြစ် နဲ့ပြောဆိုရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် ကိုယ်ရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့သူကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို မမေ့ မလျော့ဘဲ ပြောဆိုရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON