published at :

            စာလုံးတစ်လုံးစီကို ပေါင်းစပ်ပြီး စကားလုံး တစ်ခုဖြစ်လာတယ်ဆိုပေမဲ့ စာလုံးတစ်လုံးစီမှာလည်း သူရည်ညွှန်းတဲ့ အကြောင်းအရာတစ်ခုတော့ရှိပါတယ်။ မြန်မာစာလုံး တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ထက် အင်္ဂလိပ် စာလုံးတွေမှာ ပိုမိုတွေ့ရတာများပါတယ်။ အမြဲတမ်းလိုလို ပြောလေ့ရှိနေပြီး လူတိုင်းလိုချင်တဲ့ အောင်မြင်မှု (Success)မှာ ပါဝင်တဲ့ စာလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို သိရှိအောင် ဖော်ပြလိုက်ပါတယ်။ 

(၁) S = see your goal

        အောင်မြင်ချင်တဲ့သူတစ်ယောက်ဟာ ပထမဦးဆုံး ကိုယ်ပိုင် ရည်မှန်းချက်ရှိရပါမယ်။ ရည်မှန်းချက်မရှိ တဲ့ သူတစ်ယောက် အောင်မြင်ဖို့အတွက် ဘယ်အရာကမှ လုပ်ဆောင်လို့မရပါဘူး။ ကိုယ်အောင်မြင်ချင်တယ် ဆိုတဲ့နေရာမှာလည်း ဘယ်လိုအောင်မြင်မှု ရချင်တာလဲဆိုတာကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိအောင်လုပ် ရပါမယ်။

(၂) U = understand the obstacles 

        ကိုယ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်သွားမယ့်လမ်းမှာ ကြုံ့တွေရမယ့် အခက်အခဲ၊ အတား အဆီးတွေ နားလည်သိရှိထားရပါမယ်။ဒါမှလည်း ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။တကယ်တမ်း အခက်အခဲနဲ့ ကြိုတင်ပြင်ဆင်ထားမှုရှိမယ်ဆိုရင် အလွယ်တကူပဲ ဖြတ်ကျော်သွားနိုင်မှာ ဖြစ်ပါတယ်။

(၃) C = create a positive mental picture 

        ကိုယ်ရဲ့ရည်မှန်းထားတဲ့ အောင်မြင်မှုကို သွားတဲ့လမ်းမှာ စိတ်ဓာတ်ကျစရာ ၊ အားငယ်စရာတွေ ကြုံ တွေ့နိုင်ပြီး အရှုံးပေးချင်လောက်အောင် တစ်ခါတစ်လေမှာ ဖြစ်တတ်ပါတယ်။ အဲ့လိုအခါမျိုးတွေမှာ အကောင်း မြင်တတ်တဲ့ စိတ်ကို ဖန်တီးပြီး သင်ခန်းစာယူကာ ဆက်လက်လျှောက်ရမှာပဲ ဖြစ်ပါတယ်။ 

(၄) C = clear your mind of self doubt 

        ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ကိုယ်စိတ်မှာ သံသယမဝင်အောင် ကြိုးစားရပါ မယ်။တစ်ခါတလေမှာဘေးပတ်ဝန်းကျင်က စကားသံတွေ၊ဝေဖန်တိုက်ခိုက်တာတွေကြောင့် ကိုယ်ရဲ့လုပ်ဆောင် နိုင်မှုတွေကို မရပ်တန့်လိုက်ဖို့ အရေးကြီးပါတယ်။

(၅) E = embrace the challenge 

        ကိုယ်ကိုယ်ကို ယုံကြည်မှုရှိပါ။ အရာတစ်ခုကို လုပ်ဆောင်ပြီဆိုတာနဲ့ မထင်မှတ်ထားတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေဆိုတာ ကြုံတွေရမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ခွန်အားတွေရှိတယ် ဆိုတာ ယုံကြည်ပါ။ မရှိသေးဘူးလို့ ကိုယ်ကိုယ်ကို ထင်တယ်ဆိုရင်လည်း ကိုယ်တိုင် ကြိုးစားရင် ရနိုင်တယ်လို့ ယုံကြည်မှု ရှိရမှာ ဖြစ်ပါတယ်။

(၆) S = stay on track 

        ကိုယ်ရဲ့ ရည်မှန်းချက်လမ်းကြောင်းပေါ်မှာ ကိုယ်ရှိနေဖို့ လိုအပ်ပါတယ်။ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင် က တစ်ခု၊ ကိုယ် လက်ရှိလုပ်ကိုင်နေတဲ့အရာက အခြားတစ်ခုဖြစ်နေရင်တော့ ကိုယ်ရဲ့ရည်မှန်းထားတဲ့ ပန်းတိုင် ကို ရောက်ဖို့ အလှမ်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။

(၇) S = show the world you can do it 

        နောက်ဆုံးစာလုံးရောက်လာပြီဖြစ်တာကြောင့် ကိုယ်တိုင်လုပ်နိုင်ခဲ့ပြီဆိုတာကိုထိုက်တန်တဲ့ အောင်မြင် မှုနဲ့အတူ ကမ္ဘာကြီးကို သက်သေပြလိုက်ပါ။


နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON