published at :

            မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မဖြစ်သေးတာဘဲ ရှိတယ်လို့ဆိုတဲ့စကားကို လူတိုင်းနီးပါးကြားဖူး ကြပါလိမ့် မယ်။ဒီစကားဟာ ပြောင်းလဲတိုးတက်မှု၊အောင်မြင်မှုတွေကို ပိုင်ဆိုင်ချင်တဲ့သူတွေအတွက် အကောင်းဆုံးလို့ တောင်ဆိုရမှာ ဖြစ်ပါတယ်။တစ်ချို့သောသူတွေက အောင်မြင်မှုအတွက် ကြိုးစားနေရက်နဲ့ မဖြစ်သေးခင်မှာ စိတ်ဓာတ်ကြံခိုင်မှုမရှိလဲ လက်လျော့သွားလေ့ရှိပါတယ်။ မဆုတ်မနစ်သောဇွဲ၊လုံလ၊ဝီရီယနဲ့ ကြိုးစားမှုကြောင့် မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့အရာတွေကို ကျော်လွန်ပြီး အောင်မြင်မှုရရှိခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ 

            လူမည်းအမျိုးသားတစ်ယောက်က အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်လာဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘားရက်ခ်အိုဗားမားဆိုတဲ့သူတစ်ယောက်ဟာ အောင်မြင်မှုရရှိမယ်လို့ သူရဲ့ ယုံကြည်ချက်အတိုင်း ကြိုးစားခဲ့တာကြောင့် အမေရိကန်နိုင်ငံရဲ့ ၄၄ ယောက်မြောက် သမ္မတ ဖြစ်လာခဲ့သလို အာဖရိကလူမျိုးတွေထဲက ပထမဆုံး အမေရိကန်သမ္မတ ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘားရက်ခ်အိုးဗားမားရဲ့ အောင်မြင်မှုတွေမှာ သူရဲ့ယုံကြည်ချက်ခိုင်မာမှုတွေက အဓိကကျခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး သူရဲ့ပြောစကား တွေအများကြီးထဲက အောင်မြင်မှုအတွက် တွန်းအားဖြစ်စေမယ့် စကားတွေအများကြီး ရှိခဲ့ပါတယ်။ 

            ပထမဆုံးစကားတစ်ခုကတော့ ပြောင်းလဲမှုပြုလုပ်ဖို့ အခြားသူတစ်ယောက် သို့မဟုတ် အခြားအချိန် တစ်ခုကို စောင့်နေမယ်ဆိုရင် ပြောင်းလဲခြင်းကရောက်လာမှာ မဟုတ်ပါဘူး။ ကိုယ်ပြောင်းလဲချင်တဲ့အကြောင်း အရာကို ကိုယ်တိုင်ပြောင်းလဲနိုင်ဖို့ ရှာဖွေရမှာပဲ ဖြစ်ပါတယ်။ ဒီစကားကတော့ဘယ်အရာကိုပဲ လုပ်ဆောင်ပါစေ ကိုယ်ကိုယ်တိုင်က ပြောင်းလဲဖို့ စတင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။နောက်ထပ်အောင်မြင်ဖို့ အားပေးတဲ့ စကား တစ်ခုကတော့ အလုပ်ကိုကြိုးစားလုပ်ကိုင်မယ်ဆိုရင် တာဝန်ယူလုပ်ကိုင်နိုင်တဲ့အရည်အချင်းတွေ အများကြီး ရှိလာမှာဖြစ်ပြီး ကိုယ်က ဦးဆောင်နိုင်လာမှာပဲ ဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အိုဗားမားပြောတဲ့စကားတွေ အများကြီးထဲက ကြိုးစားနေတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်စေမယ့်စကားတစ်ခွန်းကတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်နေတဲ့အခါ နှေးကွေးနေပါစေ၊ တိုးတက်ဖို့အတွက် ပုံမှန်လျှောက်လှမ်းနေရမှာပါ လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON