published at :

            ခဲတံရဲ့နောက်မှာ ခဲဖျက်ပါတယ်ဆိုတာကို ကြည့်ရုံနဲ့ အမှားဆိုတာ ပြုလုပ်မိလေ့ရှိတာကို သတိပြုမိ ကြမှာပဲ ဖြစ်ပါတယ်။ အမှားပြုလုပ်မိခဲ့ရင် အဆင်သင့် ပြင်ဆင်လို့ရအောင်လည်း တစ်ခါတည်း ထည့်သွင်းပေး ထားတာ ဖြစ်ပါတယ်။ လူတစ်ယောက်ဖြစ်လာပြီဆိုရင် အနည်းနဲ့အများတော့ အမှား လုပ်မိမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့မိတဲ့အမှားကို အချိန်မီ ပြန်ပြင်ဆင်နိုင်ဖို့ ကိုယ်တိုင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။အမှားမလုပ်ဖူးတဲ့သူ ဆိုတာ ဘယ်အရာကိုမှ မလုပ်ဖူးဘူးဆိုတာကို သက်သေပြနေတဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

            လုပ်ငန်းခွင်ထဲရောက်လာပြီဆိုရင် ကိုယ်မဟုတ်တဲ့ အခြားသူတွေနဲ့ ပေါင်းသင်းပြီး လုပ်ကိုင်ရတာ ကြောင့် တစ်ခါတလေမှာ မထင်မှတ်ဘဲ အမှားလုပ်မိတာမျိုးတွေရှိတတ်ပါတယ်။ အမှားရှိမှ အမှန်ပြင်လို့ ရမှာ ဖြစ်ပေမဲ့ ကိုယ်မှားတဲ့အမှားကို ကိုယ်တိုင်သိရှိဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေအနေနဲ့ မထင်မှတ်ဘဲ မှားတတ်တဲ့ အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


-    အလုပ်နဲ့ ပတ်သက်ပြီး ဘာမေးခွန်းမှ မေးတာမျိုး ပြုလုပ်လေ့မရှိဘူး။ ကိုယ်မေးလိုက်တဲ့ မေးခွန်း အတွက် တစ်ဘက်လူက ကိုယ်ကို အထင်သေးတာမျိုး ဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်မသိပေမဲ့ သိရှိရမယ့် အကြောင်းအရာကို မမေးဘဲ နေလေ့ရှိတာပဲ ဖြစ်ပါတယ်။

-    မေးမိတဲ့အါမျိုးတွေမှာဆိုရင်လည်း ကိုယ်ကိုယ်ကို အပြစ်ရှိသလိုခံစားနေရခြင်း။ ကိုယ် တကယ်မသိလို့ မေးလိုက်တဲ့အကြောင်းအရာ ဖြစ်ပေမဲ့ အဖြေကို သိရပြီးနောက်မှာ ကိုယ်မသိရလေခြင်း ဆိုပြီး ကိုယ်ကိုယ်ကို အပြစ်တင်သလို ခံစားနေရပြီး တစ်ဘက်လူကို ကျေးဇူးစကားပြောဖို့ မေ့နေခြင်းပဲ ဖြစ်ပါတယ်။

-    တစ်ခါတလေမှာဆိုရင် မေးသင့်တဲ့အကြောင်းအရာ ဖြစ်နေပေမဲ့ ကိုယ်ကိုယ်တိုင်က မခွဲခြားနိုင်ဘဲ မေးသင့်လား ၊မမေးသင့်ဘူးလားဆိုတာကို တွေဝေနေခြင်းမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

-    ကိုယ်မေးလိုက်တဲ့ မေးခွန်းအတွက် အဖြေတစ်ခုရပြီးတဲ့နောက်မှာ တစ်ဘက်လူကို ကျေးဇူးတင်ပါ တယ်လို့ပြောပြီး ဘာဆက်ပြောရမှန်းမသိတာကြောင့် မေးခွန်းမေးရမှာကို ကိုယ်ရဲ့ မသိစိတ်က ကြောက်ရွံနေခြင်းမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

-    ကိုယ်မသိတဲ့အကြောင်းအရာဖြစ်ပေမဲ့အခြားသူရဲ့အမြင်ကိုထည့်စဉ်းစားမိပြီး မမေးလိုက်မိဘဲ ကိုယ်သိသလို ဟန်ဆောင်နေလေ့ရှိခြင်းမျိုးလည်း ရှိတတ်ပါတယ်။ကိုယ်တကယ်မသိရှိသေးတဲ့အရာဆိုရင် သိတတ် နားလည် တဲ့သူတစ်ဦးရဲ့ ရှင်းပြပြောဆိုမှုဟာ တကယ်ကိုလိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

-    ကိုယ်တိုင်လုပ်ရမယ့် တာဝန်မျိုးကို အပြည့်အဝ နားလည်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ အကြောင်းအရာတစ်စုံ တစ်ခု ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဘယ်သူကြောင့်၊ ဘာဖြစ်လို့ ဆိုပြီး အကြောင်းပြချက်ပေးတာမျိုးကို မထင်မှတ်ဘဲ လုပ်ဆောင်မိလေ့ရှိပါတယ်။

-    ကိုယ်ရဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန်ထက် ပိုမို လုပ်ကိုင်ရလေ့ရှိတဲ့အခါမျိုးတွေမှာ အခြားသူ တွေကို စကားပြောဆိုခြင်း၊အလုပ်အတူတူတွဲလုပ်ခြင်းများမပြုလုပ်တော့ဘဲကိုယ်တစ်ယောက်တည်း အလုပ်ပြီးမြှောက် အောင် အလျင်စလို ပြုလုပ်နေတဲ့ အမှားမျိုးတွေလည်း တွေ့ရလေ့ရှိပါတယ်။


န့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....


Author Picture.


Published

Proudly published with NyanCMS

Related Articles


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON