published at :

        လုပ်ငန်းခွင်တစ်ခုမှာ ဦးဆောင်နိုင်တဲ့သူတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ လုပ်ငန်းအောင်မြင်ဖို့ အတွက် အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဦးဆောင်နိုင်သူ ဆိုတာဟာ လုပ်ငန်းကို တည်ထောင်သူ ဖြစ်နိုင်ပေမဲ့ တစ်ခါတလေမှာတော့ လုပ်ငန်းတိုးတက်ဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်သူလည်း ဖြစ်တတ်ပါ တယ်။လုပ်ငန်းခွင်ထဲမှာ ရှိတဲ့သူ အားလုံးဟာ အမျိုးမျိုးသော ကြိုးစားမှုတွေနဲ့ လုပ်ငန်းတိုးတက်ဖို့ ကြိုးစားနေ ကြတာဖြစ်ပေမဲ့ စွမ်းဆောင်ရည် ပိုကောင်းတဲ့သူက အများထက် ပိုမို ထင်ပေါ်တာကိုလည်း တွေ့ရပါတယ်။

        လက်ရှိအနေအထားမှာ ကိုယ်ဟာ ဦးဆောင်သူတစ်ယောက် မဟုတ်သေးရင်တောင် တစ်ချိန်မှာ ဦးဆောင်နိုင်သူတစ်ယောက် ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်လေ့လာမှု တွေကို ပြုလုပ်ထားရမှာ ဖြစ်သလို အခုချိန်မှာကိုယ်ကို ဦးဆောင်မှု ပေးနေတဲ့သူကရော ဒီအချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာကို ကြည့်ရမှာပါပဲ ဖြစ်ပါတယ်။ ဦးဆောင်နိုင်မှု ကောင်းသူတစ်ယောက်လုပ်လေ့လုပ်ထ ရှိတဲ့အချက်တွေ ကတော့ …

        (၁)    ၃ပုံ ၁ပုံ အခြေခံ စည်းမျဉ်းကိုနားလည်တယ်။ ဦးဆောင်ကောင်းသူတစ်ယောက်ဟာ လုပ်ငန်းတာဝန်တစ်ခု ကို လုပ်ဆောင်တဲ့အခါမှာ လက်အောက်ငယ်သားတွေရဲ့ လုပ်အားကို အတတ်နိုင်ဆုံး လျော့ချမှု ပြုလုပ်ပြီး ကိုယ်တိုင်ပါဝင် ဆောင်ရွက်လေ့ရှိကြပါတယ်။ အချိန်အတိုင်းအတာနဲ့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေမှာဆိုရင် လည်း သတ်မှတ်ရက်ရဲ့ ၃ပုံ ၁ပုံလောက် စောစောပြီးအောင် လုပ်ဆောင့်ထားပြီး ကျန်တဲ့အချိန်မှာ အခြား ဖြေရှင်းရနိုင်မယ့် နည်းလမ်းတွေ အတွက် ကြိုတင် ပြင်ဆင်ထားလေ့ ရှိပါတယ်။

        (၂)    ဦးဆောင်ကောင်းသူတစ်ယောက်ဟာ ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းမျိုးထက် ဘယ်လိုမျိုး လုပ်ဆောင်ကြ မလဲဆိုပြီး မေးလေ့ရှိပါတယ်။ ဘာလုပ်ကြမလဲဆိုတဲ့မေးခွန်းဟာ တစ်ဦးတစ်ယောက်ချင်းရဲ့ အကြံဥာဏ်ကို တောင်းခံတာဖြစ်ပြီး ဆုံးဖြတ်ချက်ကိုတော့ သူကိုယ်တိုင်ပဲချမှတ်မယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တာဖြစ်ပြီး ဘယ်လိုမျိုးလုပ်ဆောင်ကြမလဲ ဆိုတာကတော့ အခြေအနေတစ်ခုကို အားလုံးရဲ့ အကြံဥာဏ်ရယူကာ အကောင်းဆုံး နည်းလမ်းကို ရှာဖွေတာပဲ ဖြစ်ပါတယ်။

        (၃)    ဦးဆောင်ကောင်းသူတစ်ယောက်ဟာ လက်အောက်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကောင်းမှုကို အသိ အမှတ်ပြုလေ့ ရှိသလို ပိုမိုကောင်းမွန်တာတွေကို လုပ်ဆောင်နိုင်ဖို့အတွက်လည်း အားပေးလှုံဆော်လေ့ရှိပါတယ်။ အကယ်လို့ လက်အောက်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်နိုင်မှုဟာ သတ်မှတ်တဲ့အနေအထားထက် ကျဆင်းနေတယ်ဆိုရင်တောင် အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။

        (၄)    လူသားတိုင်းဟာ ကိုယ်ပိုင်အချိန်ကို နှစ်သက်တတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ချိန်မှာ တာဝန် ထမ်းဆောင်မှုကို အပြည့်အဝ လုပ်ဆောင်တယ်ဆိုရင်တောင် အလုပ်ချိန်ပြင်ပမှာတော့ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လုပ်ဆောင်ချင်လေ့ မရှိကြပါဘူး။ အဲ့လိုအခြေအနေမျိုးဆို ဦးဆောင်ကောင်းသူဟာ ဝန်ထမ်းလုပ်ဆောင်ရမယ့် တာဝန်တွေကို ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ခြင်းမျိုးနဲ့ အလုပ်ကို ပြီးမြှောက် စေသလို ဝန်ထမ်းကိုလည်း အလုပ်လုပ်ချင်စိတ်ဖြစ်အောင် လှုံဆော်လေ့ရှိပါတယ်။

နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON