published at :

            လုပ်ငန်းခွင်ထဲမှာ လုပ်ငန်းရှင်မဟုတ်တဲ့ အထက်လူကြီး အများစုဟာ ဦးဆောင်ကောင်းသူတွေဖြစ် တယ်ဆိုရင် သူလက်အောက်က ဝန်ထမ်းတွေရဲ့ စိတ်ကူးတွေကို ယူလေ့ရှိပြီး အကောင်းဆုံးကို ရွေးချယ်ကာ လုပ်ဆောင်လေ့ရှိကြပါတယ်။ဒါဟာ ဘာကြောင့်လဲဆိုရင် အတူတကွလုပ်ကိုင်ခြင်းဆိုတာကို ပြသတာဖြစ်ပြီး တစ်ခါတလေကိုယ်မမြင်လိုက်တဲ့ရှုထောင့်မျိုးကနေအခြားသူမြင်နိုင်တာတွေကိုလစ်ဟာမှုမရှိအောင် လုပ်ဆောင် ကြတာပဲ ဖြစ်ပါတယ်။

            အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်ဝန်ထမ်းတိုင်းဟာကိုယ်ပိုင်အရည်အချင်းတွေကိုချပြနိုင်ပြီးစွမ်းဆောင် မှု ကောင်းမွန်တဲ့သူကတော့ အသိအမှတ်ကောင်းတွေရရှိမှာပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ်စီစိတ်ကူးတွေရှိကြ ပါတယ်။ ကိုယ်ရဲ့ အကောင်းဆုံးစိတ်ကူးတွေကိုလည်း လုပ်ဆောင်ချင်ကြပါတယ်။ ကိုယ်စိတ်ကူးတွေဟာ လုပ် ငန်းခွင်မှာ ပိုမိုကောင်းမွန်တိုးတက်ဖို့ သေချာတယ်ဆိုတာကို ပြသနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

            (၁) ပထမဆုံးအနေနဲ့ ကိုယ်ရဲ့စိတ်ကူးမှာ လုပ်ငန်းအတွင်းက လုပ်ဖော်ကိုင်ဖက်တွေ လုပ်ကိုင်ချင်တဲ့စိတ် ရှိအောင် လှုံဆော်နိုင်မှုတွေ ပါဝင်ရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေနေချိန်မှာ လူအများစုဟာ အလုပ်လုပ်ချင် စိတ်နည်းပါးတာကြောင့် အခြားသူလုပ်ကိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကိုယ်ရဲ့ စိတ်ကူးကို အသိအမှတ်ပြုခံ ရမှာပါ။

            (၂) အလုပ်ချိန်ပြင်ပချိန်မှာဆိုရင် ဝန်ထမ်းအများစုဟာ အလုပ်အကြောင်းကို စဉ်းစားမိကြတာနည်းပါတယ်။ တကယ်တော့ ဒါဟာ အမှန်တရားတစ်ခုဖြစ်ပေမဲ့ လုပ်ငန်းခွင်အတွင်း အကြောင်းတစ်စုံတစ်ခုရှိနေချိန်မှာတော့ စဉ်းစားဖို့ လိုအပ်ပါတယ်။ အထက်လူကြီးရဲ့ ဆုံးဖြတ်ချက်၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံဥာဏ်တွေ ရှိမှာ ဖြစ်ပေမဲ့ ကိုယ်ပိုင်အကြံဥာဏ်လည်း ရှိနေဖို့ လိုအပ်ပါတယ်။ 

            (၃) ကိုယ်ရဲ့ စိတ်ကူးကို အခြားသူကို ပြောမပြခင်မှာ ကိုယ်တိုင်အကြိမ်ကြိမ် စမ်းစစ်ရပါမယ်။ ကိုယ်ပြောပြလိုက် တဲ့အချိန်မှာ အခြားသူတွေရဲ့ ထင်မြင်ချက်၊ထောက်ပြချက်တွေရှိလာတဲ့အခါမျိုးတွေမှာလည်း အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

            (၄) ကိုယ်ရဲ့ စိတ်ကူးတွေဟာ ကုန်ကျမှုစရိတ်သက်သာစေရမှာဖြစ်ပြီး ရလဒ်ပိုင်း ကောင်းမွန်မှုများဖို့လိုအပ် သလို လူအင်အားနည်းနိုင်သလောက် နည်းနည်းနဲ့လုပ်ကိုင်လို့ရမယ်ဆိုရင် အထက်လူကြီးတွေအနေနဲ့ လက်ခံ မှာပဲ ဖြစ်ပါတယ်။

            (၅) ကိုယ်ရဲ့ စိတ်ကူးတွေဟာ အကောင်းဆုံး ဖြစ်နေခဲ့မယ်ဆိုရင်တောင် အခြားသူတွေအနေနဲ့ လက်ခံသဘော တူညီရာမှာ ရှင်းလင်းစွာ နားလည်ဖို့လိုအပ်ပြီး ( 2+2=5 ပုံသေနည်းမျိုး) အကြောင်းပြစရာတွေရှိပေမဲ့ လက်ခံလိုက် ရတာမျိုးတွေ မဖြစ်စေဖို့ လိုအပ်ပါတယ်။


နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON