published at :

            လူသားအများစုရဲ့စိတ်မှာငယ်စဉ်အခါတုန်းကကြိုးစားခဲ့မယ်၊တတ်သင့်သလောက်တဲ့ပညာတွေရှိတဲ့အခါ လုပ်ငန်း ခွင်ထဲမှာ ခိုင်မာတဲ့ရာထူးနေရာတစ်ခုနဲ့  လုပ်ကိုင်နိုင်ပြီ ဆိုရင် ပျော်ရွှင်စရာအခြေအနေတစ်ခုကိုပိုင်ဆိုင်နိုင်မယ်လို့ ထင်မှတ် ကြပါတယ်။ဒါကအမှန်တရားတစ်ခုလားဆိုရင်တော့ မှားတယ်လို့ လည်းပြောလို့ မရပါဘူး။   ပျော်ရွှင်စရာကောင်းတဲ့ အခြေ အနေတစ်ခုကိုဖန်တီးနိုင်ဖို့ဆိုတာ လိုအပ်လာတဲ့အခြေအနေမှာ ငွေကြေးပြည့်စုံစွာရှိနေဖို့လည်း အရေးကြီးပါတယ်။ငွေကြေး များပြားစွာရတိုင်း ပျော်ရွှင်တဲ့အလုပ်တစ်ခုကိုလုပ်ကိုင်နေရလားဆိုရင်တော့ မမှန်ဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။ လုပ်ငန်းခွင် ထဲမှာ ပျော်ရွှင်မှုရှိမှ ရေရှည်လုပ်ကိုင်နိုင်မှာဖြစ်တာကြောင့် ပျော်ရွှင်တဲ့အလုပ်ကို လုပ်ကိုင်နိုင်စေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ကြရအောင် ……

(၁) လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ကိုယ်ကိုယ်ကို လှောင်အိမ်ထဲရောက်နေတဲ့ သတ္တဝါလိုမျိုးမနေပါနဲ့ ။လှောင်အိမ်ထဲမှာ ရှိတဲ့ သတ္တဝါတွေဟာ လှောင်အိမ်တံခါး ပွင့်တာနဲ့ အပြင်ဘက်ကိုထွက်ဖို့ပဲ စိတ်ကူးရှိနေတတ်ပါတယ်။ ကိုယ်ကိုယ်ကို လှောင်အိမ်ထဲရောက်နေတဲ့သူလို့လုပ်ငန်းခွင်ထဲမှာ သတ်မှတ်ထားမယ်ဆိုရင်တော့ အလုပ်ချိန်ပြီးဆုံးဖို့ပဲ စိတ်ရှိနေတာ ကြောင့် ကိုယ်တာဝန်ယူထားရတဲ့အလုပ်တွေကိုကျေပွန်စွာဆောင်ရွက်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကို နား လည်ရပါမယ်။

(၂) တင်းကြပ်စွာချမှတ်ထားတဲ့ အလုပ်ချိန်တွေကိုလည်း ဝန်ထမ်းအများစုဟာ ကြိုက်နှစ်သက်လေ့မရှိကြပါဘူး။အဲ့လို လုပ်ငန်းခွင်မျိုးမှာဆိုရင်လည်း အလုပ် လုပ်နေတဲ့သူ အများစုဟာ အလုပ်ချိန်မှာသာ အလုပ်အကြောင်းကို စဉ်းစားလုပ်ကိုင် လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေ တဲ့သူတွေဟာ ကိုယ်ပိုင်အလုပ်ကို လုပ်နေတယ်လို့ ခံစား မိတယ်ဆိုရင်တော့ အဲ့ဒီလုပ်ငန်း အောင်မြင်ဖို့ဆိုတာ အရမ်းကိုလွယ်ကူနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

(၃) အလုပ်ချိန်အတွင်းမှာ လုပ်ဆောင်ရမယ့်အစီအစဉ်တွေကို မလုပ်ခင်ကတည်းက ရေးဆွဲထားရမှာဖြစ်ပါတယ်။ ပြီးရင် အရေးကြီး လုပ်ဆောင်ရမယ့် အချက်ကို အရင်ဆုံးဦးစားပေးပြီးလုပ်ဆောင်ရမှာပါ။ဒီအချက်ကို တစ်ခါတလေမှာ အချို့သော သူတွေက ကြိုက်နှစ်သက်လေ့မရှိကြပါဘူး။ ဒါပေမဲ့ ဒီအချက်ဟာ ကိုယ်ရဲ့တိုးတက်မှုအတွက် ကိုယ်ကိုယ်ကို ရင်းနှီးမှုပြုလုပ် တယ်ဆိုတာကို နားလည်ထားရမှာဖြစ်ပါတယ်။ဒီလိုလုပ်ဆောင်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ်ကို လုပ်ငန်းခွင် သက်သာလာစေမှာဖြစ်ပြီး အလုပ်လုပ်နေတယ်လို့တောင် ထင်မှတ်မိတော့မှာ မဟုတ်ပါဘူး။

(၄) နောက်ဆုံးအချက်အနေနဲ့ အလုပ်ချိန်တစ်နေ့တာကုန်ဆုံးသွားပြီးတဲ့အချိန်မှာ ဒီနေ့အတွက်ကိုယ်လုပ်ဆောင်ခဲ့တာတွေ ဘယ်အတိုင်းအတာထိပြီးစီး ခဲ့တယ် ဆိုတာကို အခြားသူတွေသိအောင် လိုက်ရှင်းပြနေဖို့မလိုအပ်ဘဲ သူတို့ကိုယ်တိုင်သိရှိ အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကိုယ်က တာဝန်ပေးရ တဲ့သူဆိုရင်လည်း လက်အောက်ဝန်ထမ်းတွေ တာဝန်တွေပြီးစီး မှု ရှိ၊မရှိ စစ်ဆေးရမှာဖြစ်ပြီး ကိုယ်ကိုပေးတဲ့တာဝန်တွေဆိုရင်တော့ တစ်နေ့တာပြီးဆုံး ရမယ့်အချိန်မှာ ပြီးစီးအောင် လုပ် ဆောင်ရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON