published at :

            တစ်ခါက လူတစ်ယောက်ဟာ ကြက်တူရွေးတစ်ကောင် မွေးဖို့အတွက် အိမ်မွေးတိရိစာ°°န်ရောင်းတဲ့ ဆိုင်ကိုလာခဲ့ပါတယ်။ ကြက်တူရွေးတွေရောင်းတဲ့နေရာမှာ ကြက်တူရွေး သုံးကောင် ကိုတွေ့ပါတယ်။ သုံးကောင်စလုံးဟာ တစ်မျိုးစီ လှနေကြပြီး ဈေးနှုန်းတွေကလည်း မတူကြပါဘူး။

            အဲ့တာနဲ့ ဝယ်မဲ့သူက ဆိုင်ရှင်ကို မေးကြည့်ပါတယ်။ ကြက်တူရွေးတွေက တစ်ကောင်နဲ့ တစ်ကောင် ဈေးနှုန်းတွေ မတူတာ ဘာကြောင့်ပါလဲပေါ့ ။ အဲ့တော့ ဆိုင်ရှင် ဘယ်ဘက်အစွန်မှာ ရှိတဲ့အကောင်က ဒေါ်လာ ၂၅၀၀ ပါ ။သူက ရုံးသုံးကွန်ပြုတာအသုံးပြုနိုင်ပြီး ရုံးစာတွေကို ကောင်းကောင်းရိုက်နိုင်ပါတယ်။ ညာဘက် အစွန်က အကောင်ကတော့ ဒေါ်လာ ၅၀၀၀ ပါခင်ဗျ။ သူကတော့ ကွန်ပြုတာပရိုဂရမ်တွေကို အကောင်းဆုံး ရေးဆွဲနိုင်ပါတယ်။ အလယ်က အကောင် က ဒေါ်လာ ၁၀၀၀၀ ပါခင်ဗျ။

            ဝယ်သူက အံသြသွားပြီး ဒီအကောင်ကရော ဘာတွေများ လုပ်ဆောင်နိုင်လို့လဲ ပြောပါဦးဆိုတော့။ ဆိုင်ရှင်က အရိုးသားဆုံး ပြောရရင် ဒီအကောင် ဘာလုပ်နိုင်တယ်ဆိုတာကို ခုချိန်ထိ မသိသေးပါဘူး။ဒါပေမဲ့ ကျန်တဲ့အကောင် နှစ်ကောင်က သူကို “ BOSS ” လို့ အမြဲခေါ်နေတာကြောင့် သူရဲ့ဈေးနှုန်းကို တန်ဖိုးမြှင့် ထားတာပါ လို့ ပြန်ပြောပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON