အောင်မြင်မှုရရှိလိုသူတွေ လုပ်ဆောင်လေ့ရှိတဲ့ အချက်များ


ဘဝမှာ လုပ်ချင်တဲ့အရာတွေအများကြီးရှိပေမဲ့ လုပ်သင့်တာကိုဦးစားပေးမှသာအဆင်ပြေချောမွေ့တဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ လက် ရှိအောင်မြင်မှုရနေတဲ့သူတွေကလည်း သူရဲ့ကြိုးစားခဲ့ရမှု၊လုပ် ဆောင်ခဲ့ရမှု၊ ဖြတ်သန်းခဲ့ရမှုတွေကို လမ်းညွှန်ပြောပြပေးနေတာကြောင့် အောင်မြင် ချင်တဲ့သူတွေအနေနဲ့ ကိုယ်ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ကို နမူနာထားပြီး ကြိုးစားလို့ရပါတယ်။ တစ်ဦးတစ်ယောက်ကို နမူနာထားပြီး ကြိုးစားတဲ့အခါ သူနဲ့ပုံစံတူ ကူးချတာမျိုးမဟုတ်ဘဲ မတူကွဲပြားတဲ့နည်းလမ်းတွေနဲ့ ကိုယ်ပိုင်ကြိုးစားပြီး အောင် မြင်မှုရနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်မှုရရှိလိုတဲ့သူတွေ အများစု လုပ်ဆောင်လေ့ရှိတာ တွေကတော့ ...

စကားတွေမှာ အမှားနည်းဖို့အတွက် ရှောင်ရမယ့်အကြောင်းအရာများ


လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့သူတွေဟာအတွေ့အကြုံ၊လုပ်သက်တွေများလာတဲ့အခါ ပရော်ဖက်ရှင် နယ်တစ်ယောက်လို အလုပ်ကိုလုပ် ကိုင်နိုင်လာ ကြပါတယ်။ လုပ်ကိုင်ရတဲ့တာဝန်ယူမှုများလာလေ စကားပြောရ တာ များလာလေဖြစ်တာကြောင့် အမှားကင်းစွာပြောနိုင်ဖို့ အရေးကြီးပါတယ်။ စကားများ များပြောရတာကြောင့် အမှားပါလာတတ်တာမို့ ကိုယ်ပြောတဲ့စကားတွေမှာ အမှားနည်းဖို့အတွက် ရှောင်ရမယ့် အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။ ...

ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဒီလိုလူတွေကို မမျှဝေပါနဲ့


လူတိုင်းမှာ ရည်မှန်းထားတဲ့ပန်းတိုင်ရှိကြပါတယ်။အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်လည်း ကြိုးစားလေ့ ရှိကြပါတယ်။ အကြောင်းအရာတစ်ခုရှိလာပြီဆိုရင် အကောင်းရှိသလို အဆိုးလည်းရှိတတ်ပါတယ်။ကိုယ်ရည် မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့ အကောင်းဆုံးပံပိုးကူညီပေးတဲ့သူရှိသလို မရောက်ရှိအောင်လည်း ဟန့်တားတဲ့ သူတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို မရောက်ရှိအောင် ဟန့်တားမယ့်သူတွေကို တော့ ကိုယ်ရည်မှန်းချက်ကို ပြောမပြတာကောင်းပါတယ်။ ဘယ်လိုလူမျိုးတွေကို ကိုယ်ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်မပြောဖို့ သင့်သလဲဆိုတာကတော့ … ...

How to succeed in Job Interview


ဆောင်းပါးမှာ အင်တာဗျုးတစ်ခုရဲ့ သဘောသဘာဝလေးတွေ၊ English နဲ့သွားတဲ့ အင်တာဗျုးမေးခွန်းတွေရဲ့အထာလေးတွေ အကြောင်းကို English ဘာသာစကားရှုထောင့်ကနေ နမူနာအဖြေလေးတွေနဲ့တကွ စာရေးသူ ဥာဏ်မီသလောက်ဆွေးနွေးတင်ပြသွားပါမယ်။ဒါကြောင့် ဒီဆောင်းပါးမှာ အင်တာဗျုး မဖြေခင်နဲ့ ဖြေနေချိန်အတွင်း ပြင်ဆင်ထားရှိရမယ့်  ကိုယ်နှုတ်အမူအယာတွေနဲ့ ပတ်သက်တဲ့ သင့်မသင့်ကိစ္စတွေ ကိုဖော်ပြဖို့ မကြိုးစားတော့ပါ။ တစ်ခုပဲ သတိပေးလိုက်ချင်ပါတယ်။ သူ့ အမေးကို ဖြေနေချိန်မှာ သူ့ အကြည့်ကို ရှောင်လွဲပြီးဖြေနေမိတာမျိုးမဖြစ်ပါစေနဲ့။ ...

၂၀၁၈ ခုနှစ်မှာ တိုးတက်မှုတွေရချင်တယ်ဆိုရင်တော့ ပြောင်းလဲရမယ့်အရာတွေ


ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေကို ဘယ်အရာနဲ့မှပြန်လည်ရယူလို့မရတော့ကြောင့် လက်ရှိအချိန်ကိုပဲ ပြုပြင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ တိုးတက်မှုကို လိုချင်တဲ့သူတွေဟာ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင် မရောက် မချင်း အကျိုးမဲ့အချိန်ဖြုန်းခြင်းတွေကို ရှောင်ကြဉ်လေ့ရှိကြပြီး လေ့လာသင်ယူစရာတွေကို အမြဲသင်ယူနေကြ သလိုတိုးတက်မှုရှိအောင်လည်း အမြဲလုပ်ဆောင်နေကြတာတွေ့ရပါတယ်။ အချိန်တွေသာ ကုန်ဆုံးသွားခဲ့တယ် တိုးတက်မှုမရှိဘူးဆိုရင် တစ်ခုခုမှားယွင်းနေပြီဆိုတာကို နားလည်သဘောပေါက်ရမှာ ဖြစ်ပါတယ်။ ပြောင်းလဲ သွားတဲ့ ၂၀၁၈ခုနှစ်မှာတိုးတက်မှုတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ၂၀၁၇ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့အရာတွေ ထဲက အနည်းငယ်ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ...

၂၀၁၈ ခုနှစ်မှာ တိုးတက်ပြောင်းလဲဖို့ ပြင်ဆင်ရမယ့်အချက်များ


ပြောင်းလဲခြင်းဆိုတာအချိန်တိုင်းဖြစ်ပေါ်နေပါတယ်။ ကိုယ်ရဲ့ဘဝအတွက်တိုးတက်ဖို့အတွက် အခြား သူတွေရဲ့ လုပ်ဆောင်မှုထက် ကိုယ်ကိုယ်ကို တိုးတက်အောင်လုပ်တာ အမှန်ကန်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ကိုပြောင်းလဲရောက်ရှိလာပြီဖြစ်တာကြောင့် ဒီနှစ်အတွက် ပြောင်းလဲခြင်းတွေကို စတင်လုပ်ဆောင်ဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။ပြောင်းလဲတိုးတက်ဖို့အတွက် ပြင်ဆင်ရမယ့်အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။ ...

နေ့လယ် ထမင်းစားချိန်မှာ အောင်မြင်တဲ့သူတွေ ဘာလုပ်လေ့ရှိလဲ


ပုံမှန်အလုပ်ချိန် တစ်နေ့ ၈ နာရီမှာ နေ့လယ်ထမင်းစားချိန်ဟာ အလုပ်လုပ်ကိုင်နေတဲ့သူတွေအတွက် ခဏတာ အနားယူရချိန်လို့ ဆိုရမှာဖြစ်ပါတယ်။ မနက်ပိုင်း အလုပ်လုပ်ခဲ့ရလို့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ထမင်းစားပြီး ညနေပိုင်းအလုပ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ နေ့လယ် ထမင်းစားချိန်မှာ အလုပ်လုပ်ကိုင်သူတွေဟာ ကိုယ်ပိုင်အချိန်တစ်ခုဖြစ်တာကြောင့် ထမင်းစားပြီးချိန် မှာ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတစ်ခုခုကို လုပ်ဆောင်လေ့ရှိကြပါတယ်။ ထမင်းစားချိန် ၁နာရီ ရတဲ့အချိန်မှာ အောင်မြင်မှုရဖို့ ကြိုးစားနေတဲ့သူတွေကတော့ ဒီလိုအချက်လေးတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။ ...

နှစ်သစ်ဆုမွန်ကောင်း


၂၀၁၈ ခုနှစ်မှာ ချမ်းသာကြွယ်ဝခြင်း၊ အောင်မြင်ခြင်း ၊ပျော်ရွှင်ခြင်း ၊ အေးချမ်းခြင်းများကို နေ့ရက်တိုင်း သင်နဲ့ သင့်မိသားစု ရရှိပိုင်ဆိုင်နိုင်ပါစေ ...

ကိုယ်ပိုင်အလုပ်တစ်ခုကို လုပ်ကိုင်နေတယ်လို့ ခံစားမိစေနိုင်တဲ့ လုပ်ငန်းခွင်တွင်း ရင်းနှီးမှု


အလုပ်ရှင်နဲ့အလုပ်သမား ဆိုပြီး သတ်မှတ်လိုက်တဲ့လုပ်ငန်းတစ်ခုနဲ့ လုပ်ဖောက်ကိုင်ဖက်ချင်း ရည်မှန်း ချက်တစ်ခုကို အတူတကွလုပ်ကိုင်ရင်း မိသားစုတစ်ခုလို ဆက်ဆံမှုရှိတဲ့ လုပ်ငန်းတစ်ခုကြား လုပ်ဆောင်မှုခြင်း ခြားနားသလို ရလဒ်ကောင်းပိုင်ဆိုင်မှုခြင်းလည်း တူညီမှုမရှိနိုင်ပါဘူး။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုတဲ့ စကားပုံ အတိုင်း အပြန်အလှန် လေးစားဆက်ဆံမှုတွေနဲ့ သင်ယူစရာတွေကို လေ့လာသင်ယူရင်း ကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ရင်းနှီးမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ဆိုရင်ဝန်ထမ်းတွေဟာတစ်ခါတလေမှာ သူများအလုပ်လုပ်နေတယ်ဆိုတာကိုမေ့နေပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို လုပ်ကိုင်နေတယ်လို့ ခံစားမိတာမျိုးတွေ ရှိတတ်ပါတယ်။ ...

PUSH YOURSELF


အောင်မြင်မှုမရခင်အချိန်မှာ သူများရဲ့တွန်းအားပေးခြင်းထက် ကိုယ်ကိုယ်ကို တွန်းအားပေးတာမျိုးက ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိစေပါတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ်ရဲ့တွန်းအားဖြစ်စေဖို့ လိုအပ်ချက်တွေကတော့ ……………. ...

ချမ်းသာကြွယ်ဝတဲ့ လူငယ်တစ်ယောက်ဖြစ်စေဖို့


ဘဝမှာ ဆင်းရဲချင်လား၊ချမ်းသာချင်လားလို့မေးရင် လူတိုင်းကချမ်းသာချင်တယ်လို့ ဖြေကြပါလိမ့်မယ်။ ချမ်းသာကြွယ်ဝမှုဟာ ဒီနေ့လုပ်ရင် ဒီနေ့ဖြစ်တဲ့အရာမျိုးမဟုတ်တာကြောင့် အသက်ငယ်နေစဉ်အခါတည်းက ကြိုးစားတည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။ယနေ့ ကမ္ဘာမှာဆိုရင် အသက်ငယ်ငယ်နဲ့ ချမ်းသာကြွယ်ဝနေတဲ့ လူငယ်တွေ အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။ ကြိုးစားမှုပြုတဲ့အခါ အသက်ငယ်စဉ်မှာ ကြိုးစားမှုပြုတာက ပိုမို အောင်မြင်ဖို့ အခွင့်အလမ်းများပါတယ်။အသက်ငယ်နေစဉ်မှာ ချမ်းသာကြွယ်ဝမှုကို လိုချင်တယ်ဆိုရင် လိုက်နာ ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ...

အောင်မြင်မှုမရသေးပေမဲ့ ကြိုးစားချင်စိတ်ရှိသူတွေလုပ်လေ့ရှိသည့်အရာများ


မနေ့ကကုန်ဆုံးသွားတဲ့အချိန်ကို ဒီနေ့မှာဘယ်လိုအရာနဲ့မှ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိတော့မှာ မဟုတ်ပါ ဘူး။ တစ်နေ့တာ အချိန် ၂၄ နာရီကို တန်းတူညီမျှ ပိုင်ဆိုင်ထားရက်နဲ့ အောင်မြင်သူနဲ့ မအောင်မြင်သေးတဲ့သူ တွေကြား ခြားနားမှုကတော့ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်းမှာ မူတည်ပြီး ကွဲပြားသွားတာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုရရှိထားတဲ့သူအများစုဟာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ဘဝတိုး တက်ဖို့ အသုံးချနိုင်သလို သူတို့ကိုယ်သူတို့ ပြန်မေးပြီး ဘာတွေလုပ်ဆောင်ရမလဲဆိုတာကိုလည်း သိရှိကြပါ တယ်။အောင်မြင်မှု မရသေးပေမဲ့ ကြိုးစားချင်စိတ်အပြည့်ရှိနေတဲ့သူတွေကတော့ ကိုယ်ပိုင်အနားယူချိန်တွေမှာ ကိုယ်ကိုယ်ကို ပြန်မေးတဲ့ နေ့စဉ်အကြောင်းအရာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ...

ယုံကြည်ချက် ခိုင်မာမှုကြောင့် အမေရိကန်နိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့သူ


မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မဖြစ်သေးတာဘဲ ရှိတယ်လို့ဆိုတဲ့စကားကို လူတိုင်းနီးပါးကြားဖူး ကြပါလိမ့် မယ်။ဒီစကားဟာ ပြောင်းလဲတိုးတက်မှု၊အောင်မြင်မှုတွေကို ပိုင်ဆိုင်ချင်တဲ့သူတွေအတွက် အကောင်းဆုံးလို့ တောင်ဆိုရမှာ ဖြစ်ပါတယ်။တစ်ချို့သောသူတွေက အောင်မြင်မှုအတွက် ကြိုးစားနေရက်နဲ့ မဖြစ်သေးခင်မှာ စိတ်ဓာတ်ကြံခိုင်မှုမရှိလဲ လက်လျော့သွားလေ့ရှိပါတယ်။ မဆုတ်မနစ်သောဇွဲ၊လုံလ၊ဝီရီယနဲ့ ကြိုးစားမှုကြောင့် မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့အရာတွေကို ကျော်လွန်ပြီး အောင်မြင်မှုရရှိခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ ...

ဆရာကြီး ဦးအောင်သင်း ၏ လူငယ်များအတွက် စကား


ဝတ္ထုတစ်ပုဒ်၏ ရှေ့ဖြစ်မည့်ဇာတ်လမ်းကို စာမျက်နှာကျော်ဖတ်လို့ ရနိုင်သော်လည်း ဘဝတွင် စာမျက်နှာ ကျော်ဖတ်လို့ ရနိုင်သည်မဟုတ်။ ပစ္စုပ္ပန်သာလျှင် ကိုယ်လက်ထဲတွင်ရှိသည်။မိမိ ဘဝအခြေအနေမှာ ဆင်းရဲ နွမ်းပါးကောင်း နွမ်းပါးနေပါလိမ့်မည်။အတိတ်ကံအရ ဖြစ်လာရသည်။ကိုယ်ဘာမှ မတတ်နိုင်ဟု သဘောထားလိုက်ပါ။သို့သော် ကိုယ်တတ်နိုင်သည်က ပစ္စုပ္ပန်သာ ဖြစ်သည်။ ...

ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိစွာနဲ့ ကြိုးစားမှု ပြုလုပ်ပါ


ဘဝမှာ ကြိုးစားနေပြီးအောင်မြင်ချင်တဲ့သူတွေအတွက် သူတို့ရဲ့ ယုံကြည်မှုက အကောင်းဆုံးတွန်းအား တစ်ခုပဲဖြစ်ပါတယ်။ယုံကြည်မှုခိုင်မာတဲ့သူတွေဟာ သူတို့ရည်မှန်ထားတဲ့ ပန်းတိုင်ကို တစ်နေ့ရောက်ရှိမှာ ဖြစ်ပြီး အောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။ကိုယ်ယုံကြည်ထားတဲ့အရာကိုဖြစ်နိုင် လောက် တယ်ဆိုပြီး လုပ်ဆောင်ခဲ့မှုကြောင့် ကမ္ဘာ့မှာ အောင်မြင်မှုရနေတဲ့သူတွေ အများကြီးထွက်ပေါ်ခဲ့ပြီလည်း ဖြစ်ပါ တယ်။ ကိုယ်ရဲ့ယုံကြည်မှုကို ကိုယ်တိုင်တစ်ဆင့်ချင်းတည်ဆောက်ခြင်းနဲ့ ခိုင်မာတဲ့ယုံကြည်မှုကို တည်ဆောက် ရမှာပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်မယ့်အချက်လေးတွေကတော့ … ...
×
ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON