published at :

            မနေ့ကကုန်ဆုံးသွားတဲ့အချိန်ကို ဒီနေ့မှာဘယ်လိုအရာနဲ့မှ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိတော့မှာ မဟုတ်ပါ ဘူး။ တစ်နေ့တာ အချိန် ၂၄ နာရီကို တန်းတူညီမျှ ပိုင်ဆိုင်ထားရက်နဲ့ အောင်မြင်သူနဲ့ မအောင်မြင်သေးတဲ့သူ တွေကြား ခြားနားမှုကတော့ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်းမှာ မူတည်ပြီး ကွဲပြားသွားတာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုရရှိထားတဲ့သူအများစုဟာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ဘဝတိုး တက်ဖို့ အသုံးချနိုင်သလို သူတို့ကိုယ်သူတို့ ပြန်မေးပြီး ဘာတွေလုပ်ဆောင်ရမလဲဆိုတာကိုလည်း သိရှိကြပါ တယ်။အောင်မြင်မှု မရသေးပေမဲ့ ကြိုးစားချင်စိတ်အပြည့်ရှိနေတဲ့သူတွေကတော့ ကိုယ်ပိုင်အနားယူချိန်တွေမှာ ကိုယ်ကိုယ်ကို ပြန်မေးတဲ့ နေ့စဉ်အကြောင်းအရာလေးတွေကို ဖော်ပြလိုက်ပါတယ်။

            ဒီနေ့ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ အထောက်အပံဖြစ် စေမယ့်အလုပ်မျိုးတွေပါရဲ့လား။ လူငယ်လူရွယ်တစ်ယောက်ဖြစ်လာပြီဆိုရင် ဝင်ငွေရတဲ့အလုပ်တစ်ခုခုကို လုပ်ဆောင်ရမယ်ဆိုတာကို သိရှိနားလည်ကြပေမဲ့ ကိုယ်လုပ်နေတဲ့အလုပ်ဟာ ဝင်ငွေရဖို့ထက် ကိုယ်ရည်မှန်း ချက်နဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာကို ပြန်မေးရမှာပဲ ဖြစ်ပါတယ်။

            မကောင်းတဲ့အလေ့အကျင့်ဆိုတာ လူတိုင်းနီးပါးမှာရှိတတ်ပါတယ်။ ပြီးပြည့်စုံတဲ့လူ ဆိုတာမရှိဘူးဆိုတဲ့ အတိုင်း ကိုယ်ရဲ့ မထင်မှတ်ထားတဲ့ မကောင်းတဲ့အလေ့အကျင့်လေးတွေကို တတ်နိုင်သလောက် မလုပ်မိစေဖို့ ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ဒီနေ့တစ်နေ့တာမှာ မကောင်းတာဘာလုပ်ခဲ့မိသလဲစဉ်းစားရင်း နေ့စဉ်မလုပ်မိအောင် ထိန်းခြင်းတဲ့ ကောင်းတဲ့လုပ်ဆောင်မှုကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

            စိတ်အားထက်သန်မှုဟာအရှေ့ကိုရောက်ဖို့အကောင်းဆုံးတွန်းအားပဲဖြစ်ပါတယ်။ ဒီနေ့တစ်နေ့အတွက် ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကိုသွားဖို့ကိုယ်ရဲ့စိတ်အားထက်သန်စေမယ့်အရာကို ဘာတွေလုပ်ဆောင်နိုင် သလဲဆိုတာကို ပြန်မေးရမှာပဲ ဖြစ်ပါတယ်။နောက်ပြီးတော့ ဘယ်လိုလူမျိုးတွေကို ရင်းနှီးမှုပြုရမလဲဆိုတာ အရေးကြီးပါတယ်။ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်နဲ့ ဆန့်ကျင်ဘက်သွားနေတဲ့သူကို ပေါင်းသင်းနေမိရင် ကိုယ်ရဲ့အချိန်တွေကို နှောင့်နှေးစေမှာပဲ ဖြစ်ပါတယ်။

            အမှားနဲ့ကင်းတဲ့လူဆိုတာမရှိဘူးဆိုပြီးမှားတဲ့အလုပ်တွေကိုချည်းလုပ်နေလို့လည်းမရပါဘူး။ လုပ်မိခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီးအတွေ့အကြုံကောင်းတွေကို ယူရမှာပဲ ဖြစ်ပါတယ်။နောက်ဆုံးအချက်အနေ နဲ့ ဒီနေ့တစ်နေ့တာမှာ ကိုယ်ကိုယ်ကို ကျေနပ်မှုရှိရဲ့လားဆိုတာကို ပြန်မေးရမှာပဲ ဖြစ်ပါတယ်။ဒီအချက်ဟာ ကြိုးစားနေပြီး အောင်မြင်မှုမရသေးတဲ့သူတွေအတွက် အကောင်းဆုံးအထောက်အပံဖြစ်စေမှာ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON