published at :

            အောင်မြင်မှုမရခင်အချိန်မှာ သူများရဲ့တွန်းအားပေးခြင်းထက် ကိုယ်ကိုယ်ကို တွန်းအားပေးတာမျိုးက ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိစေပါတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ်ရဲ့တွန်းအားဖြစ်စေဖို့ လိုအပ်ချက်တွေကတော့ …………….

(၁)    ကိုယ်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ် ဘယ်လောက်အထိလုပ်နိုင်တယ်ဆိုတာကို ဘာမှမလုပ်ဘဲနဲ့တော့ သိရှိနိုင်မှာ မဟုတ်ပါဘူး။ လုပ်နိုင်တယ်ဆိုတာထက် ပိုလုပ်နိုင်တယ်ဆိုတာကို ယုံကြည်မှုရှိပါ။

(၂)    ဖန်တီးမှုအသစ်တွေကို ကိုယ်တိုင်ပြုလုပ်ပါ။ အောင်မြင်တဲ့သူတွေ လုပ်တဲ့နည်းလမ်းတွေအတိုင်း ထပ်တူ လိုက်လုပ်နေမယ်ဆိုရင် သူရဲ့အောင်မြင်မှုထက်ကျော်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်ပိုင် ဖန်တီးတည်ဆောက်ထားတဲ့ စိတ်ကူးတွေနဲ့ အောင်မြင်မှုရအောင် ကြိုးစားပါ။ 

(၃)    ကိုယ်ကိုယ်ကို အားပေးပါ။ တစ်ခါတလေမှာ အားပေးမှုဆိုတာ လိုအပ်ပါတယ်။ဒါပေမဲ့ အမှောင်ထဲရောက် နေတဲ့အချိန်မျိုးမှာဆိုရင် ကိုယ်ဆိုတဲ့ကိုယ်အရိပ်တောင်ကိုယ့်အနားမှာမရှိပါဘူး။ ကိုယ်စိတ်ကို ကိုယ်အားပေးပါ။

(၄)    ရိုးသားမှုရှိပါ။ ကိုယ်ပေးတာနဲ့ကိုယ်ပြန်ရတာ ထပ်တူညီအောင်ကြိုးစားပါ။ သူတစ်ပါးဆီက အလွယ်တကူ ရတိုင်း အခွင့်အရေးကို အသုံးမချပါနဲ့။သူတစ်ပါး အထင်သေးခြင်းခံရအောင်လည်း မနေမိဖို့ သတိထားရပါမယ်။

(၅)    အခွင့်အလမ်း ရအောင် ကြိုးစားပါ။ လေထဲတိုက်အိမ်ဆောက်ခြင်း၊ ရေပေါ်အရုပ်ရေးခြင်း တွေဟာ တကယ် ဖြစ်မလာပါဘူး။ အောင်မြင်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ကြိုးစားမှုရှိဖို့တော့ လိုအပ်ပါတယ်။

(၆)    ကြိုးစားအားထုတ်မှုကို မြှင့်တင်ပါ။ ကြိုးစားမှုပြုလုပ်နိုင်တိုင်း အောင်မြင်မှုရဖို့ မသေချာဘူးလို့ ပြောကြပေမဲ့ အောင်မြင်တဲ့သူတိုင်းကြိုးစားခဲ့ကြပါတယ်။ ကြိုးစားမှု မရှိဘဲ အောင်မြင်ခဲ့တဲ့သူဆိုတာ မရှိပါဘူး။

(၇)    ဒေါသကို ထိန်းပါ။ အဆင်မပြေမှုတွေနဲ့ ကြုံရတဲ့အခါမျိုးတွေမှာ ဒေါသထွက်လေ့ရှိကြပါတယ်။ ဒေါသဆိုတဲ့ အပူကို အခြားသူဆီ မလောင်မိစေဖို့ ကိုယ်တိုင်ထိန်းချုပ်ရမှာပဲ ဖြစ်ပါတယ်။

(၈)    ပြောင်းလဲနိုင်ဖို့ကြိုးစားပါ။ အရာရာဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ကောင်းတဲ့အရာတွေကို ပြောင်းလဲနိုင်ဖို့ ကိုယ်ကိုယ်တိုင် ကြိုးစားရပါမယ်။

(၉)    ပြောင်းလဲသွားတဲ့အရာတွေကို နားလည်မှုရှိပါစေ။ ပြောင်းလဲမှုတွေဖြစ်သွားပေမဲ့ ကိုယ်ကိုယ်တိုင်တောင် နားမလည်ဘူးဆိုရင် အခြားသူ နားလည်ဖို့ ခက်ပါလိမ့်မယ်။ ကိုယ်တိုင် နားလည်မှုတွေနဲ့ ပြောင်းလဲနိုင်ဖို့ ကြိုးစားရပါမယ်။

(၁၀)    ချစ်ခြင်းနဲ့နေထိုင်ပါ။ လူရယ်လို့ဖြစ်လာပြီဆိုရင် တစ်ဦးတစ်ယောက်ထဲနေထိုင်လို့ မရတာကြောင့် ကိုယ်ရဲ့ အနီးအနားမှာရှိတဲ့သူတွေနဲ့ ချစ်ခင်ရင်းနှီးစွာနေထိုင်ပါ။ ချစ်ခြင်းဆိုတာ ဘုရားကဖန်ဆင်းပေးထားတဲ့ အဖိုးတန် ရတနာ တစ်ခုပါ။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON