Workplace အမျိုးအစား စာစုများ

ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်ရင်း ဝင်ငွေတွေ တိုးပွားလာစေဖို့ လုပ်ဆောင်ရမယ့်အချက်များ

လူသားအများစုရဲ့စိတ်မှာငယ်စဉ်အခါတုန်းကကြိုးစားခဲ့မယ်၊တတ်သင့်သလောက်တဲ့ပညာတွေရှိတဲ့အခါ လုပ်ငန်း ခွင်ထဲမှာ ခိုင်မာတဲ့ရာထူးနေရာတစ်ခုနဲ့  လုပ်ကိုင်နိုင်ပြီ ဆိုရင် ပျော်ရွှင်စရာအခြေအနေတစ်ခုကိုပိုင်ဆိုင်နိုင်မယ်လို့ ထင်မှတ် ကြပါတယ်။ဒါကအမှန်တရားတစ်ခုလားဆိုရင်တော့ မှားတယ်လို့ လည်းပြောလို့ မရပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ အခြေ အနေတစ်ခုကိုဖန်တီးနိုင်ဖို့ဆိုတာ လိုအပ်လာတဲ့အခြေအနေမှာ ငွေကြေးပြည့်စုံစွာရှိနေဖို့လည်း အရေးကြီးပါတယ်။ငွေကြေး များပြားစွာရတိုင်း ပျော်ရွှင်တဲ့အလုပ်တစ်ခုကိုလုပ်ကိုင်နေရလားဆိုရင်တော့ မမှန်ဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။ လုပ်ငန်းခွင် ထဲမှာ ပျော်ရွှင်မှုရှိမှ ရေရှည်လုပ်ကိုင်နိုင်မှာဖြစ်တာကြောင့် ပျော်ရွှင်တဲ့အလုပ်ကို လုပ်ကိုင်နိုင်စေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ကြရအောင် …… ...

အလုပ်ရှင် နှစ်သက်သဘောကျပြီး ကြိုးစားတဲ့ဝန်ထမ်းကောင်း ဖြစ်ဖို့

အသက်အရွယ်ရလာတဲ့လူတစ်ယောက်ဟာ ကိုယ်ပိုင်အလုပ်တစ်ခုကိုမလုပ်နိုင်ဘူးဆိုရင် အခြားသူဆီမှာ ဝင်ငွေ ရတဲ့အလုပ်တစ်ခုကိုလုပ်ကိုင်ရတာဟာ အမှန်တရားတစ်ခုပါ။ အလုပ်ကြိုးစားတဲ့သူတွေရှိပေမဲ့ အချို့သောသူတွေဟာ တစ်ခါတလေမှာ အလုပ်ကြိုးစားချင်စိတ်တွေပျောက်ဆုံးနေတတ် ပါတယ်။ ဒါကြောင့် ဒီစာပိုဒ်လေးမှာ ပါဝင်တဲ့အချက်လေး တွေဟာ အကျိုးရှိစေမယ်လို့ မျှော်လင့်တာကြောင့် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ အလုပ်ရှင်အများစုကတော့ ဒီအချက် တွေထဲမှာပါဝင်တဲ့ ဝန်ထမ်းတွေကိုတော့ နှစ်သက်ခြင်း မရှိတာကိုတွေ့ရပါတယ်။ ...

ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ် ပိုမိုဖြစ်လာအောင် ဦးဆောင်ကောင်းသူတွေ လုပ်လေ့ရှိတဲ့အချက်များ


လုပ်ငန်းတစ်ခုရဲ့ပိုင်ရှင် သို့မဟုတ် ဦးဆောင်သူတစ်ယောက်ဆိုရင် ကိုယ့်လုပ်ငန်း၊ကိုယ်အဖွဲ့အစည်းမှာပါဝင်တဲ့ သူအားလုံး တက်ကြွစွာနဲ့ အလုပ်လုပ် ကိုင်နိုင်ရန် လှုံဆော်တိုက်တွန်းမှုပြုလုပ်ဖို့ လိုအပ်ပါတယ်။ဒီအချက်ဟာ လက်ရှိ အောင်မြင်နေတဲ့ ဦးဆောင်သူတိုင်းပြုလုပ်နေတဲ့အချက်တစ်ချက် လည်းဖြစ် ပါတယ်။ ဒါဟာဘာကိုရည်ရွယ်သလဲဆိုရင်တော့ ရည်မှန်းချက်ပန်းတိုင်အသစ်တွေကိုတည်ဆောက်ခြင်း၊ အရေးပေါ်အစည်းအဝေး လုပ်ရခြင်းမျိုးတွေ ကိုရှောင်ကြဉ်နိုင်ခြင်း၊ လုပ်ပိုင်ခွင့်တွေ လွှဲအပ်နိုင်ခြင်းစတဲ့အကျိုးသက်ရောက်မှုတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဦးဆောင်သူအများစုဟာ ဒီ (၄) ချက်ကို အသုံးပြုပြီး လက်အောက်ဝန်ထမ်းတွေကို အလုပ်လုပ်ချင်စိတ် ပိုမိုဖြစ်လာအောင်တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။ ...

အဆင်မပြေဖြစ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို ထိန်းသိမ်းဖို့ ဘာတွေ လုပ်ဆောင်ကြလဲ


လုပ်ငန်းခွင်တစ်ခုမှာဆိုရင် အများနဲ့ ပြောဆိုလုပ်ကိုင်ရတာကြောင့် အားလုံးနဲ့ အဆင်ပြေအောင် လုပ်ကိုင်နိုင်မှ သာလျှင် ပျော်ရွှင်မှုရမှာ ဖြစ်ပါတယ်။ ပျော်ရွှင်နေမှသာ အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မယ်ဆိုတာအားလုံးနား လည် ထားကြပါတယ်။ အလုပ်ထဲမှာပျော်ရွှင်မှုမရတဲ့သူဟာ အလုပ်ကိုကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်ဘဲ သူ့အတွေးမှာ အခြားအကြောင်းအရာကိုပဲ တွေးနေမိမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီလို ဖြစ်ရပ်မျိုးတွေ့ကြုံတွေ့ရ တတ်တဲ့ လုပ်ငန်းခွင်မှာ ရာထူးနေရာကြီးတဲ့သူတွေအတွက် တာဝန်ဝတ္တရားယူပြီး လုပ်ဆောင်ရတာတွေက ပိုများပါတယ်။ ရာထူးကြီးသူတွေဟာ ကိုယ်ရဲ့လက်အောက်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အခြေအနေကို အမြဲတမ်းလေ့လာကြည့်ရှုနေရပါတယ်။ ဘာကြောင့် လဲဆိုရင် ခိုင်မာတဲ့ရပ်တည်မှု တိုင်းဟာ အောက်ခြေပိုင်းမှာပိုပြီးထုထည်ကြီးမားတာကို သူတို့နားလည်ထားလို့ပဲဖြစ်ပါတယ်။ ...

စကားတွေမှာ အမှားနည်းဖို့အတွက် ရှောင်ရမယ့်အကြောင်းအရာများ


လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့သူတွေဟာအတွေ့အကြုံ၊လုပ်သက်တွေများလာတဲ့အခါ ပရော်ဖက်ရှင် နယ်တစ်ယောက်လို အလုပ်ကိုလုပ် ကိုင်နိုင်လာ ကြပါတယ်။ လုပ်ကိုင်ရတဲ့တာဝန်ယူမှုများလာလေ စကားပြောရ တာ များလာလေဖြစ်တာကြောင့် အမှားကင်းစွာပြောနိုင်ဖို့ အရေးကြီးပါတယ်။ စကားများ များပြောရတာကြောင့် အမှားပါလာတတ်တာမို့ ကိုယ်ပြောတဲ့စကားတွေမှာ အမှားနည်းဖို့အတွက် ရှောင်ရမယ့် အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။ ...

ကိုယ်ပိုင်အလုပ်တစ်ခုကို လုပ်ကိုင်နေတယ်လို့ ခံစားမိစေနိုင်တဲ့ လုပ်ငန်းခွင်တွင်း ရင်းနှီးမှု


အလုပ်ရှင်နဲ့အလုပ်သမား ဆိုပြီး သတ်မှတ်လိုက်တဲ့လုပ်ငန်းတစ်ခုနဲ့ လုပ်ဖောက်ကိုင်ဖက်ချင်း ရည်မှန်း ချက်တစ်ခုကို အတူတကွလုပ်ကိုင်ရင်း မိသားစုတစ်ခုလို ဆက်ဆံမှုရှိတဲ့ လုပ်ငန်းတစ်ခုကြား လုပ်ဆောင်မှုခြင်း ခြားနားသလို ရလဒ်ကောင်းပိုင်ဆိုင်မှုခြင်းလည်း တူညီမှုမရှိနိုင်ပါဘူး။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုတဲ့ စကားပုံ အတိုင်း အပြန်အလှန် လေးစားဆက်ဆံမှုတွေနဲ့ သင်ယူစရာတွေကို လေ့လာသင်ယူရင်း ကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ရင်းနှီးမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ဆိုရင်ဝန်ထမ်းတွေဟာတစ်ခါတလေမှာ သူများအလုပ်လုပ်နေတယ်ဆိုတာကိုမေ့နေပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို လုပ်ကိုင်နေတယ်လို့ ခံစားမိတာမျိုးတွေ ရှိတတ်ပါတယ်။ ...

ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာပြီး စွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်လာဖို့


မြန်မာစကားမှာ ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီ ဆိုတာရှိပါတယ်။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ကူညီရိုင်းပင်း တဲ့သဘောမျိုး အဓိပ္ပာယ်သက်ရောက်ပြီး နှစ်ဘက်စလုံးအကျိုးရှိစေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောဆိုလုပ်ကိုင်ရတာတွေရှိတာကြောင့် တစ်ဖက် တည်း အဆင်ပြေတာထက် နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာမှာပဲဖြစ်ပါတယ်။ ...

အမြင်မတူတာတွေကြောင့် ဆုံးရှုံးနစ်နာမယ့်အကြောင်းတွေက ကင်းဝေးဖို့


တစ်ဦးတစ်ယောက်ထက်ပိုမိုပါဝင်လာပြီဆိုရင် အနည်းဆုံးကတော့ တစ်ချိန်ချိန်မှာ ညှိုနိုင်းမှုတွေပြုလုပ် ရမှာပဲဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ်စိတ်နဲ့ ကိုယ်ကိုယ်တိုင်တောင်ထပ်တူမကြတဲ့အခါမျိုးတွေရှိတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံနိုင်မှ အဆင်ပြေမှာ ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင် ထဲမှာဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ် တစ်ခါတလေ အမြင်ချင်းမတူတဲ့ဆန့်ကျင်တဲ့ အကြောင်း အရာတွေဖြစ် တတ်ပါတယ်။ အဲ့လိုအခါမျိုးတွေမှာအဆင်ပြေအောင်လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် ဆုံးရှုံးမှုတွေရှိလာနိုင်တာ ကိုတွေ့ရပါတယ်။ ...

လက်ရှိလုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးမှု ရှိပါ


လက်ရှိအခြေအနေထက်တိုးတက်ချင်တယ်ဆိုရင်တော့ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုပိုမို ချစ်မြတ်နိုး ပါ ဆိုတဲ့စကားရှိပါတယ်။ တစ်ချို့သောသူတွေက လက်ရှိအလုပ်ကို လုပ်ကိုင်နေရပေမဲ့ အလုပ်မှာ မပျော်ရွှင်မှု တွေရှိနေတတ်ပါတယ်။ဒါဟာကိုယ်လုပ်နေတဲ့အလုပ်အပေါ်ကို လေးစားမှုမရှိခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင် နေတဲ့အလုပ်ဟာ အခုအချိန်မှာ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာကို နားမလည်ခြင်းလည်းဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ ပျော်ရွှင်ခြင်းမရှိဘူးဆိုရင် အဆင်မပြေမှုတွေကို ကြုံရနိုင်ပြီး ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ နှောင့်နှေးနေမှာပဲ ဖြစ်ပါတယ်။ ...

လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်ခြင်း ရေရှည်အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန်


လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူက အခြားသူတွေထက် ပိုမိုတွင်ကျယ်စွာအလုပ် ကို လုပ်ကိုင်နိုင်သလို အသိမိတ်ဆွေလည်း ပိုများပြားပါတယ်။မိတ်ဆွေအပေါင်းအသင်းများတာကြောင့် စကား ပြောဆိုရတာပိုများမှာဖြစ်ပါတယ်။စကားဆိုတာစပြောကတည်းက စပြီးကားတဲ့သဘောရှိတာကြောင့် ကိုယ်ပြော တဲ့ စကားကို ကိုယ်တာဝန်ယူနိုင်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းခွင်ထဲမှာ အပေါင်းအသင်းများတဲ့သူတွေအနေ နဲ့ လုပ်ဖော်ကိုင်ဖက်ခြင်း ရှေရည်တည်တံစွာ အတူလုပ်ကိုင်နိုင်ဖို့ အပြင်းအထန်မဆွေးနွေးသင့်တဲ့ အကြောင်း အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ...
×
NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON