published at :

    လက်ရှိအခြေအနေထက်တိုးတက်ချင်တယ်ဆိုရင်တော့ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုပိုမို ချစ်မြတ်နိုး ပါ ဆိုတဲ့စကားရှိပါတယ်။ တစ်ချို့သောသူတွေက လက်ရှိအလုပ်ကို လုပ်ကိုင်နေရပေမဲ့ အလုပ်မှာ မပျော်ရွှင်မှု တွေရှိနေတတ်ပါတယ်။ဒါဟာကိုယ်လုပ်နေတဲ့အလုပ်အပေါ်ကို လေးစားမှုမရှိခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင် နေတဲ့အလုပ်ဟာ အခုအချိန်မှာ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာကို နားမလည်ခြင်းလည်းဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ ပျော်ရွှင်ခြင်းမရှိဘူးဆိုရင် အဆင်မပြေမှုတွေကို ကြုံရနိုင်ပြီး ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ နှောင့်နှေးနေမှာပဲ ဖြစ်ပါတယ်။

        လုပ်ငန်းခွင်ထဲမှာဆိုရင် အားလုံးဟာ ကိုယ်တာဝန်ယူထားရတဲ့လုပ်ဆောင်မှုကို အကောင်းဆုံး လုပ်ဆောင်လေ့ရှိကြပါတယ်။ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့သူနဲ့ တာဝန်ကျေလုပ်တဲ့သူကြားမှာ စိတ်အား ထက်သန်မှုမတူညီတာကြောင့် အချိန်တစ်ခုကြာတဲ့အခါမှာ ပရော်ဖက်ရှင်နယ် ပီသတဲ့သူတွေသာ အောင်မြင်မှု ရရှိသူတွေဖြစ်သွားကြပါတယ်။ပရော်ဖက်ရှင်နယ်ပီသတယ်ဆိုတာ တစ်နေ့တစ်ရက်တည်း သို့မဟုတ် တစ်လ နှစ်လ၊ တစ်နှစ်လောက်တည်းနဲ့ တည်ဆောက်လို့တော့ မရပါဘူး။ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ကိုယ်လုပ်နေစဉ် ကာလအတွင်း အကောင်းဆုံးလုပ်ဆောင်နေရင်း လုပ်ငန်းရော ကိုယ်ကိုယ်တိုင်ပါ တိုးတက်မှုရှိမှ ပရော်ဖက်ရှင် ပီသတဲ့သူ တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

        ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့အတွက်အဓိကလိုအပ်တာကတော့စိတ်အားထက်သန်မှုပါ။ ထိန်းချုပ်ရ အခက်ဆုံးက စိတ်ဆိုတဲ့အတိုင်း စိတ်အား ထက်သန် မှုတွေ အမျိုးမျိုးကြားက အလုပ်ပေါ်မှာထားတဲ့ စိတ်အား ထက်သန်မှုသာ အကောင်းဆုံးဖြစ်နေခဲ့မယ်ဆိုရင် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ နီးစပ်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ အောင်မြင်မှုကို ရရှိထားတဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို သူတို့လုပ်ကိုင်နေတဲ့ အလုပ်ထဲကို ပိုမို ပေါင်းထည့်ပြီး လုပ်ကိုင်လေ့ရှိတာ တွေ့ရပါတယ်။

  ငွေကြေးတစ်ခုသတ်မှတ်ထားပြီဆိုကတည်းကတန်ဖိုးဆိုတာပါလာပြီပဲ ဖြစ်ပါတယ်။တစ်ဦးတစ်ယောက် ချင်းစီမှာ ကိုယ်ပိုင်တန်ဖိုးတစ်ခုဆီတော့ ရှိကြပါတယ်။ လက်ရှိတန်ဖိုးထက် ပိုမိုများပြားလာတဲ့တန်ဖိုးတစ်ခု ဖြစ်ဖို့ ကတော့ ကိုယ်ရဲ့ ကြိုးစားမှုကပဲ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ကြိုးစားမှုဆို တဲ့နေရာ မှာလည်း အပင်စိုက်သလိုမျိုး စိုက်ထားတယ်ဆိုပြီးပစ်ထားလို့မရပါဘူး။ လိုအပ်တဲ့စောင့်ရှောက်မှုတွေပေးမှ ရှင်သန်ကြီးထွားသလိုမျိုး ကိုယ်ရဲ့ ကြိုးစားမှုမှာလည်း လိုအပ်တာတွေကို ကိုယ်တိုင်ဖြည့်စွက်ရမှာပဲ ဖြစ်ပါတယ်။ ကြိုးစားမှု ပြုလုပ်နေတဲ့အချိန်မှာ တစ်ခုသတိထားရမှာကတော့ အလွယ်ကူဆုံးနည်းလမ်းတွေကို မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။ဘယ်အရာမှ အလွယ် တကူ ရရှိလေ့မရှိတာကြောင့် လက်ရှိအချိန်မှာ ကိုယ်သက်သာမယ့်နည်းကို ရွေးခဲ့မယ်ဆိုရင် တစ်ချိန်မှာ အခက်အခဲတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ရည်မှန်းချက်ပန်းတိုင်ကိုတည်ဆောက်တဲ့အခါမှာ ပိရမစ် တွေရဲ့တည်ဆောက်မှုကို အခြေခံပြီး တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON