published at :

ဘ ဝ မှာ
လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလို
တန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး။


စစ်မှန်တဲ့ အောင်မြင်မှုတိုင်းမှာ
မှန်ကန်တဲ့ ကြိုးစားအားထုက်မှုဆိုတာ ရှိကို ရှိတယ်
ဒုက္ခနဲ့ ဝေဖန်ခံရမှုကလွဲရင်
ကျန် တာ အ လ ကား မ ရ ဘူး။


ရောက်ချင်ရင် လျှောက်ရမယ်
ရ ချင် ရင်…ကြိုး စား ရ မယ်
ပိုတော်ချင်ရင်  ပိုလေ့ကျင့်ရမယ်
သူများထက်ပိုသိချင်ရင် သူများထက်ပိုလေ့လာရမယ်။


ဘယ်အရာပဲဖြစ်ဖြစ် တန်ရာတန်ရာတော့ ပေးရတာပဲ
သူကြိုးစားနေတဲ့အချိန်မှာ ကိုယ်ကအိပ်နေပြီး

ကိုယ်ကျရှုံးချိန်မှာ သူအောင်မြင်သွားမှ မင်းက ကံကောင်းတယ်လို့ သွား မပြောနဲ့။


ကိုယ့်ရဲ့ ကြိုစားအားထုတ်မှုဟာ ကိုယ့်ဘဝဖြစ်လာမှာပဲ
လိုချင်တာတစ်ခု ရဖို့ အခက်အခဲ များစွာကျော်ဖြတ်ရသလို
ပန်းတိုင်ကို ရောက်ဖို့ဆိုတာလဲ အတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းပြီး

ကြိုးကြိုးစားစား ဇွဲလုံလနဲ့ သွားနိုင်မှ ရတာပါ။


ကိုယ့်ကိုယ်ကို ပြန်မေးပါ
ဒီအရာကို ငါ တကယ်လိုချင်တာဟုတ်ရဲ့လားလို့
တ ကယ် လို ချင် တယ် ဆို ရင်
တကယ်ကြိုးစားပါ ဘယ်တော့မှ အားမလျှော့နဲ့။


ဝိရီယထားပြီး လိုချင်စိတ်နဲ့ လုပ်တဲ့သူအတွက်
ထိုက် တန် တဲ့ နေ ရာ တစ် ခု တော့ ရှိ စ မြဲ ပါ ပဲ
အ ရေး ကြီး တာ က
မင်း အား မ လျှော့ လိုက် ဖို့ ဘဲ လို တယ် ။


Credit

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON