published at :

            လုပ်ငန်းခွင်တစ်ခုမှာဆိုရင် အများနဲ့ ပြောဆိုလုပ်ကိုင်ရတာကြောင့် အားလုံးနဲ့ အဆင်ပြေအောင် လုပ်ကိုင်နိုင်မှ သာလျှင် ပျော်ရွှင်မှုရမှာ ဖြစ်ပါတယ်။ ပျော်ရွှင်နေမှသာ အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မယ်ဆိုတာအားလုံးနား လည် ထားကြပါတယ်။ အလုပ်ထဲမှာပျော်ရွှင်မှုမရတဲ့သူဟာ အလုပ်ကိုကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်ဘဲ သူ့အတွေးမှာ အခြားအကြောင်းအရာကိုပဲ တွေးနေမိမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီလို ဖြစ်ရပ်မျိုးတွေ့ကြုံတွေ့ရ တတ်တဲ့ လုပ်ငန်းခွင်မှာ ရာထူးနေရာကြီးတဲ့သူတွေအတွက် တာဝန်ဝတ္တရားယူပြီး လုပ်ဆောင်ရတာတွေက ပိုများပါတယ်။ ရာထူးကြီးသူတွေဟာ ကိုယ်ရဲ့လက်အောက်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အခြေအနေကို အမြဲတမ်းလေ့လာကြည့်ရှုနေရပါတယ်။ ဘာကြောင့် လဲဆိုရင် ခိုင်မာတဲ့ရပ်တည်မှု တိုင်းဟာ အောက်ခြေပိုင်းမှာပိုပြီးထုထည်ကြီးမားတာကို သူတို့နားလည်ထားလို့ပဲဖြစ်ပါတယ်။

            ဒါကြောင့် သူတို့တွေဟာ လုပ်ငန်းခွင်ထဲမှာ အများနဲ့မတူဘဲ ကွဲပြားခြားနားနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို ဒီလိုအ ချက်တွေနဲ့ထိန်းသိမ်းဖို့ကြိုးစားကြပါတယ်။ ရာထူးကြီးတဲ့သူတိုင်းဟာ ကိုယ်လက်အောက်ကသူတွေ စွမ်းဆောင်ရည်ကောင်း ဖို့ အလိုရှိကြပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ဟာ အဆင်မပြေမှုဖြစ်လာပြီ ဆိုရင်လည်း သူတို့ အရင်ဆုံး မဆုံးဖြတ်ဘဲ အဆင်မပြေဖြစ်သူကို အရင်ဆုံးမေးခွန်းတွေမေးလေ့ရှိသလို လွတ်လပ်စွာပြောဆိုခွင့်ပေးလေ့ရှိပါတယ်။ အဲ့လိုပြီးရင်တော့ သူတို့ဟာ ရှင်းလင်းပြတ်သားပြီး အကောင်းဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်အချို့ကို ပြောပြလေ့ရှိပါတယ်။

            အခက်အခဲနဲ့ ကြုံနေတဲ့သူ ပြောတာတွေကို သူတို့ဟာ မှတ်တမ်းပုံစံမျိုးပြုလုပ်ထားပြီး အခြားသူတွေ ဒီလိုဖြစ်ရပ် မျိုးကြုံလာရင်လည်း အလွယ်တကူဖြေ ရှင်းပေးလေ့ရှိကြပါတယ်။တစ်ခါတလေ ကိုယ်ကမဖြစ်နိုင်ဘူးလို့ ပြောတဲ့အခါမျိုးတွေ ရှိခဲ့ရင်တောင် သူတို့ကမဖြစ်နိုင်ဘူးဆိုတာကို ပြောလေ့မရှိဘဲဖြစ်နိုင် မယ့်နည်းလမ်းတွေကို ရှာဖွေလေ့ရှိတာ တွေ့ရပါမယ်။ အဲ့ဒီအချိန်မျိုးမှာဆိုရင် သူတို့ဟာ သင်ကို အပြစ်ပြောဆိုခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘဲ သူတို့ကိုယ်တိုင် လုပ်ဆောင်ပြပြီး ဘာ ကြောင့် သူတို့ဟာ ရာထူးကြီးနေရာယူထားတယ်ဆိုတာကို သက်သေပြမှာပါ။ ပြီးရင်တော့ လေ့လာသင်ယူမှုတွေ ဒီထက် ပိုပြီး လုပ်ဆောင် ရဦးမယ်လို့ သင့်ကို ပြောဆိုမှာပဲ ဖြစ်ပါတယ်။

            ရာထူးကြီးနေရာယူထားတဲ့သူတွေဟာ ကိုယ်ရဲ့အဖွဲ့အစည်းတိုးတက်ဖို့ကိုလည်း အမြဲတမ်းစဉ်းစားနေလေ့ရှိပါ တယ်။ တာဝန်ယူမှုရှိတဲ့ ရာထူးကြီးသူတွေ ဟာ အပြောနဲ့လုပ်ဆောင်ခြင်းမျိုးမပြုလုပ်ဘဲ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ပြီး အဖွဲ့ တစ်ခုလုံးကို စွမ်းဆောင်ရည်မြှင့်တက်လာအောင် လုပ်ဆောင့်လေ့ရှိပါတယ်။ ကိုယ်ရည်သွေးပြီး ပြောဆိုခြင်းမျိုးထက် သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ ၊ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေကိုပြောပြပြီး စွမ်းဆောင်ရည်မြှင့်တင်မှုမျိုးကိုလည်း လုပ်ဆောင်လေ့ရှိပါတယ်။တာဝန်ယူမှုရှိပြီး ရာထူးကြီးနေရာယူထားတဲ့သူတွေဟာ အခြားသူတစ်ယောက်ရဲ့ အားနည်းမှုကို ထောက်ပြပြောခြင်းမပြုဘဲ သူရဲ့စွမ်းဆောင်နိုင်မှုအကောင်းဆုံး လုပ်ဆောင်တယ်ဆိုတာကို လက်ခံသလို၊ အားနည်ချက်ကို လည်း နည်းသထက်နည်းအောင် လျော့ချပေးမှု ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON