published at :

            လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့သူတွေဟာအတွေ့အကြုံ၊လုပ်သက်တွေများလာတဲ့အခါ ပရော်ဖက်ရှင် နယ်တစ်ယောက်လို အလုပ်ကိုလုပ် ကိုင်နိုင်လာ ကြပါတယ်။ လုပ်ကိုင်ရတဲ့တာဝန်ယူမှုများလာလေ စကားပြောရ တာ များလာလေဖြစ်တာကြောင့် အမှားကင်းစွာပြောနိုင်ဖို့ အရေးကြီးပါတယ်။ စကားများ များပြောရတာကြောင့် အမှားပါလာတတ်တာမို့ ကိုယ်ပြောတဲ့စကားတွေမှာ အမှားနည်းဖို့အတွက် ရှောင်ရမယ့် အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

            လူမျိုး၊ ကိုးကွယ်တဲ့ဘာသာနဲ့ နိုင်ငံရေးအကြောင်းတွေကို လုပ်ငန်းခွင်ထဲမှာ ဆွေးနွေးမှုပြုလုပ်တဲ့အခါ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါမျိုးတွေမှာ မလို လားအပ်တာတွေ ဖြစ်တတ်တာကြောင့် တတ်နိုင် သလောက် ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။ဒါအပြင် အမှန်တရားမဟုတ်ဘဲ ကိုယ်ထင်နေတဲ့အမှန်တစ်ခုကိုလည်း သူများ လက်ခံလာအောင် အတင်းပြောဆိုခြင်းမျိုးကိုလည်း ရှောင်ရမှာပဲ ဖြစ်ပါတယ်။တကယ်လို့ အခြားတစ် ယောက်က ကိုယ်ကိုလာပြီး ပြောဆိုလာ ခဲ့မယ်ဆိုရင်လည်း စကားလာပြောသူကို ပြုံးပြပြီး အလုပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အရင်ပြီးဆုံးအောင်လုပ်ပြီးမှ ဒီအကြောင်းပြောကြရအောင်ဆိုပြီး ရှောင်လွဲသင့်တယ်လို့ ပြောထားပါတယ်။

            လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုနဲ့ ရင်ဆိုင်နေရပြီး ကိုယ်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းနေတဲ့အခါ မျိုးတွေမှာလည်း စကားပြောတဲ့အခါ သတိထား ရပါမယ်။ အစကတည်းက အဆင်မပြေမှုကြောင့် စိတ်ညစ်နေတဲ့ အချိန်မှာ အခြားအကြောင်းအရာတစ်ခုက အဆင်မပြေတာမျိုး၊ စကားပြောရတာ အဆင်ပြေမှု မရှိတာမျိုးတွေမှာ မထင်မှတ်ဘဲ ဒေါသထွက်တတ်တာကြောင့် အထူးသတိထားရမှာပဲဖြစ်ပါတယ်။

            စောင်းမြောင်းပြောဆိုခြင်းတွေကိုလည်းရှောင်ကြဉ်ရပါမယ်။လုပ်ငန်းခွင်ထဲမှာအခြားသူတစ်ဦးတစ် ယောက်ကို တိုက်ရိုက်ပြောဆိုလို့မရတဲ့အခါ စောင်း မြောင်းပြောဆိုတာမျိုးတွေ မပြုလုပ်ရပါဘူး။ အဆင်မပြေမှု ရှိတဲ့အခါ တိုက်ရိုက်ပြောဆိုပြီး ရှိနေတဲ့အခက်အခဲကိုပြေလည်အောင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ မမှန်ကန်တဲ့ စကားမပြောမိဖို့ကတော့ အရေးကြီးဆုံးပဲဖြစ်ပါတယ်။ မမှန်တဲ့စကားဟာ တစ်ဦးတစ်ယောက်ကိုမှ အကျိုးရှိစေ တာ မဟုတ်တဲ့အတွက် ကိုယ်တိုင် လည်း မပြောမိဖို့ကြိုးစားရမှာဖြစ်သလို အခြားသူပြောလာခဲ့မယ်ဆိုရင်လည်း နားမယောင်မိဖို့ အရေးကြီးပါတယ်။

            နောက်ဆုံးတစ်ခုကတော့ အတင်းပြောဆိုခြင်းပဲဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာ ဖြစ်ဖြစ်၊အခြားဘယ်နေ ရာမှာပဲဖြစ်ဖြစ် အတင်းပြောဆိုမှုမျိုးကို ရှောင်ကြဉ်ရ ပါမယ်။ မြန်မာစကားပုံ တစ်ခုဖြစ်တဲ့ ဗူးတစ်ရာပိတ်လို့ရပေမဲ့ ပါးစပ်တစ်ခု ပိတ်ဖို့မလွယ်ကူတာကြောင့် ကိုယ်ပြောလိုက်စကား၊ကိုယ်သိလိုက်ရတဲ့စကားဟာ အများအပြား ပျံနှံသွားမှာပဲဖြစ်ပါတယ်။ သူတစ်ပါးထိခိုက်နစ်နာစေမယ့်အကြောင်းအရာတွေကိုတော့ ဘယ်သူကိုမှ မပြောသင့် ဘဲ ကိုယ်တိုင်မဖြေရှင်းနိုင် တဲ့အခက်အခဲ၊ အခြားတစ်ယောက်ယောက်ကို ပြောပြလိုက်မှ လက်ရှိခံစားနေရတာ သက်သာစေမယ့်ကိစ္စမျိုးတွေဆိုရင်တော့ ကိုယ်ရဲ့အရင်းနှီးဆုံးသူ တစ်ယောက်ယောက်ကို ဖွင့်ပြောလို့ရပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON