published at :

            အသက်အရွယ်ရလာတဲ့လူတစ်ယောက်ဟာ ကိုယ်ပိုင်အလုပ်တစ်ခုကိုမလုပ်နိုင်ဘူးဆိုရင် အခြားသူဆီမှာ ဝင်ငွေ ရတဲ့အလုပ်တစ်ခုကိုလုပ်ကိုင်ရတာဟာ အမှန်တရားတစ်ခုပါ။ အလုပ်ကြိုးစားတဲ့သူတွေရှိပေမဲ့ အချို့သောသူတွေဟာ တစ်ခါတလေမှာ အလုပ်ကြိုးစားချင်စိတ်တွေပျောက်ဆုံးနေတတ် ပါတယ်။ ဒါကြောင့် ဒီစာပိုဒ်လေးမှာ ပါဝင်တဲ့အချက်လေး တွေဟာ အကျိုးရှိစေမယ်လို့ မျှော်လင့်တာကြောင့် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ အလုပ်ရှင်အများစုကတော့ ဒီအချက် တွေထဲမှာပါဝင်တဲ့ ဝန်ထမ်းတွေကိုတော့ နှစ်သက်ခြင်း မရှိတာကိုတွေ့ရပါတယ်။

(၁)    ဝန်ထမ်းဘဝကိုပဲ ခုံမင်သူ

        ဝန်ထမ်းတစ်ယောက်ဟာ အလုပ်ကိုစတင်လုပ်ကိုင်တဲ့အချိန်မှာ အားစိုက်ထုတ်မှုအကောင်းဆုံးဖြစ်ပေမဲ့ အချိန်ကြာလာတာ နဲ့အမျှ အလုပ်အပေါ်အားစိုက်မှု နည်းပါးလာတတ်ကြပါတယ်။ ဒါဘာကြောင့်ဖြစ်လဲဆိုရင် သူတို့မှာ ရည်မှန်းချက်ပန်းတိုင် မရှိဘူး၊ဘာလုပ်မယ်ဆိုတဲ့အစီအစဉ်မရှိဘူး၊ ဘယ်အချိန်မှာဘာကို လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက် မရှိတာတွေကြောင့်ဖြစ်ပါ တယ်။သူတို့ဟာ ဒီအလုပ်မှာ လုပ်ရတာ အဆင်မပြေဖြစ်လာတဲ့အခါ အခြားအလုပ်ကိုပြောင်းရွေ့ဖို့ အလွယ်တကူဆုံးဖြတ် နိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။ဒါကြောင့် အလုပ်ရှင်အများစုက သူတို့တွေကို ကြိုက်နှစ်သက်လေ့မရှိတာ ဖြစ်ပါတယ်။

(၂)    ကိုယ်တစ်ယောက်တည်းအတွက်တာဝန်ကျေအောင်လုပ်သူ

    ဒီတစ်ယောက်က အပေါ်ကသူထက်တော့ အနည်းငယ်သာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ဖြစ်ပေမဲ့ သူဟာ အများနဲ့အဆင်ပြေမှုမရှိဘဲ ကိုယ်တာဝန်ယူထားတဲ့အလုပ်တာဝန်ပြီးဆုံးဖို့ပဲ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။ အချို့သူတွေက လက်ခံတယ်ဆိုပေမဲ့ တစ်ခါတလေမှာ သူတို့ရဲ့ တစ်ယူသန် စိတ်ထားကြောင့် အခြားသူနဲ့ ညှိနိုင်းမှုပြုလုပ်နိုင်ခြင်းမရှိသလို အခြားသူရဲ့ အကြံဥာဏ်ကိုလည်း လက်ခံလေ့မရှိကြပါဘူး။ သူရဲ့ဆုံးဖြတ်ချက်သာ သူအတွက် အဓိကဖြစ်ပြီး တိုက်ဆိုင်မှု မရှိခဲ့ရင် ဘယ်သူမျက်နှာကိုမှ ကြည့်မှာမဟုတ်ဘဲ ကိုယ်ထင်ရာ ကိုယ်လုပ်နိုင်တဲ့သူမျိုး ဖြစ်ပါတယ်။

(၃)    လိမ်လည်ပြောတတ်တဲ့သူ

        ဒီလူမျိုးကိုတော့ ဘယ်အလုပ်ရှင်ကမှ သဘောကျလေ့မရှိကြပါဘူး။ ဒီလူမျိုးတွေဟာ လုပ်ငန်းခွင်ထဲမှာ ရှိတာရှားပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ တွေ့ရတတ်ပါတယ်။ လိမ်လည်ပြောဆိုမှုပေါ်တဲ့အချိန်ဟာ ကိုယ်ရဲ့အလုပ်ကို ထိခိုက်မယ် ဆိုတာ ဝန်ထမ်းတိုင်းသိထားကြလို့ အများစုက ရှောင်ကြဉ်လေ့ရှိ ကြပါတယ်။ လိမ်လည်ပြောဆိုတဲ့သူဟာ အကြောင်းပြ ချက်မျိုးစုံရှိတတ်တာကြောင့် ဒီလိုမျိုးသူတွေကိုတော့ အလုပ်ရှင်တွေအနေနဲ့ လက်ခံလေ့မရှိတာဘဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON