published at :

မိဘကိုလုပ်ကျွေးတဲ့သူက
ရှာဖွေရပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက
ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက
ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ
အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့ ဆင်ခြေတွေအစား
ကိုယ်တတ်နိုင်သလောက်လေး ဝယ်ပေးတတ်တဲ့
အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်
ဖိနပ်လေးတရံနဲ့တင် သူ့တို့ကို စိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။
မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။
ကိုယ့်ဆီက နည်းနည်းရပီး များများပြန်ပေးချင်သူက မိဘတွေအပြင်မရှိပါဘူး။

လက်ရှိ အောင်မြင်နေတဲ့သူတွေကို ကြည့်ရင်
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကို သိတတ်သူတွေ ၊ မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေပဲ
မယုံမရှိနဲ့ ...

သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာကို
သူတို့ယုံကြည်တယ်။

Credit

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON