published at :

            လူမှုဆက်ဆံရေးဆိုတာ ဘာလဲ?။ လူမှုဆက်ဆံရေးဆိုတာ ကိုယ်မဟုတ်တဲ့အခြားသူ တစ်ဦးတစ်ယောက်နဲ့ ပြောဆိုပြုမှုလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုတာ စကားပြောကောင်း တာနဲ့တင်မဟုတ်ဘူး။ ကိုယ်ရဲ့အပြုအမူကောင်းမွန်တာလည်း လူမှုဆက်ဆံရေးကောင်းတာပဲဖြစ် ပါတယ်။ လူတစ်ဦးဟာ လူမှုဆက်ဆံရေး ကောင်း တဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူနဲ့သက်ဆိုင်တဲ့သူတွေကြားမှာ ထင်ရှားနေမှာပဲ ဖြစ်ပါတယ်။ လူမှုဆက် ဆံရေးဟာ အရေးကြီးသလို နူးညံဖို့လည်း လိုအပ်ပါတယ်။

            မြန်မာစကားပုံတွေမှာ “အပြောမတတ်တော့ဆဲသလို” ဆိုသလိုမျိုး တစ်ချို့သောသူတွေက ဆက်ဆံရေးကောင်း ပေမဲ့ စကားပြောမတတ်တာကြောင့် တစ်ခါတလေမှာ အခက်အခဲနဲ့ကြုံရတဲ့အခါမျိုးတွေ ရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့ဝန်ထမ်းတစ်ဦးအတွက်တော့ လူမှုဆက်ဆံရေးကောင်း မွန်ဖို့ဆိုတာ အရေးကြီးဆုံးအချက် တစ်ချက်လို့ ဆို ရမှာပဲဖြစ်ပါတယ်။အလုပ်ရှင်အများစုကလည်းလုပ်ငန်းမကျွမ်းကျင်ပေမဲ့ လူမှုဆက်ဆံရေးကောင်း တဲ့သူတွေကို ပိုမိုအလို ရှိတာကိုလေ့လာမှုပြုထားတဲ့ မှတ်တမ်းတွေအရ တွေ့ရပါတယ်။ လူမှုဆက်ဆံရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ကိုယ်ကပြုမှု လုပ်ဆောင်ရတာဖြစ်ပေမဲ့ တကယ်ဆုံးဖြတ်ပေးတာကတော့ ကိုယ်နဲ့ ပတ်သက်နေတဲ့သူတွေကပဲ ဖြစ်ပါတယ်။

            ဒီလိုအရေးကြီးတဲ့လူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ်က ဘာတွေလုပ်ဆောင်ရမလဲ။ ဒီအ ချက်လေးတွေ ကိုယ်မှာအရင်ရှိရဲ့ လားကြည့်ပါ။ မရှိသေးဘူးဆိုရင်တော့ရှိအောင် မဖြစ်မနေကြိုးစားရပါမယ်။ ပထမဆုံး အချက်အနေနဲ့ကတော့ ကိုယ်ချင်းစာတရားပါ။ ကိုယ်ချင်းစာတရားဆိုတာ အခြားသူတစ်ဦးရဲ့နေရာမှာ အစားထိုး ဝင် ရောက်ကြည့်ခြင်းပါ။ ကိုယ်မကြိုက်တာကိုသူများလာလုပ်ရင် စိတ်ထဲမကျေမနပ်ဖြစ်သလိုမျိုး သူများမကြိုက်တာ ကိုယ် မလုပ်မိအောင် ပြုမှုပြီးနေထိုင်ရမှာဖြစ်ပါတယ်။ပြီးတော့ ပူးပေါင်းဆောင်ရွက်ခြင်း။လုပ်ငန်းခွင်ဖြစ်တာကြောင့် တစ်ဦး တစ် ယောက်တည်းလုပ်ရတဲ့ အလုပ်က နည်းပါတယ်။ အသင်းအဖွဲ့နဲ့လုပ်ဆောင်တဲ့ကိစ္စရပ်တွေမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်း အတာကို အပြည့်ဝဆုံးလုပ်ကိုင်ပေးခြင်းမျိုးဟာ အခြားသူ တွေရဲ့ နှစ်သက်ခြင်းကိုခံရမှာဖြစ်ပါတယ်။

            နောက်ထပ်အချက်တစ်ချက်က စကားပြောစွမ်းရည်ကောင်းဖို့ပါပဲ။ ကိုယ်မသိသေးတဲ့သူတွေနဲ့ ရင်းနှီးဖို့ ဆိုတာ အပြန်အလှန်စကားပြောဖို့လိုအပ်ပါတယ်။ သူဘက်ကစပြီး မပြောခဲ့ဘူးဆိုရင်တောင် ကိုယ်ဘက်က သူအလုပ်တာဝန်တွေ အားတဲ့အချိန်မှာစကားပြောပေးရမှာဖြစ်ပါတယ်။ရာထူးနဲ့ပြောမယ်ဆိုရင်တော့ ငယ်တဲ့သူကနေ ကြီးတဲ့သူကို အရင်စ ပြော ပေးရမှာဖြစ်ပါတယ်။ စကားပြောကောင်းရုံနဲ့ မရသေးပါဘူး၊ နားထောင်နိုင်တဲ့ စွမ်းရည်လည်း မြှင့်ဖို့ လိုအပ်ပါတယ်။ လူဆိုတာကိုယ်ပြောတာကိုအမှန်လို့ထင်တဲ့သူများတာကြောင့် အခြားသူပြောတာထက်ကိုယ်ပြောရတာကို နှစ်သက် လေ့ရှိသလို ကိုယ်စကားကို နားထောင်လေ့ရှိသူကိုလည်း နှစ်သက် လေ့ရှိကြပါတယ်။ ဒါကြောင့် စကားနည်းနည်းပဲပြောပြီး များများနားထောင်တတ်တဲ့ အလေ့အကျင့်ရအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့တော့ တစ်ဦး တစ်ယောက်တည်းမနေနဲ့ ။လုပ်ငန်းခွင်ထဲမှာရေရှည်လုပ်ကိုင်နိုင်ဖို့ဆိုတာ မိတ်ဆွေအပေါင်း အသင်းကောင်းရှိဖို့ လိုအပ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON