published at :

        တစ်ဦးတစ်ယောက်ထက်ပိုမိုပါဝင်လာပြီဆိုရင် အနည်းဆုံးကတော့ တစ်ချိန်ချိန်မှာ ညှိုနိုင်းမှုတွေပြုလုပ် ရမှာပဲဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ်စိတ်နဲ့ ကိုယ်ကိုယ်တိုင်တောင်ထပ်တူမကြတဲ့အခါမျိုးတွေရှိတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံနိုင်မှ အဆင်ပြေမှာ ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင် ထဲမှာဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ် တစ်ခါတလေ အမြင်ချင်းမတူတဲ့ဆန့်ကျင်တဲ့ အကြောင်း အရာတွေဖြစ် တတ်ပါတယ်။ အဲ့လိုအခါမျိုးတွေမှာအဆင်ပြေအောင်လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် ဆုံးရှုံးမှုတွေရှိလာနိုင်တာ ကိုတွေ့ရပါတယ်။

        ဒီလိုနားလည်မှုလွဲမှားတဲ့အကြောင်းအရာတွေဟာ မိမိပတ်ဝန်းကျင်မှာအများဆုံးကြုံတွေ့နေရတာဖြစ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ဖို့ကြိုးစားရမှာပဲဖြစ် ပါတယ်။ အဆင်မပြေမှုတွေကြုံနေတဲ့သူနဲ့စကားပြောတဲ့အခါမှာ သိ ထားရမှာက သူကိုဘယ်လိုအကြောင်းအရာမျိုးပြောရင် သူရဲ့အဆင်မပြေမှုကိုလျော့ချနိုင် မလဲ၊ သူအကြံဥာဏ် လိုအပ်တဲ့အခါမျိုးမှာ ဘယ်လိုအကောင်းဆုံးအရာမျိုးပေးနိုင်မလဲဆိုတာကို သိရှိရမှာပဲဖြစ်ပါတယ်။သူက အဆင် မပြေမှုတွေပြောပြနေတဲ့ အချိန်မှာ ကိုယ်က နားမထောင်ချင်တဲ့အမူအရာမျိုးတွေ၊ ကိုယ်ထင်တဲ့အကြံဥာဏ်ကို ပြန်ပြောနေတာမျိုးတွေက သူငယ်ချင်းကြား၊ လုပ်ဖောက်ကိုင် ဖက်ကြားတွေမှာ အဆင်မပြေမှုတွေရှိနိုင်ပါတယ်။

        လုပ်ငန်းခွင်တွေထဲမှာဆိုရင် ကိုယ်စီတာဝန်ယူရတဲ့အပိုင်းတွေရှိပါတယ်။ ကိုယ်တာဝန်ကို ပြည့်စုံစွာ ထမ်းဆောင်နိုင်ဖို့ အဓိကကျတယ်ဆိုပေမဲ့လည်း အခက်အခဲရှိနေတဲ့လုပ်ဖော်ကိုင်ဖက်ကို ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာထိ ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။ဒီလိုမလုပ်ဆောင်ခဲ့ရင် ကိုယ်လုပ်နိုင်တာကို သူသိတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြား အဆင်မပြေမှုတွေရှိလာပြီးရှေရှည်မှာ အလုပ်ကိုအတူတကွ တွဲပြီးလုပ်ဆောင် ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။
အချို့ကိစ္စရပ်တွေမှာ ကိုယ်သိနေတဲ့အဖြေကိုပြောပြခြင်းထက် သူကိုယ်တိုင်အဖြေသိဖို့ ပိုမိုလုပ်ဆောင် ပေးရမှာဖြစ်ပြီး လိုအပ်ချက်တွေကို သာထောက်ပြပေး ရမှာဖြစ်ပါတယ်။ လူဆိုတာ ကိုယ်တိုင်လုပ်ဆောင်ရတာကို ပိုမိုကြိုက်နှစ်သက်လေ့ရှိတာကြောင့် သူရဲ့လုပ်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်းက အဓိကအရေးကြီးတဲ့ အချက်ပဲ ဖြစ် ပါတယ်။ သူတို့ဆီမှာ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အဖြေရှိပြီးသားဖြစ်တာကြောင့် လိုအပ်တဲ့အကြောင်းအရာ တွေကို ပြောပြရမှာ ပဲဖြစ်ပါတယ်။ သူတို့ဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်အဖြေမရှိဘူးဆိုမှသာ ကိုယ်စဉ်းစားထားတဲ့ သူအတွက် အကောင်းဆုံးအဖြေကိုပြောပြပြီး ကြိုက်နှစ်သက်မှုရှိ ၊မရှိ မေးမြန်း ရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON