ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာပြီး စွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်လာဖို့


မြန်မာစကားမှာ ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီ ဆိုတာရှိပါတယ်။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ကူညီရိုင်းပင်း တဲ့သဘောမျိုး အဓိပ္ပာယ်သက်ရောက်ပြီး နှစ်ဘက်စလုံးအကျိုးရှိစေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောဆိုလုပ်ကိုင်ရတာတွေရှိတာကြောင့် တစ်ဖက် တည်း အဆင်ပြေတာထက် နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာမှာပဲဖြစ်ပါတယ်။ ...

ကိုယ်ဖမ်းဆုပ်လိုက်တဲ့ ဘောလုံးလေးက ကိုယ်အတွက် အရေးကြီးပါစေ


ကမ္ဘာ့ပေါ်မှာထိန်းချုပ်ရအခက်ဆုံးကမိမိရဲ့စိတ်ပင်ဖြစ်သည်။အခြားမည်သည့်အရာကိုမဆို ထိန်းချုပ်လို့ ရနိုင်ပေမဲ့ မိမိရဲ့စိတ်ကိုတော့ မိမိတစ်ယောက်သာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ စိတ်ဆိုတာ လေထဲမှာမြှောက်နေတဲ့ ဘောလုံးလေးတွေနဲ့တူပါတယ်။ကိုယ်ကအရေးကြီးတယ်လို့ထင်တဲ့ ဘောလုံးကိုဖမ်းဆုပ်ဖို့ကြိုးစားနေတာကြောင့် အခြား ဘောလုံးတွေကို ဖမ်းဆုပ်နိုင်ခြင်းမရှိသလို ဘောလုံးတွေအများကြီး ဖမ်းဆုပ်ချင်တဲ့အခါမျိုးတွေမှာဆိုရင်လည်း တစ်ခုမှ ဖမ်းဆုပ်နိုင်ခြင်းမရှိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ...

အင်တာဗျူးဖြေသူတွေကို မေးလေ့ရှိတဲ့ ဂျက်ဘီဇော့စ်ရဲ့ မေးခွန်း ၃ ခု


ပြောင်းလဲမှုတွေအမြဲတမ်းဖြစ်နေတဲ့ လောကကြီးမှာကိုယ်ဟာလည်းပြောင်းလဲမှုတွေကို လိုက်မီနိုင်အောင်ကြိုးစား ရမှာပဲ ဖြစ်ပါတယ်။ပြောင်းလဲမှုအမျိုးမျိုးကို လူတိုင်းဆီ လိုက်လံပြသဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ကိုယ့်အနီးအနားကလူကိုသာ ပြသဖို့အခွင့်အရေးရှိပေမဲ့ အင်တာနက်ကိုအသုံးပြုမယ်ဆိုရင်တော့ အားလုံးကိုပြသနိုင်မှာပဲ ဖြစ်ပါတယ်။လိုအပ်တဲ့အရာ တိုင်းကို အင်တာနက်အသုံးပြုပြီး အလွယ်တကူရှာနိုင်မယ်ဆိုရင်တော့ အသုံးပြုတဲ့သူတွေများလာမှာပဲဖြစ်ပါတယ်။ ဒီစကား ကို ပြောခဲ့တဲ့သူကတော့ လက်ရှိအွန်လိုင်းရောင်းဝယ်မှုအကောင်းဆုံး Amazon.com ကို တည်ထောင်ထားခဲ့တဲ့ ဂျက် ဘီဇော့စ် ကပြောခဲ့တာပဲ ဖြစ်ပါတယ်။ ...

Cover Letter


Cover Letter ဆိုတာ အလုပ်လျှောက်ရာမှာ မဖြစ်မနေပါရှိရမယ့် အဖွင့်စာမျက်နှာ (စာရွက်တစ်ရွက်စာ)တစ်မျက်နှာပဲဖြစ်ပါတယ်။ အဲဒီထဲမှာ မိမိ လျှောက်လိုတဲ့ အလုပ်အကိုင်၊ ထိုအလုပ်အကိုင်ကို မည်သည့်နေရာမှာ တွေ့ရှိခဲ့သလဲ၊ မိမိရဲ့အတွေ့အကြုံ/ပညာအရည်အချင်းအကျဉ်းနဲ့အတူ ဘာကြောင့် လျှောက်ထားလိုသည့်အလုပ်နှင့် မိမိရဲ့ အရည်အချင်း၊ အတွေ့အကြုံနဲ့ ကိုက်ညီကြောင်း စသည့် အကြောင်းအရာများကို အကျဉ်း ဖော်ပြပေးရမှာဖြစ်ပါတယ်။ ...

အောင်မြင်မှုရရှိစေဖို့ အိပ်ရာထဲက စောစောထွက်ပါ


မနက်စောစော အိပ်ရာထနိုင်ဖို့ကြိုးစားရပါမယ်။ ဒီစကားကိုပြောတဲ့အခါ အများစုကတော့ လက်မခံ ကြပါဘူး။ တစ်နေ့တာ ပင်ပန်းခဲ့ရတာတွေကို ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညပိုင်းရောက်မှသာ အသုံးပြုရတာဖြစ်တာကြောင့် လက်ရှိအချိန်မှာ လူငယ်၊လူလတ်ပိုင်း အချို့ဟာ သန်းခေါင်ယံအချိန်ထိတောင် အိပ်စက်ခြင်း မရှိသေး တာ တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ပုံမှန်ကျန်းမာရေးအတွက် တစ်နေ့တာအချိန်ကို ၈နာရီ သုံးပိုင်းခွဲခြားထား ပါတယ်။ အဲ့အထဲမှာအိပ်ချိန် ၈နာရီ ပါဝင်တယ်ဆိုပေမဲ့ လက်ရှိအချိန်မှာတော့ အလုပ်လုပ်နေတဲ့သူတစ်ယောက် ဟာ အိပ်ရေးဝအောင် အလုပ်ပိတ်ရက်မှသာ အိပ်နိုင်မှာပဲ ဖြစ်ပါတယ်။ ...

ဘ၀မှာ သင်ယူစရာတွေ ရှိနေဆဲပါ


သင်ယူမှုကိုရပ်တန့်လိုက်တာ ကိုယ်ကိုယ်ကို သတ်သေလိုက်တာနဲ့တူတယ်ဆိုပြီးပြောကြပါတယ်။ အတန်းပညာ၊ အတတ်ပညာတွေသင်ယူနိုင်တဲ့အချိန် ကာလ သတ်မှတ်လို့ရပေမဲ့အသိပညာသင်ယူမှုကိုတော့ အသက်ရှင်နေတဲ့ကာလ တစ်လျှောက်လုံးသင်ယူနေရမှာပဲဖြစ်ပါတယ်။ ဘဝမှာသင်ယူစရာ သင်ခန်း စာတွေ အများကြီး ရှိတယ်ဆိုပေမဲ့ လူသားတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့ အခြေခံအချက်တွေကိုဖော်ပြလိုက်ပါတယ်။ ...

ကျရှုံးဖူးတဲ့သူက အောင်မြင်မှုရဲ့ ချိုမြိန်ခြင်းကို ပိုမိုခံစားတတ်တယ်


ဘဝမှာ အောင်မြင်နေတဲ့သူတိုင်းဟာ ကျဆုံးမှုနဲ့ ရင်ဆိုင်ကြဖူးတဲ့သူတွေချည်းဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဟာသူတို့မှားခဲ့တဲ့အရာတွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ပြန်လည်ကြိုးစားခဲ့တာကြောင့် အောင်မြင် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့သူတွေဟာ သူတို့မှားခဲ့တဲ့အမှားတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မံလုပ်ဆောင်ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။ ဘဝနဲ့ စီးပွားရေးမှာ သင်ယူစရာတွေဆိုတာကုန်ဆုံးသွား ခြင်းမရှိပါဘူး။ အောင်မြင်မှုရခဲ့တဲ့ သူတွေကို အားကျလေ့ရှိကြပေမဲ့ မအောင်မြင်ခင်အချိန်မှာ သူတို့ကြိုးစားခဲ့ရ တာတွေကို အများစုဟာ မေ့လျော့နေတတ်ကြပါတယ်။အောင်မြင်တဲ့သူတွေဖြစ်ဖို့ ကျဆုံးနေချိန်မှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။ ...

မန်နေဂျာကောင်းတစ်ယောက်ရဲ့ တာဝန်များနဲ့ လုပ်ဆောင်နိုင်စွမ်းများ


မန်နေဂျာ(Manager)။မြန်မာလို့အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ လုပ်ငန်းတစ်ခုမှာစီမံအုပ်ချုပ်ခွင့်ရှိသူ တစ်ယောက်ပေါ့။ လုပ်ငန်းတစ်ခုကို ဦးဆောင်နေ သူဖြစ်ပေမဲ့သူဟာ လုပ်ငန်းရဲ့ပိုင်ရှင်လည်းဖြစ်ချင်မှဖြစ်ပါလိမ့် မယ်။ဒါပေမဲ့ မန်နေဂျာကောင်းတိုင်းမှာတော့ တူညီတဲ့စိတ်ကူးတွေရှိကြပြီး လက်ရှိလုပ်နေတဲ့ လုပ်ငန်းကို ပိုမို တိုးတက်ကောင်းမွန်စေချင်သလို လက်အောက်ဝန်ထမ်းတွေကိုလည်း တိုးတက်စေချင်တဲ့စိတ်ရှိကြတာပဲ ဖြစ်ပါ တယ်။သူရဲ့လက်အောက်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ လုပ်ငန်းအတွင်းမှာ အဆင်ပြေစွာလုပ်ကိုင်နိုင်အတွက် ဘာတွေလိုအပ်မှုရှိသလဲဆိုတာကို အမြဲစောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ...

အမြင်မတူတာတွေကြောင့် ဆုံးရှုံးနစ်နာမယ့်အကြောင်းတွေက ကင်းဝေးဖို့


တစ်ဦးတစ်ယောက်ထက်ပိုမိုပါဝင်လာပြီဆိုရင် အနည်းဆုံးကတော့ တစ်ချိန်ချိန်မှာ ညှိုနိုင်းမှုတွေပြုလုပ် ရမှာပဲဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ်စိတ်နဲ့ ကိုယ်ကိုယ်တိုင်တောင်ထပ်တူမကြတဲ့အခါမျိုးတွေရှိတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံနိုင်မှ အဆင်ပြေမှာ ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင် ထဲမှာဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ် တစ်ခါတလေ အမြင်ချင်းမတူတဲ့ဆန့်ကျင်တဲ့ အကြောင်း အရာတွေဖြစ် တတ်ပါတယ်။ အဲ့လိုအခါမျိုးတွေမှာအဆင်ပြေအောင်လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် ဆုံးရှုံးမှုတွေရှိလာနိုင်တာ ကိုတွေ့ရပါတယ်။ ...

ဇီးရိုးဘဝ မှ ဟီးရိုးဘဝ ရောက်အောင် ကြိုးစားခဲ့တဲ့ ကိုလိုနယ်ဆန်းဒါးစ်


ဘဝဆိုတာအခက်အခဲတွေနဲ့ပြည့်နှက်နေတယ်ဆိုတဲ့စကားကိုကြားဖူးကြပါလိမ့်မယ်။ဒါကိုမှ သဘာဝရဲ့ ထုံးစံအတိုင်း ကိုယ်ရဲ့အခက်အခဲကိုသာ အကြီးမား ဆုံး လို့ထင်လေ့ရှိကြပါတယ်။အခက်အခဲကြုံလာပြီဆိုရင် ဖြေရှင်းနိုင်တဲ့အခါမျိုးတွေရှိသလို မဖြေရှင်းနိုင်တဲ့အခါမျိုးတွေမှာ ကိုယ်ကိုယ်ကို မကျေနပ်မှုတွေ ရှိကြပါတယ်။ အခက်အခဲတွေကြားကနေ အကြိမ်ကြိမ်ထိုးဖောက်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့သူအကြောင်းကို ပြောပြပေးချင်ပါ တယ်။ အဲ့ဒီသူကတော့ ဘယ်လောက်အထိ အခက်အခဲတွေကြုံခဲ့ရသလဲဆိုရင် ကိုယ်ကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ပြီးမှ အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ...

လက်ရှိလုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးမှု ရှိပါ


လက်ရှိအခြေအနေထက်တိုးတက်ချင်တယ်ဆိုရင်တော့ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုပိုမို ချစ်မြတ်နိုး ပါ ဆိုတဲ့စကားရှိပါတယ်။ တစ်ချို့သောသူတွေက လက်ရှိအလုပ်ကို လုပ်ကိုင်နေရပေမဲ့ အလုပ်မှာ မပျော်ရွှင်မှု တွေရှိနေတတ်ပါတယ်။ဒါဟာကိုယ်လုပ်နေတဲ့အလုပ်အပေါ်ကို လေးစားမှုမရှိခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင် နေတဲ့အလုပ်ဟာ အခုအချိန်မှာ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်တယ်ဆိုတာကို နားမလည်ခြင်းလည်းဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ ပျော်ရွှင်ခြင်းမရှိဘူးဆိုရင် အဆင်မပြေမှုတွေကို ကြုံရနိုင်ပြီး ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ နှောင့်နှေးနေမှာပဲ ဖြစ်ပါတယ်။ ...

ယုန်နဲ့ လိပ် အပြေးပြိုင်ပွဲက ပေးခဲ့တဲ့ သင်ခန်းစာ


Newchallenges အားပေးသူတွေကို အပြောင်းအလဲလေးတစ်ခုဖြစ်သွားအောင် Admin Team က အလုပ်နဲ့ သက်ဆိုင်တဲ့၊ ဘဝအတွက် အကျိုးရှိစေမယ့် သင်ခန်းစာယူစရာပုံပြင်လေးတွေကို တင်ဆက်ပေးသွား မှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဖော်ပြပေးမှာကတော့ အားလုံးနီးပါး ငယ်စဉ်ကတည်းက ကြားဖူးကြတဲ့ ယုန်နဲ့လိပ် ပုံပြင်ပဲ ဖြစ်ပါတယ်။ ယုန်နဲ့လိပ်တို့ အပြေးပြိုင်ကြတယ်။ အားလုံးသောသူတွေက ဒီပြိုင်ပွဲမှာ ယုန် အနိုင်ရမယ်လို့ လက်ခံပြီးသားဖြစ်ပေမဲ့ ဝိရီယနည်းခဲ့တဲ့ယုန်ဟာလိပ်ရဲ့အနိုင်ယူခြင်းကိုခံလိုက်ရတယ်။ ဒီအ ကြောင်းအရာကိုတော့ သိရှိပြီးသားဖြစ်ကြပါလိမ့်မယ်။ ...

ကိုယ်တိုင်တည်ဆောက်ရမယ့် ဘဝပန်းတိုင်အတွက် အကောင်းဆုံးပြင်ဆင်မှု ကိုယ်တိုင်လုပ်ရမယ်


လူဆိုတာ ကိုယ်နှစ်သက်တဲ့အရာကို လုပ်ဆောင်နေရမယ်ဆိုရင် အခြားအရာတွေကို လုပ်ဆောင်ဖို့ သတိမေ့လျော့နေတတ်ကြပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေ ဆိုရင်လည်း ကိုယ်တာဝန် ကို အကောင်းဆုံးကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ကြိုးစားကြသလို ကိုယ်ရဲ့လက်ရှိအခြေအနေထက် ပိုမိုတိုးတက် အောင်လည်း လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်အတွင်း လုပ်ငန်းကျွမ်းကျင်သူနဲ့ မကျွမ်းကျင်သူကြားမှာ နေ့စဉ်အလုပ်လုပ်ကိုင်ကြပေမဲ့ ကွဲပြားတဲ့အချက်တွေ ရှိပါတယ်။ ...

လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်ခြင်း ရေရှည်အတူတကွ လက်တွဲလုပ်ဆောင်နိုင်ရန်


လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူက အခြားသူတွေထက် ပိုမိုတွင်ကျယ်စွာအလုပ် ကို လုပ်ကိုင်နိုင်သလို အသိမိတ်ဆွေလည်း ပိုများပြားပါတယ်။မိတ်ဆွေအပေါင်းအသင်းများတာကြောင့် စကား ပြောဆိုရတာပိုများမှာဖြစ်ပါတယ်။စကားဆိုတာစပြောကတည်းက စပြီးကားတဲ့သဘောရှိတာကြောင့် ကိုယ်ပြော တဲ့ စကားကို ကိုယ်တာဝန်ယူနိုင်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းခွင်ထဲမှာ အပေါင်းအသင်းများတဲ့သူတွေအနေ နဲ့ လုပ်ဖော်ကိုင်ဖက်ခြင်း ရှေရည်တည်တံစွာ အတူလုပ်ကိုင်နိုင်ဖို့ အပြင်းအထန်မဆွေးနွေးသင့်တဲ့ အကြောင်း အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ...

လုပ်ငန်းရှင်နဲ့ မတူတဲ့ ဦးဆောင်ကောင်းသူတွေ လုပ်ဆောင်လေ့ရှိသည့်အရာများ


လုပ်ငန်းရှင်နဲ့ဦးဆောင်သူ ဆိုတာတူမလို့နဲ့ကွဲပြားခြားနားပါတယ်။ အင်္ဂလိပ်လူမျိုးတွေရဲ့ အခေါ်မှာ တော့ ရှင်းလင်းပါတယ်။လုပ်ငန်းရှင်ကို (BOSS) လို့ ခေါ်ဝေါ်သုံးစွဲကြပြီး လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်သူကို တော့ (LEADER)လို့ သုံးနှုန်းကြပါတယ်။ မြန်မာပြည်မှာတော့ လုပ်ငန်းတစ်ခုကိုဦးဆောင်တဲ့သူဟာလုပ်ငန်းရှင် ဖြစ်တာကြောင့် Boss နဲ့ Leader ဟာ တစ်ယောက်တည်းလို့တောင် ဆိုရမှာဖြစ်ပါတယ်။ ...
×
ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON