published at :

            လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူက အခြားသူတွေထက် ပိုမိုတွင်ကျယ်စွာအလုပ် ကို လုပ်ကိုင်နိုင်သလို အသိမိတ်ဆွေလည်း ပိုများပြားပါတယ်။မိတ်ဆွေအပေါင်းအသင်းများတာကြောင့် စကား ပြောဆိုရတာပိုများမှာဖြစ်ပါတယ်။စကားဆိုတာစပြောကတည်းက စပြီးကားတဲ့သဘောရှိတာကြောင့် ကိုယ်ပြော တဲ့ စကားကို ကိုယ်တာဝန်ယူနိုင်ဖို့ အရေးကြီးပါတယ်။ လုပ်ငန်းခွင်ထဲမှာ အပေါင်းအသင်းများတဲ့သူတွေအနေ နဲ့ လုပ်ဖော်ကိုင်ဖက်ခြင်း ရှေရည်တည်တံစွာ အတူလုပ်ကိုင်နိုင်ဖို့ အပြင်းအထန်မဆွေးနွေးသင့်တဲ့ အကြောင်း အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

            (၁) ဘာသာရေး - ကိုယ်ယုံကြည်မှုအတွက် အစွန်းရောက်တဲ့သူတွေအများကြီးရှိပါတယ်။လုပ်ငန်းခွင်ထဲမှာ ကိုယ်ယုံကြည်ရာအစွန်းရောက်မှုကို အပြင်းအထန်ပြောဆိုငြင်းခုံကြတဲ့အခါ မလိုလားအပ်တဲ့ပြသနာတွေ တတ် နိုင်ပြီးခင်မင်ရင်းနှီးမှုတွေ ပျက်နိုင်ပါတယ်။တစ်ခါတလေမှာ လုပ်ဖော်ကိုင်ဖက်တွေဟာကိုယ်ပြောနေတဲ့ယုံကြည် မှုကို မကြားချင်၊ မသိချင်တဲ့ အခြေအနေမျိုးတွေမှာလည်း ရှိနေတတ်တာကို သတိပြုရမှာလည်း ဖြစ်ပါတယ်။

            (၂) နိုင်ငံရေး သို့ ပါတီရေး - လူတစ်ယောက်မှာ ကိုးကွယ်ယုံကြည်ရာက အဓိကကျသလို နောက်ထပ်အပြင်း အထန် ငြင်းခုံစရာတစ်ခုကနိုင်ငံရေးအကြောင်းပဲဖြစ်ပါတယ်။သူယုံကြည်တဲ့ အကြောင်းကို လက်မခံနိုင်တဲ့အခါ မျိုး၊သူလက်မခံနိုင်တဲ့ ကိုယ်ယုံကြည်ချက်ကို အပြင်းအထန်ပြောဆိုခြင်းတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ကြား ခင်မင်ရင်းနှီးမှုတွေ ပျက်ပြားနိုင်ပါတယ်။

            (၃) မိသားစုပြသနာ - လူတိုင်းဆီမှာ အခက်အခဲအနည်းအများတော့ရှိတတ်ကြပါတယ်။ဒါပေမဲ့ လူတိုင်းက ကိုယ်အခက်အခဲကိုပဲ ကြီးမားတယ်လို့ ထင်တတ်ကြတာပါ။ ကိုယ်အခက်အခဲတွေကို တစ်ခါတလေမှာ လုပ်ငန်းခွင်ထဲကလုပ်ဖော်ကိုင်ဖက်ခြင်းပြောဆိုပြီး အကူအညီတောင်းခံရတာမျိုးရှိပေမဲ့ အမြဲတမ်းလိုလို ပြုလုပ် နေမယ်ဆိုရင်တော့ကိုယ်ရဲ့အားနည်းမှုတွေကိုဖော်ပြနေသလိုဖြစ်နေတယ်ဆိုတာကိုသတိထားရမှာ ဖြစ်ပါတယ်။ 

            (၄) ကျန်းမာရေးအခြေအနေ - စက်ပစ္စည်းတွေတောင် အချိန်ကာလကြာမြှင့်တဲ့အခါ ပျက်စီးယိုယွင်းမှုရှိသလိုမျိုး လူဆိုတာလည်းအမြဲတမ်းကျန်းမာကြံခိုင်တယ်ဆိုတာမရှိပါဘူး။ဒါပေမဲ့ ကျန်းမာရေး မကောင်းတာကိုအကြောင်း ပြပြီး ကိုယ်လုပ်ရမယ့်လုပ်ငန်းတာဝန်တွေ ပျက်ကွက်လာမယ်ဆိုရင်တော့ လုပ်ဖော်ကိုင်ဖက်ခြင်း သဘောထား ကွဲလွဲမှုတွေ ရှိလာနိုင်ပါတယ်။

            (၅) မဖြစ်သေးတဲ့ရည်မှန်းချက် - ရည်မှန်းချက်ရှိမှ အောင်မြင်တဲ့သူတစ်ဦးဖြစ်နိုင်မှာဖြစ်ပေမဲ့ မဖြစ်နိုင်သေးတဲ့ ရည်မှန်းချက်အကြောင်းကိုပဲ ပြောနေပြီး လက်ရှိလုပ်ကိုင်နေရတဲ့အလုပ်မှာ တာဝန်ကျေပွန်စွာလုပ်ကိုင်နိုင်ခြင်း မရှိဘူးဆိုရင် အများရဲ့အမြင်မှာ ကိုယ်ရဲ့ရည်မှန်းချက်တွေဟာ လေထဲတိုက်အိမ်ဆောက်နေသလို ၊ ရေပေါ် အရုပ်ဆွဲနေသလိုမျိုးပဲ ဖြစ်နေပါလိမ့်မယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON