published at :

            လုပ်ငန်းတစ်ခုရဲ့ပိုင်ရှင် သို့မဟုတ် ဦးဆောင်သူတစ်ယောက်ဆိုရင် ကိုယ့်လုပ်ငန်း၊ကိုယ်အဖွဲ့အစည်းမှာပါဝင်တဲ့ သူအားလုံး တက်ကြွစွာနဲ့ အလုပ်လုပ် ကိုင်နိုင်ရန် လှုံဆော်တိုက်တွန်းမှုပြုလုပ်ဖို့ လိုအပ်ပါတယ်။ဒီအချက်ဟာ လက်ရှိ အောင်မြင်နေတဲ့ ဦးဆောင်သူတိုင်းပြုလုပ်နေတဲ့အချက်တစ်ချက် လည်းဖြစ် ပါတယ်။ ဒါဟာဘာကိုရည်ရွယ်သလဲဆိုရင်တော့ ရည်မှန်းချက်ပန်းတိုင်အသစ်တွေကိုတည်ဆောက်ခြင်း၊ အရေးပေါ်အစည်းအဝေး လုပ်ရခြင်းမျိုးတွေ ကိုရှောင်ကြဉ်နိုင်ခြင်း၊ လုပ်ပိုင်ခွင့်တွေ လွှဲအပ်နိုင်ခြင်းစတဲ့အကျိုးသက်ရောက်မှုတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ ဦးဆောင်သူအများစုဟာ ဒီ (၄) ချက်ကို အသုံးပြုပြီး လက်အောက်ဝန်ထမ်းတွေကို အလုပ်လုပ်ချင်စိတ် ပိုမိုဖြစ်လာအောင်တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။

(၁)    ကိုယ်အဖွဲ့အစည်းထဲမှာ ရှိနေတဲ့သူတွေရဲ့ စိတ်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောစေပါတယ်။ ဒီအချက်ကို သိပ္ပံနည်း ပညာတွေအရတော့ မလိုအပ်ဘူးလို့ ဆိုကြပေမဲ့ တကယ်တမ်းတော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ လိုအပ်တဲ့အချက်တစ် ချက်ပဲ ဖြစ်ပါတယ်။ စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့အခါမျိုးတွေမှာ အဆင်မပြေမှုတွေရှိတတ်တာကြောင့် ပွင့်လင်းစွာ ပြောဆိုဆက်ဆံပြီး ညှိနိုင်းမှုပြုလုပ်မယ်ဆိုရင် အကျိုးသက်ရောက်မှုကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကို ရရှိမှာပဲဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အရာတိုင်းကို ကောင်းတဲ့စိတ်နဲ့ပြုလုပ်မယ်ဆိုရင် ကိုယ်အနီးအနားကသူဆီကိုလည်း အဲ့ဒီစိတ်က ကူးစက်မှု ဖြစ်ပေါ်စေပါတယ်။

(၂)     အချို့သော ဦးဆောင်သူတွေဟာ လုပ်ငန်းခွင်မှာတစ်ဦးတစ်ယောက်ချင်းကို ပြောဆိုဖို့ အချိန်မပေးနိုင်ပေမဲ့ ဦးဆောင် ကောင်းသူတွေကတော့ လုပ်ဆောင်လေ့ ရှိပါတယ်။ ချီးမွန်းပြောဆိုတဲ့အခါမှာ လူအများရှေ့မှာ ပြောဆိုတာ ပိုမိုအကျိုးရှိပေ မဲ့ လိုအပ်မှုရှိလို့ပြောဆိုတဲ့အခါမျိုးတွေမှာဆိုရင်တော့ ဝန်ထမ်းတစ်ဦးတည်းကိုခေါ်ယူပြီး ပြောဆိုတာ ပိုမို အကျိုးရှိမှာပဲ ဖြစ်ပါတယ်။သူရဲ့အားနည်းမှုကို အများရှေ့မှာ ထုတ်ဖော်ပြောဆိုခြင်းမရှိတာကြောင့် ကိုယ်ကို ကျေးဇူးတင်နေမှာဖြစ်ပြီး အရင်ကထက် လုပ်ဆောင်မှုပိုမိုကောင်းမွန်လာဖို့အတွက် သူအနေနဲ့ ပြင်ဆင်မှုပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။

(၃)    ကိုယ်ရဲ့စိတ်အားထက်သန်မှုကို အဖွဲ့အစည်းထဲမှာပါဝင်တဲ့သူတွေကို ဝေမျှပါ။ဦးဆောင်သူတစ်ယောက်ဖြစ်ပြီ ဆိုရင် လက်ရှိအခြေအနေထက် ပိုမိုကောင်း မွန်ဖို့ ကြိုးစားနေတာကြောင့် ကိုယ်တစ်ဦးတစ်ယောက်တည်းကြိုးစားနေတာထက် ကိုယ်အဖွဲ့အစည်းထဲမှာရှိတဲ့သူ အားလုံးကြိုးစား မှုပြုလုပ်စေတာက အောင်မြင်ဖို့ပိုမိုနီးစပ်မှုရှိတယ်ဆိုတာကို နားလည်ထား တာကြောင့် အကောင်းဆုံးနည်းလမ်းတွေကို လမ်းညွှန်ပေးလေ့ရှိပါတယ်။ဒီအချက်ဟာ အရည်အသွေးပြည့်ဝတဲ့ ဝန်ထမ်း တွေကို ကိုယ်တိုင်ပြုစုပျိုးထောင်သလိုဖြစ်တာကြောင့် ဦးဆောင်ကောင်းသူတွေ လုပ်လေ့ရှိတဲ့အချက်တစ်ချက်လည်း ဖြစ် ပါတယ်။

(၄)     သင်ယူမှုလေ့လာလိုက်စားနိုင်အောင်ကူညီပါ။ ဦးဆောင်ကောင်းသူတွေဟာ သူတို့ရဲ့အသိပညာ၊ အတွေ့အကြုံတွေ ကို ရှင်းပြပြောဆိုလေ့ရှိပြီး သူတို့ရဲ့မေးခွန်းတွေ ကိုလည်း နားလည်တဲ့အထိရှင်းပြလေ့ရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်ဆိုတာ ထက် မိသားစုစိတ်ထားမျိုးရရှိအောင် လုပ်ဆောင်ခြင်းမျိုးနဲ့ ကိုယ်ရဲ့လုပ်ငန်းတိုးတက်ဖို့ ဦးဆောင်ကောင်းသူတွေဟာ လုပ် ဆောင်လေ့ရှိကြပါတယ်။ လုပ်ငန်းခွင်ထဲမှာ အဆင်ပြေနေပြီး ကျေနပ်ပျော်ရွှင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဟာ အခြားလုပ် ငန်းခွင်ကို ပြောင်းရွေ့ဖို့ထက် လက်ရှိလုပ်ငန်းခွင်ကိုပဲ ပိုမိုတိုးတက်မှုရှိအောင် လုပ်ဆောင်မယ်ဆိုတာကို နားလည်းထား တာကြောင့် ဒီအချက်ကိုလည်း ဦးဆောင်ကောင်းသူတွေ ပြုလုပ်လေ့ရှိကြပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON