published at :

        သင်ယူမှုကိုရပ်တန့်လိုက်တာ ကိုယ်ကိုယ်ကို သတ်သေလိုက်တာနဲ့တူတယ်ဆိုပြီးပြောကြပါတယ်။ အတန်းပညာ၊ အတတ်ပညာတွေသင်ယူနိုင်တဲ့အချိန် ကာလ သတ်မှတ်လို့ရပေမဲ့အသိပညာသင်ယူမှုကိုတော့ အသက်ရှင်နေတဲ့ကာလ တစ်လျှောက်လုံးသင်ယူနေရမှာပဲဖြစ်ပါတယ်။ ဘဝမှာသင်ယူစရာ သင်ခန်း စာတွေ အများကြီး ရှိတယ်ဆိုပေမဲ့ လူသားတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့ အခြေခံအချက်တွေကိုဖော်ပြလိုက်ပါတယ်။

  • လူသားတိုင်းဟာကိုယ်ကိုဂရုစိုက်စေချင်ကြပါတယ်။ကိုယ်ကသူများဂရုစိုက်တာကိုလိုချင်ရင် ကိုယ်က အရင်သူများကို ဂရုစိုက်မှုအရင်ပေးရ မှာဖြစ် ပါတယ်။
  • ဘဝမှာအမှားဆိုတာမရှိဘူး။မကောင်းတဲ့အကြောင်းအရာတစ်ခုဖြစ်ခဲ့တယ် ဆိုရင်တောင် အနည်းဆုံး သင်ခန်းစာ ယူစရာတော့ ရရှိအောင် ကြိုးစားရ မှာဖြစ်ပါတယ်။
  • ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ အခြားသူတစ်ယောက်ကိုပဲ ဖြစ်ဖြစ် ၊ကိုယ်ကိုယ်တိုင်ကိုပဲဖြစ်ဖြစ် အမှား လုပ်မိခဲ့တာ မျိုးရှိရင် ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားမှု ပြုရမှာ ဖြစ်ပါတယ်။
  • ခံနိုင်ရည်ရှိအောင်ကြိုးစားရပါမယ်။ တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံရတဲ့အခါ အားလျော့သွားတာမျိုး တွေဖြစ်တတ်ပေမဲ့ ခံနိုင်ရည်ရှိအောင်ကြိုး စားပြီး မဆုတ်မနစ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
  • ဘဝဆိုတာခရီးရှည်တစ်ခုကိုသွားနေတာနဲ့တူပါတယ်။ကိုယ်သွားချင်တဲ့နေရာကိုသတ်မှတ်ထားပြီး အရောက်သွား နိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။
  • အခွင့်အရေး မရှိဘူးလို့တော့ တရားသေမပြောပါနဲ့။ ကြိုးစားနေတဲ့ကာလပတ်လုံးမှာ အခွင့်အရေးကောင်း ဟာ တစ်ကြိမ်တစ်ခါတော့ ကိုယ်ဆီကို ရောက်လာမှာပဲဖြစ်ပါတယ်။ရောက်လာတဲ့အခါမှာသာ အမိအရ ဖမ်းဆုပ်နိုင်ဖို့ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။
  • ဘယ်သူမှ မယုံကြည်၊လက်မခံဘူးဆိုရင်တောင် အနည်းဆုံး ကိုယ်ကိုယ်ကိုတော့ ယုံကြည်မှုရှိပါ။ ကိုယ် ယုံကြည်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို ချပြနိုင်တဲ့ အချိန်ရောက်လာရင် အခြားသူတွေ လက်ခံလာနိုင်ပါတယ်။
  • လူတိုင်းက တိုးတက်ချင်ကြတဲ့သူတွေချည်း ဖြစ်ပါတယ်။ သူတို့ရဲ့ တိုးတက်မှုကို လုပ်ဆောင်ပေးရင်းနဲ့ ကိုယ်ရဲ့ တိုးတက်မှုကိုလည်း မြှင့်တင်ရမှာ ဖြစ်ပါတယ်။
  • တစ်ခြားသူကို ချစ်တာထက် ကိုယ်ကိုယ်ကို ပိုချစ်ပါ။ လူဆိုတာ ကိုယ်ကိုယ်ကို အချစ်ဆုံးသူတွေပါ။ အခွင့်အရေးရမယ်ဆိုရင်တော့ မိသားစုအပါအဝင် အခြားသူတွေနဲ့ပါ ချစ်ခင်ရင်းနှီးမှု ပြုလုပ်ပါ။
  • ကမ္ဘာပေါ်မှာ အချက်အလက်တွေ အများကြီးရှိတယ်ဆိုပေမဲ့ စိတ်ကူးဥာဏ်တွေကိုတော့ မမှီနိုင်ပါဘူး။ အဲလ်ဘတ် အိန်းစတိုင်းက “တကယ်တန်ဖိုး အစစ်က အတွင်းမှာ ရှိတယ်” လို့ ပြောခဲ့ဖူးပါတယ်။

        ပြောင်းလဲမှုဆိုတာ နေ့စဉ်ဖြစ်ပေါ်နေတယ်ဆိုပေမဲ့ ကိုယ်ကိုယ်တိုင်က ပြောင်းလဲချင်တဲ့စိတ် မရှိဘူး ဆိုရင် ဘယ်သူ၊ ဘယ်အရာမှပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။တစ်စုံတစ်ခု မပြုလုပ်ခင်မှာ ကြောက်ရွံပြီး ဘာမှမလုပ်ဘူး ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ မှားခဲ့တယ်ဆိုရင်တောင် အနည်းဆုံး သင်ခန်းစာ တော့ရရှိမှာ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON