published at :

        ဘဝဆိုတာအခက်အခဲတွေနဲ့ပြည့်နှက်နေတယ်ဆိုတဲ့စကားကိုကြားဖူးကြပါလိမ့်မယ်။ဒါကိုမှ သဘာဝရဲ့ ထုံးစံအတိုင်း ကိုယ်ရဲ့အခက်အခဲကိုသာ အကြီးမား ဆုံး လို့ထင်လေ့ရှိကြပါတယ်။အခက်အခဲကြုံလာပြီဆိုရင် ဖြေရှင်းနိုင်တဲ့အခါမျိုးတွေရှိသလို မဖြေရှင်းနိုင်တဲ့အခါမျိုးတွေမှာ ကိုယ်ကိုယ်ကို မကျေနပ်မှုတွေ ရှိကြပါတယ်။ အခက်အခဲတွေကြားကနေ အကြိမ်ကြိမ်ထိုးဖောက်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့သူအကြောင်းကို ပြောပြပေးချင်ပါ တယ်။ အဲ့ဒီသူကတော့ ဘယ်လောက်အထိ အခက်အခဲတွေကြုံခဲ့ရသလဲဆိုရင် ကိုယ်ကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ပြီးမှ အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။
        သူရဲ့ဘဝက ဘယ်လောက်အထိ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသလဲဆိုရင် သူအသက် ၅နှစ်မှာ အဖေဆုံးပါးသွားခဲ့တယ်။ အသက် ၁၆ နှစ်အရွယ်မှာ ကျောင်းကထွက်ခဲ့ရပြီး အလုပ်လုပ်ခဲ့ရပေမယ့် တစ်နှစ်အ တွင်းမှာပဲ အလုပ် ၄ခု ကနေထုတ်ပယ်ခံခဲ့ရတယ်။ အသက် ၁၈ နှစ်မှာအိမ်ထောင်ကျခဲ့ပြီး မိသားစုဘဝသစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ အသက် ၂၀ အရွယ်မှာတော့အမျိုးသမီးဟာ သူနဲ့ကလေးတွေကိုထားခဲ့ပြီး ထွက်ပြေးသွားခဲ့ တယ်။ အဲ့လိုနဲ့ သူဟာ ကော်ဖီဆိုင်ငယ်လေးတစ်ခုရဲ့ စားဖိုးမှုးဖြစ်လာခဲ့တယ်။ ဘဝကို အခက်အခဲတွေကြားက ကြိုးစားပြီး အသက် ၆၅ နှစ်အထိ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက်မှာ အနားယူခဲ့ရတယ်။ ဘာမှဖြစ်မလာခဲ့တဲ့ ဘဝ မှာ သူဟာ စိတ်ကျဝေဒနာကို ခံစားခဲ့ရပြီး ကိုယ်ကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ကိုယ်ကိုယ်ကို ဆုံးစီရင်ဖို့ စာရေးနေတဲ့အချိန်မှာပဲ သူဘဝကို ပြောင်းလဲပစ်နိုင်မယ့် အင်အားမျိုးတွေ သူပိုင်ဆိုင်နိုင်ခဲ့တယ်။ အဲ့တာနဲ့သူဟာ ကန်ဒေါ်လာ ၈၇ ဒေါ်လာကိုချေး ဌားပြီး သူရဲ့ ကျွမ်းကျင်မှုဖြစ်တဲ့ စားဖိုမှုးပညာနဲ့အတူ ကြက်ကြော်တွေကိုအိမ်တွေအထိလိုက်ရောင်းချပြီးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းကိုလုပ်ကိုင်ခဲ့တယ်။ အဲ့ဒီအချိန် မှာ လည်း သူဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ပြီး ၁၀၀၉ ကြိမ်အထိ ငြင်းပယ်ခံခဲ့ရဖူးပါတယ်။ဒါပေမဲ့ သူရဲ့ ကြိုးစားမှုတွေကြောင့် အခုချိန်မှာတော့ သူရောင်းချခဲ့တဲ့ ကြက်ကြော်ဟာကမ္ဘာမှာအသိအမှတ်ပြုတံဆိပ်တစ်ခု ဖြစ်လာခဲ့ပါပြီ။အဲ့ဒီသူကတော့ KFC ကြက်ကြော်လုပ်ငန်းကို တည်ထောင်ခဲ့တဲ့ ကိုလိုနယ်ဆန်းဒါးစ် ပဲ ဖြစ်ပါတယ်။

        ဘဝမှာ အောင်မြင်မှုမရတဲ့အခါ လူအများစုဟာ ကိုယ်ရဲ့ ကြိုးစားမှုလိုအပ်နေသေးတယ်ဆိုတာကို မေ့လျော့နေတတ်ပြီး အခြားအကြောင်းအရာတွေနဲ့ ကံတရားပေါ်ကို အပြစ်ပုံချလေ့ရှိတတ်ကြပါတယ်။ အောင်မြင်တဲ့သူရော ၊မအောင်မြင်သေးတဲ့သူပါ တစ်နေ့တာအချိန်ဖြစ်တဲ့ ၂၄ နာရီကို အတူတူပိုင်ဆိုင်ကြတာ ပါ။ သူရဲ့ကြိုးစားမှုနဲ့ကိုယ်ရဲ့ကြိုးစားမှု ကွာခြားချက်ရယ် ၊ ကံတရားလို့ဆိုရမယ့် အခွင့်အရေးက တံခါးလာခေါက် တဲ့အခါ အဆင်သင့် မဖြစ်သေးတာတွေရယ်ကြောင့်သာ အောင်မြင်မှုကို ဖမ်းဆုပ်လို့မရသေးတာပဲ ဖြစ်ပါတယ်။ ဘဝမှာ နောက်ကျတယ်ဆိုတာ မရှိဘူး။ အရှေ့ကိုရောက်ဖို့ တစ်နည်းနည်းနဲ့ ကြိုးစားနေတယ်ဆိုရင် ကိုယ် ရည်မှန်းထားတဲ့ ပန်းတိုင်ကို တစ်နေ့မှာ သေချာပေါက် ရောက်ရှိမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON