published at :

        ဘဝမှာ အောင်မြင်နေတဲ့သူတိုင်းဟာ ကျဆုံးမှုနဲ့ ရင်ဆိုင်ကြဖူးတဲ့သူတွေချည်းဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဟာသူတို့မှားခဲ့တဲ့အရာတွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ပြန်လည်ကြိုးစားခဲ့တာကြောင့် အောင်မြင် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့သူတွေဟာ သူတို့မှားခဲ့တဲ့အမှားတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မံလုပ်ဆောင်ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။ ဘဝနဲ့ စီးပွားရေးမှာ သင်ယူစရာတွေဆိုတာကုန်ဆုံးသွား ခြင်းမရှိပါဘူး။ အောင်မြင်မှုရခဲ့တဲ့ သူတွေကို အားကျလေ့ရှိကြပေမဲ့ မအောင်မြင်ခင်အချိန်မှာ သူတို့ကြိုးစားခဲ့ရ တာတွေကို အများစုဟာ မေ့လျော့နေတတ်ကြပါတယ်။အောင်မြင်တဲ့သူတွေဖြစ်ဖို့ ကျဆုံးနေချိန်မှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

        မှားခဲ့တဲ့အမှားတွေမှာသင်ခန်းစာယူစရာတွေရှိပါတယ်။အမှားတွေထဲက သင်ခန်းစာယူပြီး နောက်တစ်ခါ ကြိုးစားမှုတွေကိုအထောက်အပံဖြစ်အောင် လုပ် လေ့ရှိပါတယ်။ အောင်မြင်မှုကိုလိုချင်တဲ့သူ အများစုဟာ တစ်ခုခု ကိုလုပ်တော့မယ်ဆိုရင် သူတို့ကိုယ်သူတို့ ပြန်မေးလေ့ရှိကြပြီး ဘာကြောင့်ဒီအလုပ်ကို လုပ်ချင်ရတာလဲဆိုတာ ကို အဖြေရှာလေ့ရှိကြပါတယ်။ ပြောင်းလဲမှုတွေနေ့စဉ်ဖြစ်ပေါ်နေတာကြောင့် အောင်မြင်ချင်တဲ့သူတွေဟာ သူတို့ကိုယ်တိုင်အပြင် အခြား သူတွ ကိုပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။

        သူတို့ကို အကောင်းဆုံးလမ်းညွှန်မှုပေးနိုင်တဲ့သူတွေကိုလည်း အမြဲကျေးဇူးတင်လေ့ရှိပြီး လေ့လာ သင်ယူမှုတွေကိုလည်း ဆက်လက်သင်ယူလေ့ရှိ ပါတယ်။ အောင်မြင်မှုကို လိုချင်တဲ့သူအများစုဟာ ခဏတာ သက်သာမှုကိုစဉ်းစားလေ့မရှိဘဲ အမြဲတစေကြိုးစားနေခြင်းနဲ့ ရှေရှည်သက်သာအောင် ဖန်တီးလေ့ရှိကြ ပါတယ်။ ကမ္ဘာကြီးမှာ ပြည့်စုံခြင်းမရှိဘူးဆိုတာကို လက်ခံလေ့ရှိပြီး တစ်စုံတစ်ယောက်က အမှားပြုလုပ်လေ့ရှိတဲ့အခါမျိုး မှာလည်း ခွင့်လွှတ်ပေးခြင်းနဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်လေ့ရှိကြပါတယ်။

        အောင်မြင်ချင်တဲ့သူအများစုဟာ အိပ်မက်အကြီးကြီးတွေထားလေ့ရှိသလို သူတို့စံနမူနာထားတဲအရာ တွေကိုလည်း အမြဲမြင်တွေ့လေ့ရှိအောင် လုပ်ဆောင် ထားတတ်ကြပါတယ်။ပြီးရင်တော့ သူတို့ရဲ့ ရည်မှန်းထား တဲ့ပန်းတိုင်မရောက်မချင်း ကြိုးစားမှုလုံ့လဝီရီယကို မလျော့ဘဲ လုပ်ဆောင်လေ့ ရှိကြပါတယ်။အောင်မြင်ချင်တဲ့သူ အများစုဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်သူတို့ကိုယ်သူတို့ လက်ရှိအနေအထား အစဉ်အမြဲပြန်မေးလေ့ရှိပြီး အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်လေ့ရှိကြပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာအောင်မြင်ဖို့အတွက် ကြိုးစားနေ သလို သူတို့ရဲ့ပြင်ပလူနေမှုပုံစံကိုလည်း အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON