published at :

            ဘဝမှာ ဆင်းရဲချင်လား၊ချမ်းသာချင်လားလို့မေးရင် လူတိုင်းကချမ်းသာချင်တယ်လို့ ဖြေကြပါလိမ့်မယ်။ ချမ်းသာကြွယ်ဝမှုဟာ ဒီနေ့လုပ်ရင် ဒီနေ့ဖြစ်တဲ့အရာမျိုးမဟုတ်တာကြောင့် အသက်ငယ်နေစဉ်အခါတည်းက ကြိုးစားတည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။ယနေ့ ကမ္ဘာမှာဆိုရင် အသက်ငယ်ငယ်နဲ့ ချမ်းသာကြွယ်ဝနေတဲ့ လူငယ်တွေ အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။ ကြိုးစားမှုပြုတဲ့အခါ အသက်ငယ်စဉ်မှာ ကြိုးစားမှုပြုတာက ပိုမို အောင်မြင်ဖို့ အခွင့်အလမ်းများပါတယ်။အသက်ငယ်နေစဉ်မှာ ချမ်းသာကြွယ်ဝမှုကို လိုချင်တယ်ဆိုရင် လိုက်နာ ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

            တာဝန်ယူလုပ်ကိုင်ရမယ့်အလုပ်တွေရှိနေပေမဲ့ အချိန်ရွေ့လုပ်ကိုင်ခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။ဒီနေ့ လုပ်ရမယ့်အလုပ်ကို မနက်ဖြန်မှ လုပ်လို့ရတယ်ဆိုတဲ့အတွေးမျိုးထက် ဒီနေ့လုပ်ရမယ့်အလုပ်ကို ဒီနေ့ပြီးအောင် လုပ်ပြီး မနက်ဖြန်မှာလည်း အလုပ်သစ်တစ်ခုကိုလုပ်ဆောင်ရပါမယ်။ အကယ်လို့ မနက်ဖြန်မှာလုပ်ရမယ့်အလုပ် မရှိဘူးဆိုရင်တောင် ကိုယ်ရဲ့ဘဝတိုးတက်ဖို့အတွက် သင်ယူမှုတစ်ခုခုကိုလုပ်ဆောင်နေရမှာပဲ ဖြစ်ပါတယ်။

            ချမ်းသာကြွယ်ဝချင်လို့ ကြိုးစားတဲ့အခါမှာ အလွယ်တကူဖြစ်ပြီး ပိုက်ဆံရနိုင်မယ့်လမ်းကိုမရွေးပါနဲ့။ လွယ်လွယ်ရတဲ့အရာတွေဟာ ရေရှည်တည်မြဲခြင်းမရှိသလိုအလွယ်တကူပဲ ပျောက်ပျက်သွားနိုင်တယ်ဆိုတာ ကို သိထားရမှာလည်းဖြစ်ပါတယ်။ အသုံးအဖြုန်းကို လျော့နိုင်သလောက်လျော့ပါ။ မလိုအပ်ဘဲ ဝယ်ယူတာမျိုး တွေကို ရှောင်ရှားပြီး ငွေကြေးစုဆောင်းကာ ရင်းနှီးမြုပ်နှံမှုတွေကို စတင်လုပ်ဆောင်ဖို့ ကြံစည်ပါ။

            ရင်းနှီးမြုပ်နှံမှုပြုတယ်ဆိုရာမှာလည်း အခြားသူထံမှာ မြုပ်နှံတာထက်စာရင် မိမိဆီမှာပဲ မြုပ်နှံပါ။ မိမိရဲ့ ဘဝအတွက်လိုအပ်မယ့် သင်ယူမှုတွေ ရရှိနိုင်ဖို့ လိုအပ်တဲ့ နည်းစနစ်တွေကိုလေ့လာလိုက်စားမှု ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ငွေကြေးအသုံးစာရင်း ပြုလုပ်တဲ့ အလေ့အကျင့်ကိုပြုစုပျိုးထောင်ပါ။အဲ့တာမှ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေမှာ လိုအပ်တာနဲ့ မလိုအပ်တာကို ခွဲခြားနိုင်မှာပဲ ဖြစ်ပါတယ်။

            စွန့်စားရဲတဲ့သတ္တိမျိုးရှိဖို့ ကြိုးစားရမှာလည်းဖြစ်ပါတယ်။ အသက်ငယ်စဉ်တုန်းမှာ စွန့်စားမှုကို ပြုလုပ် တာ အမှားအယွင်းရှိနိုင်တယ်ဆိုပေမဲ့ မစွန့်စားရဲဘူးဆိုရင်တော့ အောင်မြင်ချမ်းသာကြွယ်ဝတဲ့ လူငယ်တစ်ဦး ဖြစ်လာဖို့ မလွယ်ကူပါဘူး။ စိတ်ကူးတွေကို ပြန့်ကျက်ပြီး လုပ်ဆောင်နိုင်ဖို့အတွက်လည်းကြိုးစားရမှာ ဖြစ်ပါ တယ်။ လူငယ်တစ်ယောက်ဖြစ်တာကြောင့် အမှားအယွင်းရှိခဲ့တယ်ဆိုရင်တောင် အဲ့ဒီအမှားအယွင်းတွေကပဲ အောင်မြင်မှုဆီသွားမယ့်လမ်းမှာ လှေကားထစ်တွေ ဖြစ်သွားမှာဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON