published at :

             ပျော်ရွှင်မှုဆိုတာကို ကြုံရတဲ့သူတိုင်းဟာ ပြုံးပျော်ရယ်မောတတ်ကြပါတယ်။ ရယ်မောခြင်းဟာ အသက် ရှည်စေတယ်လို့လည်း ကြားဖူးပါတယ်။ ကိုယ်ပျော်ရွှင်နေသလို သူများကိုပျော်ရွှင်အောင် လုပ်ပေးနိုင်ရင် သူများ အသက်ရှည်အောင် လုပ်ဆောင်ပေးသလိုဖြစ်တာကြောင့် ရယ်မောစရာပြော တတ်တဲ့သူဆိုရင် လူအများက မှတ်မိလွယ်တာပဲ ဖြစ်ပါတယ်။ လူတွေကိုရယ်မောစေဖို့ အခက်အခဲတွေကြားကကြိုးစားခဲ့ရတဲ့သူ တစ်ယောက် အကြောင်းကို ဖော်ပြလိုက်ပါတယ်။

            သာမန်လူတန်းစားမိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဟာ ကြိုးစားမှုကြောင့် နာမည်ကျော် အောက်စ်ဖို့ဒ် တက္ကသိုလ်တက်မှာ အင်ဂျင်နီယာ ဘာသာရပ် ကိုလေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန် မှာ သူစိတ်ဝင်စားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ စကားထစ်တဲ့အတွက် သူကို နှစ်သက်မှု မရှိခဲ့ကြပါဘူး။သူအခက်အခဲကို သူကိုယ်တိုင်သိပေမဲ့ သရုပ်ဆောင်ခွင့်ရဖို့ ရုပ်သံလိုင်းပေါင်းစုံကို သွားရောက်ပြီး စမ်းသပ်မှုတွေခံယူခဲ့ပါတယ်။ သူကို ဘယ်သူကမှရွေးချယ်ခြင်းမရှိခဲ့ပေမဲ့ အရှုံးပေးဖို့ သူမစဉ်းစားခဲ့ဘဲ ပိုကြိုးစား ခဲ့ပါတယ်။

            ကြိုးစားမှုကြောင့် စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ခဲ့ပေမဲ့ သူရဲ့ရုပ်ရည်၊ သူရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ တွေကြောင့် သရုပ်ဆောင် မဖြစ်နိုင်ဘူးလို့ ပြောကြပေမဲ့ သူဟာ ဇွဲမလျော့ခဲ့ပါဘူး။ သရုပ်ဆောင်ဖြစ်ချင်ပေမဲ့ သူ ဟာ ရေဒီယိုလိုင်းတစ်ခုမှာ ပျော်ရွှင်ရယ်မောစရာဟာသပြောတဲ့သူ( အသံပိုင်းသရုပ်ဆောင်) အဖြစ် လုပ်ကိုင်ပြီး တစ်ဆင့်ချင်းကြိုးစားခဲ့တာကြောင့် နောက်ဆုံးမှာ အောင်မြင်တဲ့သရုပ်ဆောင် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူကတော့ အများသိကြတဲ့ Mr.Bean လို့ ခေါ်တဲ့ Rowan Atkison (ရိုဝန် အတ်ကီဆန်) ပဲဖြစ်ပါတယ်။

            အသက်မွေးဝမ်းကြောင်းဘာသာရပ်တစ်ခုကို တတ်မြောက်ထားပေမဲ့ ကိုယ်ယုံကြည်တဲ့အလုပ်အတွက် မလျော့တဲ့ဇွဲလုံလနဲ့ ကြိုးစားခဲ့တာကြောင့် သူဟာနာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၅၀ ပိုင်ဆိုင်တဲ့သူဌေးတစ်ယောက်လည်းဖြစ်နေပါပြီ။ Mr.Bean က ဘာတွေပြောခဲ့သလဲဆိုရင် ကြိုးစားပြီးလေ့ကျင့်ပါ။ အရာရာကို အကောင်းဘက်ကတွေးမြင်တတ်အောင်တွေးပါ။အားနည်းချက်ကို အားသာ ချက် ဖြစ်အောင် ပြောင်းလဲပါ။ ကိုယ်အိပ်မက်ကို တကယ်ဖြစ်လာမယ်လို့ ယုံကြည်မှုထားပါလို့ ပြောခဲ့တာပါ။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON