published at :

            အသိပညာ ဆိုတာ စွမ်းရည်ခွန်အားဆိုပြီး ပြောလေ့ရှိကြပါတယ်။ ပြောင်းလဲတိုးတက်နေတဲ့ခေတ်မှာ အသိပညာရှင်တွေဟာ သိပ္ပံနဲ့နည်းပညာတွေကို ပေါင်းစပ်ပြီး လူသားတွေအကျိုးရှိစေမယ့် အရာတွေကို လုပ်ဆောင်နိုင် လာပြီပဲ ဖြစ်ပါတယ်။ အသိပညာရှိတဲ့လူတွေအတွက် အကောင်းဆုံးပေးတဲ့ ဥပမာကတော့ အခြားသတ္တဝါတွေ နဲ့ ယှဉ်ပြီး ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။ 

            ဘယ်အရာကကောင်းတယ်၊ ဘယ်အရာက မကောင်းဘူးဆိုပြီး ဆုံးဖြတ်ရတဲ့အခါမျိုးတွေမှာဆိုရင် အသိပညာရှိတဲ့သူတွေက အကောင်းဆုံးအရာတွေကိုရွေးချယ်တတ်ကြပြီး သူတို့ဘဝ တိုးတက်မှုအတွက် အကျိုးရှိတာတွေကိုလုပ်ဆောင်လေ့ရှိကြပါတယ်။အသိပညာဆိုတာ လူတွေရဲ့ဘဝအတွက် ရည်မှန်းချက် ပန်းတိုင်ကိုသွားတဲ့ခရီးမှာ အသုံးပြုတဲ့ကားရဲ့လောင်စာဆီလို့တောင် ဆိုရမှာဖြစ်ပါတယ်။ လိုအပ်မှုရှိလာတဲ့အ ခါတိုင်းမှာ ထပ်မံဖြည့်စွက်မှုပြုလုပ်ပြီး အောင်မြင်ပြည့်စုံမှုတွေ ရှိနေတဲ့ ကိုယ်ရဲ့ပန်းတိုင်ကို အရောက် သွားရမှာလည်း ဖြစ်ပါတယ်။

            ငယ်စဉ်အရွယ်တုန်းက စာသင်ကျောင်းတွေကိုသွားပြီးအသိပညာရှာခဲ့ရသလို အသက်အရွယ်ရလာ တော့ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်ကျင်းမှာ ကောင်းတဲ့အသိပညာတွေကို ရှာဖွေရပါတယ်။အသိပညာမရှိတဲ့ သူတစ်ယောက်ဟာ ဘဝမှာ အောင်မြင်မှုရရှိဖို့ မလွယ်ကူပါဘူး။ အသိပညာဆိုတိုင်း စာအုပ်ထဲမှာ သင်ယူခဲ့ရတဲ့ အကြောင်းအရာတွေလို့ ပုံသေ သတ်မှတ်လိုမရဘဲ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ဒေသနဲ့ လက်ရှိနေထိုင်မှု အပေါ်မှာလည်း ရှာဖွေရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ရဲ့ အသိပညာအရ ကိုယ်ရဲ့ လုပ်ဆောင်နိုင်မှု ၊ကိုယ်ရဲ့ အားနည်းချက်တွေကို ကိုယ်တိုင်သိရှိထားဖို့ လိုအပ်ပါတယ်။ ကိုယ်ရဲ့ အနီးအနားမှာရှိတဲ့သူတွေက ဘယ်လို အကြောင်းအရာတွေကိုပဲ ဖြစ်နေစေပါစေ ကိုယ်ရဲ့ ဆုံးဖြတ်ချက်က အဓိကနေရာမှာ ရှိနေတာကြောင့် ကိုယ်မှာ လုံလောက်တဲ့ အသိပညာရှိနေဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

            အသိပညာကို ကောင်းစွာအသုံးမချနိုင်တဲ့သူဟာ ဘဝမှာ ကျဆုံးဖို့ သေချာနေပြီး အောင်မြင်မှုလမ်း ကြောင်းကို ရှာဖွေနိုင်မှာ မဟုတ်ပါဘူး။အသိပညာဟာ ကိုယ်ကိုယ်ကို ယုံကြည်မှု ရှိစေသလို ကိုယ်နဲ့ ဆက်သွယ် နေရတဲ့ ပတ်ဝန်းကျင်ကိုလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်နိုင်အောင် ကူညီပေးပါတယ်။ အောင်မြင်မှု ရရှိတဲ့ သူတိုင်းဟာ ဘယ်လိုအကြောင်းအရာမျိုးတွေပဲ ကြုံရ ၊ကြုံရ ကိုယ်ရဲ့ အသိပညာကို အသုံးပြုပြီး ကျော်ဖြတ် လေ့ရှိကြသလို ခက်ခဲမှုတွေကိုလည်း ကြုံရတဲ့အခါမှာလည်း သင်ခန်းစာယူပြီး နောက်တစ်ကြိမ်ထပ်မံ မဖြစ် အောင် အသိပညာယူလေ့ရှိကြပါတယ်။

န့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ ကြီးမှာ (NewChallenges) စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေ....

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON