published at :

            ဘဝမှာ ကြိုးစားနေပြီးအောင်မြင်ချင်တဲ့သူတွေအတွက် သူတို့ရဲ့ ယုံကြည်မှုက အကောင်းဆုံးတွန်းအား တစ်ခုပဲဖြစ်ပါတယ်။ယုံကြည်မှုခိုင်မာတဲ့သူတွေဟာ သူတို့ရည်မှန်ထားတဲ့ ပန်းတိုင်ကို တစ်နေ့ရောက်ရှိမှာ ဖြစ်ပြီး အောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။ကိုယ်ယုံကြည်ထားတဲ့အရာကိုဖြစ်နိုင် လောက် တယ်ဆိုပြီး လုပ်ဆောင်ခဲ့မှုကြောင့် ကမ္ဘာ့မှာ အောင်မြင်မှုရနေတဲ့သူတွေ အများကြီးထွက်ပေါ်ခဲ့ပြီလည်း ဖြစ်ပါ တယ်။ ကိုယ်ရဲ့ယုံကြည်မှုကို ကိုယ်တိုင်တစ်ဆင့်ချင်းတည်ဆောက်ခြင်းနဲ့ ခိုင်မာတဲ့ယုံကြည်မှုကို တည်ဆောက် ရမှာပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်မယ့်အချက်လေးတွေကတော့ … 

(၁)    တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ကိုသိရှိပါစေ။ဧဝရက်တောင်ကိုတက်နိုင်ခဲ့သူတွေထဲက ဆာအာမက် ဟေးလာရီ က အပျော်သဘောတစ်ခုနဲ့ တောင်တက်ဖို့အတွက် ပြင်ဆင်ခဲ့တာမဟုတ်ပါဘူး။တောင်တက်တယ် ဆိုတာ မထင်မှတ်တဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ဘဝမှာလည်း မထင်မှတ်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ရလေ့ရှိပါတယ်။ တောင်ထိပ်ကိုရောက်ဖို့ ရည်မှန်းချက်နဲ့ ယုံကြည်ချက်ခိုင်မာမှုက အကောင်းဆုံးတွန်းအားဖြစ်ခဲ့ ပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ တောင်တက်နေတဲ့နေ့ရက်တိုင်းမှာ တောင်ထိပ်ကို ရောက်အောင်သွားရမယ့်ဆိုတဲ့ ယုံကြည်မှုက အဓိကကျခဲ့သလိုမျိုး ဘဝမှာလည်း ကိုယ်ရဲ့ ရည်မှန်းချက်ကို ရှင်းလင်းစွာသိထားဖို့ လိုအပ်ပါတယ်။

(၂)    မိမိကိုယ်မှာ မိမိရင်းနှီးမြုပ်နှံပါ။ ရင်းနှီးမှုပြုလုပ်တယ်ဆိုကတည်းက ပေးဆပ်ရတာဖြစ်တာကြောင့် အခြားသူတွေထံမှာထက် မိမိဆီမှာပဲ ရင်းနှီးမြုပ်နှံတာ ပိုမိုအကျိုးရှိစေမှာပဲဖြစ်ပါတယ်။ မိမိဆီမှာ လိုအပ်နေတဲ့ အရည်အချင်းတွေပြည့်ဝအောင်လုပ်ဆောင်ခြင်းနဲ့ကိုယ်ရဲ့စွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ဖို့ကြိုးစားရမှာဖြစ်ပါ တယ်။ဒါမှသာ လက်ရှိအခြေအနေမှာ ဖြစ်နေတဲ့အခက်အခဲကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

(၃)     ကြောက်ရွံမှု ဖြစ်နေတဲ့အရာတွေနဲ့ ရင်ဆိုင်နိုင်အောင်ကြိုးစားပါ။ ကြိုးစားမှုပြုနေတဲ့သူတိုင်း တစ်ခါ တလေမှာ ဆုံးရှုံးမှုဖြစ်မှာကိုကြောက်ရွံလေ့ရှိကြပါတယ်။ဒါပေမဲ့ အဲ့ဒီကြောက်ရွံမှုဟာ မိမိစိတ်ကဖြစ်ပေါ်လာတာ ကြောင့် မိမိစိတ်ကို မိမိအနိုင်ရဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။ ဆုံးရှုံးမှုဖြစ်ခဲ့မယ်ဆိုရင်တောင် သင်ခန်းစာယူပြီး အောင်မြင်မှုရမယ့်နည်းလမ်းကို ရှာဖွေရမှာပဲဖြစ်ပါတယ်။ အောင်မြင်မှုရခဲ့တဲ့သူတိုင်း ဆုံးရှုံးခဲ့ဖူးတယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။

(၄)    ဘဝကို သက်သောင့်သင်သာနဲ့ လူတိုင်း ဖြတ်သန်းချင်ကြပေမဲ့ အောင်မြင်မှုမရသေးဘဲ ကြိုးစား နေတဲ့သူတွေအနေနဲ့တော့ အဲ့လိုပြုမှုနေထိုင်မှု လုပ်ရမှာမဟုတ်ပါဘူး။ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက် ဖို့အတွက်အခြားဘယ်သူကမှစွမ်းဆောင်ပေးလို့မရတာကြောင့်ကိုယ်တိုင်ကြိုးစားမှု ပြုလုပ်ရမှာ ဖြစ်တာကြောင့် အောင်မြင်မှုမရမချင်း ကြိုးစားနေရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON