published at :

            လူတိုင်းမှာ ရည်မှန်းထားတဲ့ပန်းတိုင်ရှိကြပါတယ်။အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်လည်း ကြိုးစားလေ့ ရှိကြပါတယ်။ အကြောင်းအရာတစ်ခုရှိလာပြီဆိုရင် အကောင်းရှိသလို အဆိုးလည်းရှိတတ်ပါတယ်။ကိုယ်ရည် မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့ အကောင်းဆုံးပံပိုးကူညီပေးတဲ့သူရှိသလို မရောက်ရှိအောင်လည်း ဟန့်တားတဲ့ သူတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို မရောက်ရှိအောင် ဟန့်တားမယ့်သူတွေကို တော့ ကိုယ်ရည်မှန်းချက်ကို ပြောမပြတာကောင်းပါတယ်။ ဘယ်လိုလူမျိုးတွေကို ကိုယ်ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်မပြောဖို့ သင့်သလဲဆိုတာကတော့ ………………..

(၁)    ကိုယ်ပိုင်ရည်မှန်းချက်မရှိတဲ့သူ

            တစ်ယောက်နဲ့တစ်ယောက်ရည်မှန်းချက်ခြင်းမတူညီနိုင်တာကြောင့် ကွဲပြားမှုတွေရှိနိုင်ပါတယ်။ရည်မှန်းချက် မရှိတဲ့သူဟာ ကိုယ်တိုင်လည်း မကြိုးစားသလို သူများကြိုးစားနေတာကို မလိုအပ်ဘူးဆိုပြီး ပြောလေ့ရှိပါတယ်။ သူကိုယ်တိုင်က ပြောင်းလဲကြိုးစားဖို့ မရှိတာကြောင့် သူရဲ့စိတ်အတိုင်းပဲ ပြောဆိုပြုမှုမှာကြောင့် ကိုယ်ရဲ့ ရည်မှန်းချက်အတွက် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

(၂) ရည်မှန်းချက်ကို သိပေမဲ့ ကြိုးစားနေမှုကို အသိအမှတ်မပြုသူ

            ကိုယ်ရဲ့ရည်မှန်းချက်ကိုထုတ်ဖော်ပြောဆိုလိုက်တဲ့အခါ ချီးမွန်းစကားပြောဆိုပေမဲ့ကိုယ်ရဲ့ကြိုးစားမှုကို အသိ အမှတ်မပြုသူတွေလည်းရှိတတ်ပါတယ်။ သူတို့ဟာတကယ်တမ်းတော့ကိုယ်ရဲ့ရည်မှန်းထားတဲ့ပန်းတိုင်ကို အခမဲ့ ကူးယူသွားတဲ့သူတွေလို့တောင်ဆိုရမှာဖြစ်ပါတယ်။ အဲ့တာကြောင့် အပေါ်ယံ ချီးမွန်း စကားပြောဆိုတတ်တဲ့ သူတွေကို သတိထားပြီးမှ ကိုယ်ရဲ့ ရည်မှန်းချက်ကို ပြောပြသင့်ပါတယ်။

(၃) အမြဲတမ်း အပြစ်ပြောနေတတ်တဲ့သူ

            တစ်ချို့သူတွေက သူများဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့သူတွေ ရှိတတ်ပါတယ်။ဝေဖန်တယ်ဆိုတာ တစ်ခါတလေမှာတော့ ကောင်းမွန်တဲ့ လမ်းကြောင်းကို ရှာဖွေတွေ့သွားစေနိုင်ပေမဲ့ တစ်ခါတလေမှာတော့ ဝေဖန်မှုတွေကြောင့် ရည်မှန်းချက်တွေ ပျက်သွားစေနိုင်ပါတယ်။အဲ့တာကြောင့် အမြဲတမ်း ဝေဖန်အပြစ်ပြောနေ တဲ့သူတွေကို ကိုယ်ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်သင့်ပါဘူး။

        လူဆိုတာပတ်ဝန်းကျင်နဲ့ နေထိုင်ရတာ ဖြစ်တာကြောင့် အများအမြင်မှာ လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးပါတယ်။အကောင်းဆုံးကတော့ ကိုယ်ပိုင် ရည်မှန်းချက်ရှိပြီး ၊အကျိုးအကြောင်းသင့်ချီးကျူးတတ်သူ၊ ချင့်ချိန်ဝေဖန်တတ်သူတွေနဲ့သာ ကိုယ်ရဲ့ရည်မှန်းချက်ကို တိုင်ပင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON