published at :

            ကမ္ဘာ့ပေါ်မှာထိန်းချုပ်ရအခက်ဆုံးကမိမိရဲ့စိတ်ပင်ဖြစ်သည်။အခြားမည်သည့်အရာကိုမဆို ထိန်းချုပ်လို့ ရနိုင်ပေမဲ့ မိမိရဲ့စိတ်ကိုတော့ မိမိတစ်ယောက်သာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ စိတ်ဆိုတာ လေထဲမှာမြှောက်နေတဲ့ ဘောလုံးလေးတွေနဲ့တူပါတယ်။ကိုယ်ကအရေးကြီးတယ်လို့ထင်တဲ့ ဘောလုံးကိုဖမ်းဆုပ်ဖို့ကြိုးစားနေတာကြောင့် အခြား ဘောလုံးတွေကို ဖမ်းဆုပ်နိုင်ခြင်းမရှိသလို ဘောလုံးတွေအများကြီး ဖမ်းဆုပ်ချင်တဲ့အခါမျိုးတွေမှာဆိုရင်လည်း တစ်ခုမှ ဖမ်းဆုပ်နိုင်ခြင်းမရှိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

              ဒါကြောင့်ကိုယ်ဖမ်းဆုပ်ချင်တဲ့ဘောလုံးလေးဟာ ကိုယ်အတွက်အကျိုးရှိစေမယ့်၊ ကိုယ်ဘဝတိုးတက်ဖို့ လုပ် ဆောင်နိုင်တဲ့ဘောလုံးလေးဖြစ်ဖို့လိုအပ်ပါတယ်။ဒါမှသာကိုယ်ကိုယ်ကိုထိန်းချုပ်နိုင်ပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေ တစ်ခုကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ အဲ့လိုအခြေအနေမျိုးတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ်ဖမ်းဆုပ်လိုက်တဲ့ ဘောလုံး လေးမှာ ပါဝင်ရမှာတွေကတော့ …. 

(၁)    အခုလက်ရှိအချိန်မှာ လုပ်ဆောင်ဖို့ တကယ်လိုအပ်တဲ့အရာ ဖြစ်ရပါမယ်။ဗိုက်မဆာတဲ့သူတစ် ယောက်ကို အကောင်းဆုံးစားဖွယ်တွေကျွေးမယ်ဆိုရင်အနည်းငယ်စားချင်ရင်စားပါလိမ့်မယ်။ဗိုက်မဆာတဲ့သူရယ် အစာစားချင်စိတ် မရှိတဲ့သူကိုကျွေးမယ်ဆိုရင် ဘယ်လောက်ပဲတန်ဖိုးရှိတဲ့အစာဖြစ်နေပါစေ သူတို့စိတ်ဝင်စားမှာမဟုတ်ပါဘူး။ တကယ် ဗိုက်ဆာနေတဲ့သူတစ်ယောက်ကိုအကောင်းဆုံးအစားအစာမဟုတ်ရင်တောင် ဗိုက်ပြည့်စေမယ့် အစာတစ်ခုကိုကျွေးမယ် ဆိုရင် သူအနေနဲ့သူရဲ့ဝမ်းစာပြည့်အောင် စားသုံးမှာပဲဖြစ်ပါတယ်။ လက်ရှိလုပ်ဆောင်နေတဲ့အရာတွေဟာ ကိုယ်အတွက် တကယ်လိုအပ်လို့ လုပ်ဆောင်နေရတဲ့အရာတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။

(၂)    ကိုယ်အတွက်လက်ရှိအချိန်မှာ တကယ်လိုအပ်လို့လုပ်ဆောင်နေရတယ်ဆိုပေမဲ့ အဲ့ဒီအရာကို ကိုယ်တကယ် လုပ်ချင်တဲ့ဆန္ဒလည်းရှိဖို့လည်း လိုအပ်ပါတယ်။အခြားမည်သူတစ်ဦးတစ်ယောက်က မည်မျှ တိုက်တွန်းမှုရှိနေပါစေ ၊တကယ်လုပ်ဆောင်မယ့်သူက ကိုယ်ဖြစ်နေတာကြောင့် ကိုယ်ရဲ့ဆုံးဖြတ်ချက်က အရေး အကြီးဆုံးပဲ ဖြစ်ပါတယ်။ စိတ်ပါဝင်စားမှုမရှိဘဲ လုပ်ရတဲ့အလုပ်တစ်ခုကို ကြာရှည်လုပ်ကိုင်ဖို့ မလွယ်ကူသလို ကုန်ဆုံးသွားတဲ့အချိန်တွေကိုလည်း ဘယ်လိုအရာနဲ့မှ ပြန်လည်ဝယ်ယူလို့မရပါဘူး။

(၃)    နောက်ဆုံးမေးခွန်းကတော့ အပေါ်ကနှစ်ချက်ကြောင့် လုပ်ဆောင်နေရတယ်ဆိုပေမဲ့ ဘာကြောင့် ဒီအရာကိုလုပ်ဆောင်နေရသလဲဆိုတာကိုကိုယ်ကိုယ်ကိုပြန်မေးရမှာပဲဖြစ်ပါတယ်။ ဘဝဆိုတာ တကယ်တော့ ပင်လယ် နဲ့တူပါတယ်။ပင်လယ်တစ်ခုကို ဖြတ်ကျော်တဲ့အခါ ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လောက်ပဲပြုလုပ်ထားပါစေ၊ မထင် မှတ်တဲ့အရာတွေ ဖြစ်ပေါ်လေ့ရှိတာကြောင့် တကယ်အခက်အခဲကြုံလာတဲ့အခါမျိုးမှာ ရင်ဆိုင်ဖြေ ရှင်းဖို့အတွက် ကိုယ်မှာ လိုအပ်တဲ့အရာတွေပြည့်စုံနေရမှာ ဖြစ်ပါတယ်။

        လေထဲမှာမြှောက်နေတဲ့ဘောလုံးလေးတွေအများကြီးထဲက ကိုယ်ဖမ်းဆုပ်လိုက်တဲ့ဘောလုံးလေးဟာ ရွေးချယ်မှု မှန်ကန်တဲ့ဘောလုံးလေး ဖြစ်ဖို့ အရေးကြီးပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON