published at :

            လုပ်ငန်းရှင်နဲ့ဦးဆောင်သူ ဆိုတာတူမလို့နဲ့ကွဲပြားခြားနားပါတယ်။ အင်္ဂလိပ်လူမျိုးတွေရဲ့ အခေါ်မှာ တော့ ရှင်းလင်းပါတယ်။လုပ်ငန်းရှင်ကို (BOSS) လို့ ခေါ်ဝေါ်သုံးစွဲကြပြီး လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်သူကို တော့ (LEADER)လို့ သုံးနှုန်းကြပါတယ်။ မြန်မာပြည်မှာတော့ လုပ်ငန်းတစ်ခုကိုဦးဆောင်တဲ့သူဟာလုပ်ငန်းရှင် ဖြစ်တာကြောင့် Boss နဲ့ Leader ဟာ တစ်ယောက်တည်းလို့တောင် ဆိုရမှာဖြစ်ပါတယ်။ 

            လုပ်ငန်းရှင်ဆိုတာ ကိုယ်အကျိုးစီးပွားအတွက် လိုအပ်မှုရှိတဲ့ဝန်ထမ်းတွေကို ခန့်အပ်ပြီး ကိုယ့်လုပ်ငန်း တိုးတက်ဖို့အတွက်လုပ်ဆောင်သူပဲဖြစ်ပါတယ်။ ဦးဆောင်သူဆိုတာကတော့ လက်အောက်ဝန်ထမ်းတွေနဲ့အတူ လုပ်ရမယ့် လုပ်ငန်းတာဝန်တွေကို အတူတကွလုပ်ကိုင်ပြီး ဝန်ထမ်းတွေရဲ့ ဘဝတိုးတက်မှုကိုပါ လမ်းညွှန်ပြသ ပေးတဲ့သူ ဖြစ်ပါတယ်။ ဒီလို မတူညီမှုနှစ်ခုကို ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့သူအများစုဟာ အောင်မြင်တဲ့သူတွေပဲ ဖြစ်ပါတယ်။အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ အခြေခံလိုအပ်ချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

            ကိုယ်ရဲ့လက်အောက်ဝန်ထမ်းတွေဟာ ကိုယ်လုပ်ငန်းရဲ့ ဦးစားပေးရည်မှန်းချက်ကို သိရှိအောင်ပြုလုပ် ပေးရပါမယ်။ ကိုယ်လုပ်ငန်းရဲ့ အားသာချက်၊အားနည်းချက်တွေကို သူတို့ကို ပြောပြထားရမှာဖြစ်ပြီး အခြား လုပ်ငန်းတူအမျိုးအစားတွေထက် ပိုမိုကောင်းမွန်မှုရအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို အတူတကွ အဖြေရှာရမှာ ဖြစ်ပါတယ်။ သင်ကြားပေးမှုဆိုတာထက် အပြန်အလှန်ညှိုနိုင်းဆောင်ရွက်ခြင်းနဲ့ သူတို့ရဲ့ စွမ်းရည် ကို မြှင့်တင်ပေးသလို လုပ်ဖောက်ကိုင်ဖက် အချင်းချင်း ရင်းနှီးမှုကိုလည်း ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။

            တစ်ခါတလေဆုံးဖြတ်ချက်ချရတဲ့အခါမျိုးတွေမှာဆိုရင်လည်း ရာထူးအဆင့်လိုက်ဆုံးဖြတ်ချက်ချနိုင်တာ မျိုးတွေဆိုရင် သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုပေးရမှာဖြစ်ပါတယ်။ အသိအမှတ်ပြုပေးပြီး နောက်မှာ ဒီဆုံးဖြတ်ချက်ကို ဘယ်လိုအကြောင်းအရာအခြေအနေမျိုးတွေကြောင့် ချမှတ်ရသလဲဆိုတာကို ပြန် လည်ရှင်းပြခိုင်းတာမျိုး ပြုလုပ်ရပါမယ်။အခုလို ပြုလုပ်ခြင်းဟာ မတူကွဲပြားတဲ့ စိတ်ကူးအသစ်တွေကို ရရှိစေ သလိုကိုယ်အဖွဲ့အစည်းထဲမှာရှိတဲ့သူတွေရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးသလိုဖြစ်တာကြောင့် ဦးဆောင်ကောင်းသူတွေ လက်စွဲအသုံးပြုတဲ့ စီမံခန့်ခွဲမှု တစ်ခုပဲဖြစ်ပါတယ်။

            ဦးဆောင်ကောင်းသူတွေ နောက်ထပ်အသုံးပြုတဲ့နည်းလမ်းတစ်ခုကတော့ လက်အောက်ဝန်ထမ်းတွေ ရဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင် အတတ်နိုင်ဆုံးပံပိုးမှုပေးခြင်းနဲ့ ရင်းနှီးမှုအတိုင်းအတာကို မြှင့်တင် ခြင်းပဲဖြစ်ပါတယ်။တစ်ခါတလေအလုပ်ချိန်ပြင်ပအချိန်တွေမှာ အတူတကွ သွားလာမှုပြုလုပ်ပြီး သူငယ်ချင်းမိတ် ဆွေအဖြစ်ပေါင်းသင်းခြင်းပဲဖြစ်ပါတယ်။ ဒီလိုပြုမှုခြင်းဟာ သူရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်စေသလို ကိုယ့်အတွက် အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ကို အလိုအလျောက် ရရှိပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခြင်းလည်း ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON