လူတစ်ယောက် ရဲ့ ဘဝ မှာ ပျော်ရွှင်မှုဆိုတာ အလွန်အရေးကြီးပါတယ်။ ပျော်ရွှင်ဖို့ အတွက် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ မှန်ပါတယ်။ လူတစ်ယောက် ဘဝ ပျော်ရွှင်ဖို့ ငွေရေးကြေးရေး ကဏ္ဏ ကလဲ တစ်ထောင့်တစ်နေရာ ကနေ ပါဝင်နေပါတယ်။ ဒီတော့ သင်သည် သာမန် လူလတ်တန်းစား ဖြစ်နေခဲ့လျှင် သို့်မဟုတ် ဝန်ထမ်း တစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင် တော့ ဒီစာလေး ကို ၃ မိနစ်လောက် အချိန်ပေးဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။
ကြွက်အပြေးပြိုင်ပွဲ (Rat Race) ဆိုတာ ဘာလဲ။
ဆိုကြပါစို့ ဝန်ထမ်း တစ်ယောက် က အလုပ်လုပ်တယ် အဲ့ဒီ့ အတွက် သူ့မှာ income ဆိုတဲ့ ဝင်ငွေ တွေ ရလာတယ်၊ ဒီတော့ သူရလာတဲ့ ငွေ တွေ ကို အခွန်စရိတ်တွေ မီတာခ တွေ အတွက် ပေးလိုက်ရတယ်၊ ချေးထားတဲ့ ငွေတွေ ပြန်ဆပ်လိုက်ရတယ် နောက်ပြီးသူက ၊ လိုချင်တာလေးတွေ မျက်စိ ကျစေမယ့် ပစ္စည်းလေးတွေ အတွက် ထပ်ပြီး သုံးလိုက်ပြန်တယ်၊ ငွေစုမယ့် အချိန်ကျတော့ သူ့ပိုက်ဆံတွေ မရှိတော့ဘူး ဒါနဲ့ ပဲ သူ ထပ်ပြီး အလုပ် ကြိုးစားတယ် အခွန်စရိတ်တွေ အတွက် ပေးလိုက်ရတယ်၊ ချေးထားတဲ့ ငွေတွေ ပြန်ဆပ်ရပြန်တယ်၊ လိုချင်တာတွေ ထပ်တွေ့တယ် ထပ်ပြီး ဝယ်လိုက်ပြန်တယ်၊ နောက်ဆုံး ငွေစုမယ့် အချိန် မှာ သူ့ မှာ ဘာမှ မရှိတော့ဘူး ၊
ဤအရာ ကို အားသွန်ခွန်စိုက် ကြိုးစားရခြင်း Rat Race လို့ခေါ်ပါတယ်။
ဒီတော့ ဒီအရာထဲ က ရုံးထွက်ဖို့ ဘာတွေ လုပ်ရမှာလဲ။
(၁) မလိုအပ်ဘဲ ဈေးဝယ်တာတွေ ကို ရပ်လိုက်ပါ။
မိတ်ဆွေ အနေနဲ့ ကိုယ့် လုပ်အားခ ထက်ပိုတဲ့ ပေးရန်တာဝန် (liability) တွေကို ဝယ်ခြင်းအားဖြင့် မိတ်ဆွေ အနေနဲ့ ပိုများတဲ့ အကြွေးတွေ ကို ပဲ ဆပ်နေရပါလိမ့်မယ်။
(၂) ကိုယ့်ကိုယ်ကို အရင်ပေးပါ
ဒီတစ်ခုကတော့ မိတ်ဆွေ ဝင်ငွေတွေ ရလာတဲ့ အခါ မလိုအပ်တဲ့ အရာတွေပေါ်မှာ မသုံးစွဲခင် မိတ်ဆွေ အိပ်ကပ် ထဲ ကို မိတ်ဆွေ အရင်ထည့်ဖို့ပြောချင်တာ ဖြစ်ပါတယ်။
(၃) ပိုင်ဆိုင်မှု (Assets) တွေ ဝယ်ပါ။
မိတ်ဆွေ ရလာတဲ့ ဝင်ငွေရဲ့ ၁၀ ပုံ ၁ ပုံ ကို စု ၊ ပြီးရင် မိတ်ဆွေ အတွက် အခြားတစ်ဖက်ကနေ ငွေတွေ ဝင်လာအောင် အဲ့ဒီ အရာတွေ ပေါ်မှာ ရင်းနှီးမြုပ်နှံပါ။ ဥပမာ အိမ်ခန်း တစ်ခုခု ဖြစ်ဖြစ်ပေါ့။
ဒီလိုဆိုရင်တော့ မိတ်ဆွေ အနေ နဲ့ ဒီထက့် ပိုပြီးအောင်မြင် ပျော်ရွှင်တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။