published at :

            ကိုယ်ကိုယ်ကိုပြန်မေးကြည့်ပါဆိုတဲ့စကားကိုကြားဖူးကြပါလိမ့်မယ်။အဲ့လိုမေးခံရပြီဆိုကတည်းက ကိုယ် မှာတစ်ခုခု မှားယွင်းမှုရှိနေပြီဆိုတာကို နားလည်ရမှာ ပဲဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်ကို ပြန်မေးကြည့် ပါဆိုတဲ့စကားဟာ အောင်မြင်တဲ့သူတွေရဲ့လက်သုံးစကားတစ်ခုလို့ဆိုရမှာ ဖြစ်ပြီးသူတို့ဟာ နေ့စဉ်တိုင်းမှာ ဒီ မေးခွန်းကို မေးလေ့ရှိကြပါတယ်။ အဲ့လိုမေးပြီး ပြင်ရမယ့်အချက်တွေရှိခဲ့ရင် တစ်ခုချင်းစီလုပ်ဆောင်ခြင်းနဲ့ အမှား တွေ နည်းသထက်နည်းလာပြီး အောင်မြင်မှုကို ပိုင် ဆိုင်နိုင်တဲ့သူတွေဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

            အမှားနဲ့ကင်းတဲ့လူဆိုတာ ဘာအလုပ်မှမလုပ်ဘူးတဲ့သူလို့ ဆိုကြပါတယ်။မှားတတ်တဲ့အရာတွေ ရှိတာ ကြောင့်လည်း ခဲတံရဲ့နောက်မှာ ခဲဖျက်တွေတပါတည်း ထည့်ပေးထားသလို မင်ဖျက်တဲ့ဆေး(correction pen) တွေလည်း ပေါ်လာတာဖြစ်ပါတယ်။ဖျက်လို့ရတယ်ဆိုတိုင်း အမှားတွေကိုပြုလုပ်ရမှာ မဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားရပါမယ်။အောင်မြင်မှုကိုရရှိထားတဲ့သူတွေ အောင်မြင်မှုမရခင်မှာ နေ့စဉ်တိုင်းကိုယ်ကိုယ်ကို ပြန် မေးလေ့ရှိတဲ့ မေးခွန်းတွေကို သိရှိအောင် တင်ပေးလိုက် ပါတယ်။

            ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒီနေ့ဘာတွေလုပ်ဆောင်နိုင်ခဲ့လဲ။ အောင်မြင်မှုရယူလိုတဲ့သူတွေဟာ ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ နေ့စဉ်ပြု လုပ်ဆောင်ရွက်လေ့ရှိပြီး နေ့ရက်ချင်းစီအလိုက်လည်း ပြင် ဆင်မှုရှိကြပါတယ်။ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ နေ့ရက်တစ်ရက်ချင်းစီ ကိုယ်ကိုယ်ကို လှုံဆော်မှုပေးပြီး ပုံမှန် ကြိုးစားလေ့ရှိပါတယ်။မကောင်းတဲ့အလေ့အကျင့်တွေကို ရပ်တန့်နိုင်ဖို့ကြိုးစားကြပါတယ်။မကောင်းတဲ့ အလေ့ အကျင့်ဆိုတာ အကြောင်းမဲ့အချိန်ဖြုန်းခြင်းမျိုးလို့ ဆိုရမှာဖြစ်ပြီး အောင်မြင်မှုလိုချင်တဲ့သူတွေဟာ ရတဲ့အချိန်မှာ အကျိုးရှိစေမယ့်အရာတစ်ခုခုကို အမြဲလုပ်ဆောင်နေလေ့ရှိပါတယ်။

            နေ့စဉ်စိတ်အားတက်ကြွမှုရှိအောင်လည်းကြိုးစားကြပါတယ်။ စိတ်အားတက်ကြွမှုဟာ ကြိုးစားနေတဲ့သူ တစ်ယောက်အတွက် ရည်မှန်းထားတဲ့ပန်းတိုင်ကိုသွားဖို့ အကောင်းဆုံးလုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ အခြား သူတစ်ယောက်ပြုလုပ်ပေးတဲ့ စိတ်အားတက်ကြွမှုထက် ကိုယ်ကိုယ်ကို ပြုလုပ်တဲ့စိတ်အားတက်ကြွမှုက ပိုပြီး တော့ တွန်းအားဖြစ်စေပါတယ်။ ကိုယ်ရဲ့အပြုအမှုတွေကို တိုးတက်မှုရှိအောင်လည်း ကြိုးစားသလို ဖြတ်သန်း ခဲ့ရတဲ့တစ်လျှောက် ရခဲ့တဲ့အတွေ့အကြုံ၊အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေဆီက သင်ခန်းစာယူပြီးအကောင်းဆုံးအရာ တွေကိုရွေးချယ်ပြီး ပြုမှုလုပ်ဆောင်လေ့ရှိပါတယ်။

            နောက်ထပ်တစ်ခုကတော့ဒီနေ့ဘာတွေအမှားလုပ်မိခဲ့လဲဆိုတာကိုပြန်စဉ်းစားလေ့ရှိပါတယ်။ မထင်မှတ် ဘဲ မှားမိခဲ့တဲ့အရာတွေရှိတတ်တာကြောင့် အဲ့အမှားကနေ သင်ခန်းစာယူပြီး ဘယ်လိုကွဲပြားခြားနားမှုရှိအောင် လုပ်ဆောင်ရမလဲဆိုတာကို ရှာဖွေလေ့ရှိပါတယ်။နောက်ဆုံးအနေနဲ့ကတော့ ဒီနေ့တစ်နေ့တာမှာ ကိုယ်ကိုယ် ကို ကျေနပ်အားရမှုရှိရဲ့လားဆိုတာကို မေးတာပဲဖြစ်ပါတယ်။ တစ်နေ့တာချင်းစီ ကျေနပ်အားရမှုရှိလာပြီ ဆိုရင် တော့ အောင်မြင်မှုမရသေးခင်အချိန်မှာတောင် ကိုယ့် ကိုယ်ကို ပျော်ရွှင်မှုရရှိစေမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON