published at :

 လောက မှာ

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း ကိုယ်ပါပဲ

ကိုယ့် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း ကိုယ်ပါပဲ
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း ကိုယ်ပါပဲ
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း ကိုယ်ပါပဲ


'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ ၊ စိတ် ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။
'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ '' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး 

မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ်တစ်ခု ဖြစ်သွားနိုင်တယ်


ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်


ဒီလိုပဲ  သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေက ပိုကြီးထွားလာပြီး  သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ
ဒါတွေကို မတွေးတော့ပဲ  ဖြေရှင်းဖို့နည်းလမ်းရှာမှသာ အဆင်ပြေမှာပါ
ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ကိုယ့် ကို ကိုယ် '' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ


'' အကျိုးရှိရင် အကြောင်းရှိသလို '' အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ
သင်တို့လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ ၊ ဒါတွေက ခုချိန်မှာ အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ ၊ မိမိ ကိုယ် မိမိ ချစ်တာ ၊ မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ ၊ မိမိ မာန ကို ''ရှေ့တန်း''တင်ပေးနေတာမျိုးတွေမဖြစ်အောင်

သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင်  ဒီလိုစိတ်ထားကြည့်ပါ

၁ ။ ခွင့်လွှတ်နားလည်ပေးကြည့်ပါ
၂ ။ ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
၃ ။ အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ


ဒါဆို အရင်စိတ်ငြိမ်းချမ်းသွားမှာက သင်ပါ


Crd

Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON