published at :

မတန်တဲ့သူအတွက် မငိုနဲ့ 


ဘ ဝ မှာ

နာစရာရှိတိုင်းသာ ငိုနေမယ်ဆိုရင်

မျက်ရည်ဆိုတာ လောက်မှာတောင်မဟုတ်ဘူး


ပျော့ညံ့မှန်းသိရင်

လောကကြီးက ပိုအနိုင်ကျင့်တယ်


ပြုံးနေတိုင်း

ပျော်နေလို့ မဟုတ်သလို

အမြဲရယ်နေသူရင်ထဲမှာလဲ

နာကျင်စရာတွေ ပြည့်နှက်နေတတ်တယ်


ဘ ဝ မှာ

ဘယ်သူတွေကို ကိုယ့်ကြောင့် မျက်ရည်ကျစေခဲ့ပြီး

ကိုယ် က ရော ဘယ်သူတွေကြောင့် မျက်ရည်တွေ ကျခဲ့ရပြီးပြီလဲ


ဒါပေမယ့် တစ်ခါတလေမှာ

ဟန်ဆောင်ပြီး မျက်ရည်မကျအောင် ထိန်းထားရတာထက်

ဝအောင် ငိုချပြီး ဘဝကို ရှေ့ဆက်တာ ပိုကောင်းတယ်


မျက် ရည် က

မျက်လုံးထဲက ကျတာဆိုပေမယ့်

နာကျင်ကြေကွဲမှုကိုကျ ရင်ဘက်က ခံရတယ်


နောက်တစ်ခါ မျက်ရည်ကျရင်

ကျနေတဲ့မျက်ရည်ကိုဘဲ သုက်ပစ်မနေနဲ့

မျက်ရည်ကျအောင်လုပ်တဲ့သူတွေကိုလဲ ဘဝထဲက ထုက်ပစ်နိုင်အောင် ကြိုးစားပါ


ဟုတ် ပါ တယ်

တစ်ချို့ဝဋ်ကြွေးတွေက ပြေးလို့ မလွတ်တာဆိုပေမယ့်

တစ်ချို့ဝဋ်ကြွေးတွေကျတော့ ကိုယ်တိုင်က လွတ်အောင် မပြေးလို့ပါ


နောက် ဆို

ဒဏ်ရာပေးမယ့်သူတွေနဲ့ ဝေးဝေးနေနိုင်အောင် ကြိုးစားပါ

ကိုယ့်တန်ဖိုးမှ နားမလည်ရင်

အဲ့ဒီလူနားက လှည့်ထွက်ခဲ့တာကောင်းတယ်


မငိုနဲ့ 

ဘဝမှာ မတန်တဲ့ အကြောင်းအရာတွေအတွက် ထပ်မငိုပါနဲ့တော့


Crd


Author Picture.


Published

Proudly published with NyanCMS


×


NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON