published at :
တစ်နေ့တော့
အဆိုးတွေကို အားတင်းနိုင်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်
တစ်နေ့တော့
အခက်အခဲတွေကို
တိုက်ပွဲဝင်နိုင်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်
တစ်နေ့တော့
ကိုယ့်အပေါ်ယုတ်မာခဲ့သူတွေကို
ခပ်လှောင်လှောင် ပြုံးပြနိုင်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်
တစ်နေ့တော့
ကျရှုံးမှုတွေကို
လှေကားတွေလိုနင်းတက်ခဲ့တဲ့အကြောင်း
ပြောပြချင်တယ်
တစ်နေ့တော့
နှာခေါင်းရှုံ့ခဲ့သူတွေ
ကိုယ့်ကိုမျက်နှာလိုမျက်နှာရ
လက်ဆွဲနှုတ်ဆက်ချိန်အကြောင်း
ပြောပြချင်တယ်
တစ်နေ့တော့
မျက်ရည်တွေချိုမြိန်လာကြောင်း
ရယ်ရင်းမောရင်းပြောပြချင်တယ်
တစ်နေ့တော့
ကိုယ့်အိပ်မက်တွေ
ထုဆစ်ပုံဖော်နိုင်ခဲ့တဲ့အကြောင်း
ဂုဏ်ယူစွာပြောပြချင်ပါတယ်
အဲ့ဒီ့တစ်နေ့အတွက်
ခုချိန်
ရှင်သန်အားတင်းထားလိုက်ပါ
Credit