published at :
ရှေ့ဆက်ရမယ့်လမ်းကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ လမ်းဖောက်ကြရမှာပါ။
လောကကြီးဆိုတာ မိခင်တစ်ယောက်လို မဟုတ်ဘူး။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့ ။
အရှုံးကိုမလိုချင်ရင် မခံချင်စိတ်နဲ့ ကြိုးစားပါ။
သင် နာကျင်ရတဲ့အခါ လက်ခံလိုက်ပါ။
ဘဝက သင့်ကို တစ်ခုခု သင်ပေးဖို့ ကြိုးစားနေတာပါ။
ဆုံးရှုံးမှုတိုင်းမှာ ရလာဒ်ဆိုတာ ရှိပါတယ်။
အနည်းဆုံးတော့ သင်ခန်းစာပေါ့ ။
ရည်မှန်းချက် ရှိဖို့လိုပါတယ်။
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ။
အလုပ်နဲ့ အကောင်ထည်ဖော်ဖို့ လိုပါတယ် ။
စာအုပ်စာပေတွေ ဖတ်လို့ အသိဥာဏ်တွေ တိုးလာပေမယ့် လက်တွေ့ အသုံးမချရင်တော့ သင်ဟာ စိတ်ကူးယဉ်သမား တစ်ယောက်ပါပဲ ။
ငါးကြီးကြီး လိုချင်ရင် ပင်လယ်ထဲ သွားပါ။
အဲ့ဒီမှာ မုန်တိုင်းတွေလည်း ရှိတယ် ။
တကယ်တော့ လူ့သက်တမ်းကပဲ အကန့်အသတ် ရှိတာပါ။
သင် ကြိုးစားနိုင်မှုစွမ်းရည်ဆိုတာ အကန့်အသတ် မရှိပါဘူး။
ကြိုးစားတဲ့သူတိုင်းလဲ မအောင်မြင်နိုင်ပါဘူး ။
ဒါပေမယ့် … အားမလျှော့လိုက်ပါနဲ့။
အောင်မြင်သူတိုင်းကတော့ ကြိုးစားခဲ့ကြတာပါ။
လမ်းမရှိဘူးလို့ အချိန်ကုန်ခံ ပြီး ညည်းတွားမနေပါနဲ့ ။
ကိုယ်လျှောက်မယ့် လမ်းကို ကိုယ်တိုင်ပဲ ဖောက်ကြရမှာပါ။
Credit
Author Picture.
Published
Proudly published with NyanCMS
×
NewChallenges.com.mm မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တွေထဲက တစ်ခု။ အလုပ်ရှာဖွေနေသူတွေအတွက် အကောင်းဆုံးအလုပ်အကိုင်တွေ ရရှိနိုင်မှာဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်း အရည်အချင်း ပြည့်မီတဲ့ ၀န်ထမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ။ ဒါ့အပြင် မိမိကုမ္ပဏီရဲ့ အမှတ်တံဆိပ်၊ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုလည်း NewChallenges.com.mm မှာ အကောင်းဆုံးကြော်ငြာနိုင်မှာပါ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ရှာဖွေဖို့ NewChallenges.com.mm မှာ ဒီနေ့ပဲ မှတ်ပုံတင်ပြီး စတင် လိုက်ပါ။ NewChallenges.com.mm က သင်နဲ့အတူ အမြဲရှိနေမှာပါ။
ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON