published at :

            အလုပ်ရှင်နဲ့အလုပ်သမား ဆိုပြီး သတ်မှတ်လိုက်တဲ့လုပ်ငန်းတစ်ခုနဲ့ လုပ်ဖောက်ကိုင်ဖက်ချင်း ရည်မှန်း ချက်တစ်ခုကို အတူတကွလုပ်ကိုင်ရင်း မိသားစုတစ်ခုလို ဆက်ဆံမှုရှိတဲ့ လုပ်ငန်းတစ်ခုကြား လုပ်ဆောင်မှုခြင်း ခြားနားသလို ရလဒ်ကောင်းပိုင်ဆိုင်မှုခြင်းလည်း တူညီမှုမရှိနိုင်ပါဘူး။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုတဲ့ စကားပုံ အတိုင်း အပြန်အလှန် လေးစားဆက်ဆံမှုတွေနဲ့ သင်ယူစရာတွေကို လေ့လာသင်ယူရင်း ကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ရင်းနှီးမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ဆိုရင်ဝန်ထမ်းတွေဟာတစ်ခါတလေမှာ သူများအလုပ်လုပ်နေတယ်ဆိုတာကိုမေ့နေပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို လုပ်ကိုင်နေတယ်လို့ ခံစားမိတာမျိုးတွေ ရှိတတ်ပါတယ်။

            အမှန်တကယ် ရင်းနှီးမှုရှိတဲ့လုပ်ငန်းခွင်တစ်ခုရရှိဖို့ဆိုတာမလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ လုပ်ငန်း ခွင်ထဲမှာ ရာထူးနေရာချင်းကွာဟမှုရှိသလို တာဝန်ယူရတဲ့လုပ်ဆောင်ပုံခြင်းမတူညီတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာရင်းနှီးနိုင်ပေမဲ့ လုပ်ငန်းထဲမှာရင်းနှီးမှုရဖို့တော့ ခက်ခဲ့ပါလိမ့်မယ်။ဒါပေမဲ့ ရင်းနှီးမှုရအောင် တော့ လုပ်ဆောင်ရမှာက ဝန်ထမ်းအချင်းချင်းဖြစ်ပြီး ကိုယ်ရဲ့တာဝန်တွေအပြင် အခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ တာဝန်တွေကိုပါ ဝိုင်းဝန်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်အောက်ဝန်ထမ်းတွေအချင်းချင်း အဆင်ပြေစွာ လုပ်ကိုင်နိုင်ပြီဆိုရင်စီမံအုပ်ချုပ်မှုအဆင့်မှာရှိတဲ့သူတွေက လုပ်ငန်းတိုးတက်ဖို့ကိုအဓိကလုပ်ဆောင်နိုင်မှာဖြစ်ပါ တယ်။
အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို ပါဝင်ပတ်သက်တဲ့သူတိုင်း ရှင်းလင်းပြတ်သားစွာ သိထားဖို့လိုအပ်ပါ တယ်။ဥပမာအနေနဲ့ အစည်းအဝေးတစ်ခုမှာ စီမံအုပ်ချုပ်မှုအဆင့်မှာရှိတဲ့သူတွေက ဆုံးဖြတ်ချက်ချရတာမျိုး ဖြစ်ပေမဲ့အဖွဲ့အစည်းထဲမှာပါဝင်ပြီး အစည်းအဝေးကျင်းပနေတဲ့အချိန်မှာရှိတဲ့ ဝန်ထမ်းတစ်ယောက်က ကိုယ်ပိုင် ထင်မြင်ချက်ကို ပြောပြနိုင်ဖို့ အခွင့်အရေးရှိရပါမယ်။ အထက်လူကြီးက ချမှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်း ဟာပိုမိုကောင်းမွန်တယ်ဆိုပေမဲ့ အဆင်မပြေမှုရှိတဲ့အခါမျိုးတွေမှာလည်း အဆင်မပြေတဲ့အကြောင်း ပြောပြနိုင် ဖို့ ဝန်ထမ်းတွေအနေနဲ့ ကြိုးစားရမှာဖြစ်ပါတယ်။

            နောက်ဆုံးအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဦးစားပေးခံရတာကို လူတိုင်းကြိုက်နှစ်သက်မှုရှိပါတယ်။ ဦးစား ပေးခံရတယ်ဆိုတာ ကိုယ်ရဲ့လုပ်ဆောင်မှုကြောင့်ဆိုရင် ဂုဏ်ယူဖို့ကောင်းပေမဲ့ အခြားအချက်တွေကြောင့်ဆိုရင် တော့ အများကလက်ခံမှာမဟုတ်သလို ဂုဏ်ယူစရာကိစ္စရပ်လည်းမဟုတ်ပါဘူး။ ကိုယ်ရဲ့အလုပ်ရှင်ဆီက ဦးစား ပေးခြင်းခံရဖို့အတွက် အကောင်းဆုံးလုပ်ဆောင်မှုကတော့ တာဝန်ယူထားရတဲ့အလုပ်ထက်ပိုမိုလုပ်ဆောင်နိုင်ဖို့ ပဲဖြစ်ပါတယ်။ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို အခြားသူ ရှင်းလင်းစွာသိဖို့လိုအပ်ပြီး အခြားသူပြောချင်တဲ့ အကြောင်းအရာကို ကိုယ်ရှင်းလင်းစွာ သိပြီဆိုရင် အဆင်မပြေမှုတွေကို အလွယ်တကူကျော်ဖြတ်နိုင်ပြီး ရင်းနှီး မှုရှိတဲ့ လုပ်ငန်းခွင်းတစ်ခုကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON