လောကမှာ ဘယ်တော့မှကျေးဇူးမတင်တတ်တဲ့ လူတန်းစားဆိုတာရှိတယ်။
ကိုယ်က ကိုယ့်မှာရှိတဲ့ ငါးထောင် အကုန်ပေးခဲ့တယ်။ ဒါပေမယ့် သူဌေးတစ်ယောက် တစ်သောင်းပေးတာကို ကျေးဇူးတင်မဆုံးဘူး။
ကိုယ်ပေးခဲ့တဲ့ ငါးထောင်ဟာ ကိုယ့်မှာရှိသမျှ အကုန်ပေးခဲ့တာဖြစ်ပေမယ့် သူဌေးပေးခဲ့တဲ့ တစ်သောင်းဟာ လက်ဖက်ရည်ဖိုးသာသာပဲရှိတာ သူမသိခဲ့ဘူး။ သိလည်း သိပ်မခံစားတတ်တဲ့လူစားမျိုး...
ကိုယ်ပေးခဲ့တဲ့ အချိန်ဟာ မအားမလပ်တဲ့ကြားက အချိန်ပေး အပြေးအလွှားသွားရတာဖြစ်ပြီး
သူများတွေပေးတဲ့အချိန်ဟာ သူတို့အလုပ်ချိန်တွေ သင်တန်းတွေ မိသားစုကိစ္စတွေ အားလုံးပြီးမှ ပေးကြတာဖြစ်တယ်။
ဒါပေမယ့် ပိုအချိန်ပေးတဲ့သူကိုသာ ကျေးဇူးတင်ကြတယ်။ အခက်အခဲတွေကြားက လာရတဲ့သူကို အသိအမှတ်မပြုကြဘူး။
ဒီလိုပါပဲ...
လူတချို့မှာ တစ်စုံတစ်ယောက်ကို ဘာလုပ်လုပ်သိပ်ကျေးဇူးတင် သိပ်ချီးမွမ်းကြပြီး
နောက်လူတစ်ယောက်ကိုတော့ ဘာလုပ်လုပ်ကျေးဇူးတင်လေ့မရှိ စာရင်းထဲ သိပ်ထည့်လေ့မရှိတဲ့စရိုက်မျိုးတွေ ရှိတတ်ကြတယ်။
ပေးဆပ်ထားတဲ့ပမာဏကိုသာ ဆုံးဖြတ်ကြပြီး အားစိုက်ရတဲ့ပမာဏကိုတော့ သိပ်မမြင်ကြပါဘူး ၊ ထည့်တွက်လေ့မရှိပါဘူး။
ကိုယ့်ရှေ့မှာ ကိုယ့်ကိုနှိမ်ချင်တာနဲ့ပဲ
ကိုယ့်ထက်ပိုအဆင်ပြေသူတွေ ရာထူးပိုကြီးသူတွေ နာမည်ပိုကြီးသူတွေအကြောင်း ရေပက်မဝင်ပြောဆိုကြပြီး
သူတို့အဖို့ ကိုယ်မရှိလည်းရတယ် ၊ ကိုယ်မပါလည်းဖြစ်တယ်ဆိုတဲ့သဘောတွေကို ပါးနပ်စွာပြကြတယ်။
သင့်တန်ဖိုးဟာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ၊ အဲဒီတန်ဖိုးကို အသိအမှတ်မပြုတဲ့ အသိုင်းအဝိုင်းတစ်ခု သင့်မှာရှိနေပြီဆိုရင်တော့
အရင်လိုပေါပေါပဲပဲ ကူညီနေတာတွေ၊ အားအားယားယား အချိန်ပေးနေတာတွေ၊ နှစ်နှစ်ကာကာ ခင်မင်နေတာတွေကိုလျှော့လိုက်ပါ ။
ကိုယ်မရှိလည်း အဆင်ပြေတယ်ဆိုတဲ့ အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ။
ကိုယ့်ကိုမလိုဘူးဆိုတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းခဲ့ပါ။
ကိုယ်မရှိမှ ကိုယ့်တန်ဖိုးသိမယ့် မိတ်ဆွေတွေကို လက်တွဲဖြုတ်ခဲ့ပါ။
ဘဝမှာနေရမယ့်အချိန် အရမ်းနည်းတာမို့ သင့်ကိုလိုအပ်တဲ့ ၊ သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့၊ သင်နဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်မှာသာ သင်ရှိနေသင့်တာပါ။
'အမေကျော်ဒွေးတော်လွမ်း'တတ်တဲ့ မိတ်ဆွေတွေ
'ငါးစိမ်းမြင် ငါးကင်ပစ်'တတ်တဲ့ သူငယ်ချင်းတွေ
"သင့်ကိုတန်ဖိုးထားလေးစားတဲ့ အသိုင်းအဝိုင်းမှာပဲ ရှင်သန်သင့်တယ်"
ဒါ့ကြောင့် အခုပဲ သူတို့ကိုထားခဲ့လိုက်ပါ။
Credit