published at :

            လူဆိုတာ ကိုယ်နှစ်သက်တဲ့အရာကို လုပ်ဆောင်နေရမယ်ဆိုရင် အခြားအရာတွေကို လုပ်ဆောင်ဖို့ သတိမေ့လျော့နေတတ်ကြပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေ ဆိုရင်လည်း ကိုယ်တာဝန် ကို အကောင်းဆုံးကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ကြိုးစားကြသလို ကိုယ်ရဲ့လက်ရှိအခြေအနေထက် ပိုမိုတိုးတက် အောင်လည်း လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်အတွင်း လုပ်ငန်းကျွမ်းကျင်သူနဲ့ မကျွမ်းကျင်သူကြားမှာ နေ့စဉ်အလုပ်လုပ်ကိုင်ကြပေမဲ့ ကွဲပြားတဲ့အချက်တွေ ရှိပါတယ်။

            လုပ်ငန်းကျွမ်းကျင်သူအများစုဟာ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်နေတယ်ဆိုပေမဲ့ အလုပ်လုပ် နေတယ်လို့ သဘောမထားတော့ဘဲ သူတို့ရဲ့ ကိုယ်ပိုင်ဘဝတစ်ခုကို တည်ဆောက်နေတယ်လို့ သတ်မှတ်လေ့ရှိပြီး ရှေရှည် လုပ်ကိုင် နိုင်မယ့်အစီအစဉ်မျိုးကို ရေးဆွဲထားလ့ရှိကြပါတယ်။စာဖတ်သူအနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်တယ် ဆိုရင်လက်ရှိအလုပ်ကိုဘာကြောင့်လုပ်ကိုင်နေရသလဲဆိုတာ ကိုယ်တိုင်စဉ်းစားရမှာဖြစ်ပါတယ်။တိကျသေချာ ကောင်းမွန် တဲ့ အဖြေတစ်ခုခု မရရှိဘူးဆိုရင် ဒီအချက်လေးတွေနဲ့ စစ်ကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ 

            (၁) လူအများစုဟာ တစ်ခါတလေမှာ လက်ရှိအလုပ်မှာ ပျော်ရွှင်ခြင်းမရှိတော့ပေမဲ့ အလုပ်လုပ်ကိုင်နေရတတ် ပါတယ်။ ဒါဟာတကယ်တော့မိမိရဲ့စိတ်ကိုအကောင်းဆုံးထိန်းချုပ်မဆုံးဖြတ်နိုင်တာဘဲဖြစ်ပါတယ်။လူငယ်တစ်ယောက် ဖြစ်လာ ပြီဆိုရင် ဘဝအတွက် ကောင်းမွန်တဲ့အလုပ်တစ်ခုကို လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ သဘာဝအနေဖြင့် လူတိုင်း ချမ်းသာ ချင်ကြပါတယ်။ဒါပေမဲ့ တစ်ချို့သောသူတွေသာ ချမ်းသာကြပါတယ်။လက်ရှိအလုပ်မှာ ပျော်ရွှင်မှုနည်းလာပြီဆိုရင် ငွေရေး ကြေးရေးအနေအထားကြောင့်လား၊ အလုပ်လုပ် ရာမှာ အဆင်မပြေမှုကြောင့်လား ဆိုတဲ့အဖြေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ 

            (၂) လူတိုင်းမှာ တန်ဖိုးတစ်ခုဆီရှိပါတယ်။ ကိုယ်ရဲ့တန်ဖိုးကို သူများမြှင့်တင်ပေးတာထက် ကိုယ်တိုင်မြှင့်တင်ဖို့ ကြိုးစား ရမှာပဲဖြစ်ပါတယ်။ အဲ့လိုကြိုးစားတဲ့အခါမျိုးတွေမှာလည်း ဘဝအတွက် အကျိုးရှိစေမယ့် ပေါင်းသင်း ဆက်ဆံရေး ၊ ပညာ ရေးနဲ့ အလုပ်အကိုင်စွမ်းဆောင်ရည်တွေကို ဟန်ချက်ညီအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့တန်ဖိုးမြှင့်လာလေလေ ကိုယ်ရဲ့ လူမှုဝန်းကျင်ဟာလည်း ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ 

            (၃) လက်ရှိအနေအထားမှာ သက်သောင့်သက်သာ အလုပ်လုပ်ကိုင်နေရတယ်ဆိုရင်တောင် မိမိဘဝတိုးတက်ဖို့ အခွင့်အလမ်းတွေရှိလားဆိုတာ ရှာဖွေရပါမယ်။အချို့သောသူတွေက လက်ရှိအလုပ်မှာ လက်ရှိရာထူးနဲ့ လက်ရှိ လုပ်ကိုင်နေရတဲ့အလုပ်ရဲ့ တာဝန်ကြောင့် မပျော်ပေမဲ့ အလုပ်ဆက်လုပ်နေကြတာမျိုးရှိပါတယ်။အဲ့လို အခြေအနေမှာ ကိုယ်ဟာ နောက် ၅ နှစ် သို့မဟုတ် ၁၀ နှစ်ကို မြင်ကြည့်ပါ။ လက်ရှိအနေအထားထက် များစွာပြောင်းလဲမှု မရှိဘူး ဆိုရင်တော့ ကိုယ်ရဲ့ အကြောင်းမဲ့အချိန်ဖြန်းခြင်းတွေကို ရပ်တန့်ပြီး ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

            (၄) ဖြတ်လမ်းကနေသွားတာမြန်မြန်ရောက်တယ်ဆိုပေမဲ့ ဘဝပန်းတိုင်ကိုသွားတဲ့လမ်းမှာတော့ ဖြတ်လမ်းက မသွားသင့်ပါဘူး။ အထပ်မြှင့်အဆောက်အအုံတွေဆောက်တဲ့အခါ အောက်ခြေခိုင်မာဖို့အရေးကြီးသလို ကိုယ်ရဲ့ ဘဝအတွက်လည်း အခြေခံအုတ်မြစ်တွေ ခိုင်မာစွာတည်ဆောက်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ဖတ်ဖူးတဲ့ စာအုပ် တစ်အုပ်ထဲကအဆိုအရ ဘဝမှာသင်ယူစရာဆိုတာ ကုန်ဆုံးသွားခြင်းမရှိသလို ဘယ်အရွယ်ထိပဲ သင်ယူရမယ်လို့ မရှိပါဘူး။ ကိုယ်အသက်ရှင်နေတဲ့ကာလတစ်ခုလုံး သင်ယူလေ့လာစရာတွေကို လုပ်ဆောင် နေရမှာပဲ ဖြစ်ပါတယ်။

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON