published at :

        အရောင်းဝန်ထမ်းတစ်ဦးရယ် ၊ ရုံးဝန်ထမ်းတစ်ဦးရယ် ၊မန်နေဂျာတစ်ယောက်ရယ် နေ့လယ်ထမင်းစားသွားတဲ့လမ်းမှာ ထူးဆန်းတဲ့အိုးလေးတစ်ခုကိုတွေ့တယ်။ အဲ့တာနဲ့ အိုးလေးကို ပွတ်ကြည့်လိုက်တော့ အိုးထဲကနေ ထူးဆန်းပြီး လိုတရဖန်ဆင်းပေးနိုင်တဲ့ နတ်သမီးလေးတစ်ပါး ထွက်လာတယ်။ နတ်သမီးလေးက “အသင်တို့ ၃ ယောက်ကြောင့် ကျိန်စာကနေ လွတ်မြောက်နိုင်ခဲ့လို့ အလိုရှိတဲ့ ဆုတစ်ခုဆီ တောင်းပါ ” လို့ ပြောတော့ …….

            အရင်ဆုံး အရောင်းဝန်ထမ်းက “ ကိုယ်ပိုင်လေယာဉ်ပျံ လိုချင်တယ် ” လို့ပြောတော့ နတ်သမီးက “ ပြည့်စေ ”လို့ ပြောလိုက်ပါတယ်။

            အဲ့နောက် ရုံးဝန်ထမ်းက “ ပြိုင်ကားတစ်စီးလိုချင်တယ် ” လို့ပြောတော့ နတ်သမီးက “ ပြည့်စေ ”လို့ ပြောလိုက်ပါတယ်။

            အဲ့လိုနဲ့ မန်နေဂျာ အလှည့်ရောက်လာပြီး နတ်သမီးက “ အသင် ဘာအလိုရှိပါသလဲ ” ဆိုတော့ မန်နေဂျာက “ ထမင်းစားချိန်ပြီးရင် သူတို့နှစ်ယောက်ကို ရုံးပြန်ရောက်စေချင်တယ် ” တဲ့ ။


Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON