published at :

             သက်သာချောင်ချိရေးဇုန် ဆိုတာကို မိတ်ဆွေမည်သို့ အဓိပ္ပာယ်သတ်မှတ်ပါသနည်း။ အဘိဓာန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရဤနေရာ သည်မိတ်ဆွေ၏ အရည်အချင်းများကို စမ်းသပ်မခံရဟု ဖော်ပြထားသည်။ဒုတိယ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် သက်သာချောင်ချိသောဇုန်သည် အသစ်တစ်ခုခု သို့မဟုတ် ကွဲပြားခြားနားသောအရာတစ်ခုခုကို ပြုလုပ်ရန်မလိုပါဟူသောနေရာ ကိုဆိုလိုခြင်းဖြစ်ပါတယ်။

            ဒီတော့ Comfort Zone ထဲကထွက်ဖို့ ဘာလုပ်ရမှာလဲ။

(၁) အကောင်းမြင်ပါ။

(၂) အသစ်တစ်ခုခုကို အမြဲသင်ယူပါ။

(၃) အကြောက်တရားတွေကို ရင်ဆိုင်ပါ။


(၁) အကောင်းမြင်ပါ။

            အကောင်းမြင်ခြင်းဆိုတဲ့ အရာကတော့ မိတ်ဆွေမှမဟုတ်ပါဘူး လူတိုင်းနီပါးလုပ်ဆောင်သင့်တဲ့ အရာဆိုလည်းမမှားပါဘူး။ နေ့တစ်နေ့မှာ မိတ်ဆွေကြုံတွေ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေရဲ့ ၁၀ ရာခိုင်နှုန်းကသာ ပတ်ဝန်းကျင်ကပြုလုပ်တာ ဖြစ်ပြီး ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက မိတ်ဆွေ ရဲ့အမြင်တွေနဲ့မိတ်ဆွေ ပြုမှုလိုက်တဲ့ အရာတွေဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေအကောင်းမြင်လေလေ မိတ်ဆွေအနေနဲ့ ပိုပြီးစိတ်ချမ်းသာရလေ ပာပဲ။  

(၂) အသစ်တစ်ခုခုကို အမြဲတမ်းသင်ယူပါ။

            ဒီနေရာမှာ မိတ်ဆွေတို့ရဲ့စီးပွားရေးတစ်ခုအတွက်သာမက မိတ်ဆွေ နှစ်သက်တဲ့ ဘယ်အရာမဆိုကို ဆိုလိုတာ ဖြစ်ပါတယ်။ မိတ်ဆွေဟာ ကျောင်းသားပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ဝင်နေတဲ့ ၀န်ထမ်းပဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းရှင်ပဲ ဖြစ်ဖြစ် အချိန်အားတိုင်း မိတ်ဆွေ အရင်ကမသိခဲ့တဲ့ အရာတွေကို လေ့လာနေသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခြားသူတွေထက်နှာတစ်ဖျား သာနေစေမှာဖြစ်ပါတယ်။

(၃) အကြောက်တရားတွေကို ရင်ဆိုင်ပါ။

           ကျွန်တော့် ငယ်ဘဝမှာ ကြောက်စရာတွေ အလွန်များပြားခဲ့ပါတယ်။ စင်ပေါ်ထွက် စကားပြောရမှာကြောက်တယ်။ ကျောင်းက ဆရာမတွေ ရိုက်ခံရမှာကြောက်တယ်။ အင်္ဂလိပ်လို ပြောရမှာကြောက်တယ်။ သွေးသံရဲရဲ မြင်ရင်လည်းကြောက်ပါတယ်။ အကြောက်တရားတွေ ကိုရင်မဆိုင်သရွေ့ ဘောင်ထဲမှာပဲနေရတာကို ကျွန်တော်နားလည်လာခဲ့တယ်။ ကျွန်တော့် ဆရာတစ်ယောက်က ပြောဖူးတယ် " မင်း အုန်းရည်သောက်ချင်ရင်တော့ အုန်းပင်တက်ဖို့ ကြောက်နေလို့ မရဘူးတဲ့" ။ ဒါနဲ့ ကျွန်တော်မလုပ်ရဲတဲ့ အရာတွေ ကိုအားတင်းပြီး လုပ်ခဲ့တယ်။ စင်ပေါ်တက်ရတာမကြောက်အောင် စင်ပေါ်ကိုသူများတွေထက်ဦးအောင် တက်ပြောလိုက်တယ်။ အင်္ဂလိပ်လိုပြောရမှာ ကြောက်လို့ မြို့ထဲရောက်ဖြစ်ရင် နိုင်ငံခြားသားတွေကို လိုက်ပြောဖြစ်တယ်။ ကျွန်တော် ကြောက်တဲ့အရာတွေ နည်းလာတော့ တော်ရုံတန်ရုံ ကိစ္စဆို ကျွန်တော် မတုန်လှုပ်တော့တာ ကိုယ်တွေ့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် မိတ်ဆွေရဲ့ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်း ပိုပြီးကျယ်လာပါလိမ့်မယ်။

              မိမိလုပ်ဆောင်နိုင်တဲ့ ပတ်ဝန်းကျင်ကျယ်လာလေလေ မိမိရဲ့ ဘဝမှာပိုပြီး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။


             

Author Picture.


Published

Proudly published with NyanCMS


×


ALL RIGHTS RESERVED © 2024 New Challenges
FOLLOW US ON